Chapter(8)

3.1K 613 40
                                    

Unicode~

Chapter(8) မင်းက ဘယ်သူ့ဘက်ကလဲ?
 
ကျီရွှမ်က သူ့လည်ချောင်းထဲက ဒေါသအခိုးအငွေ့တွေကို အတင်းမြိုချလိုက်ရတယ်။ ရှောင်ယွီက စွင်းဟောင်ထဲက အိတ်အကြီးကြီးကို မြင်ပြီး မေးတယ်။ "အို့၊ စွင်းဟောင်၊ ရှင့်အဖေအတွက် ဘာတွေ ယူလာတာလဲ?"

စွင်းဟောင်က အိတ်ကို ကြည့်ပြီး ရှက်ရွံ့စွာနှင့် ပြောတယ်။ "ဘာမှ မဟုတ်ပါဘူး။ ဒီရက်ပိုင်း ရာသီဥတုက အေးလာတယ်၊ ခင်ဗျားက ကွမ်းအတွက် အင်္ကျီအသစ်တွေ မဝယ်ပေးနိုင်ဘူးလေ၊ ဒါကြောင့် ခင်ဗျားမငြင်းလောက်ဘူးထင်ပြီး ကျွနိတော့်သူငယ်ချင်းနှင့် လုပ်ဖော်ကိုင်ဖက်အချို့ဆီက ဝတ်ပြီးသား အင်္ကျီအချို့ တောင်းလိုက်တာ။ ဒါပေမဲ့ အခုတော့.....ခင်ဗျားက ဒါတွေကို လိုတော့မယ်မထင်ဘူး။

ရှောင်ယွီက ကျီရွှမ်ကို ကြည့်ပြီး ပြောတယ်။ "အို့၊ ရှင်က အရမ်းစဉ်းစားပေးတတ်တာပဲ။ တစ်ယောက်သောသူလို မဟုတ်ဘူး"

ကျီရွှမ်က စိတ်ပျက်သွားတယ်။ သူက အပြစ်ရှိသလို ခံစားမိပြီး သူ့လက်ထဲက အိတ်ကိုမြှောက်ပြီး ပြောတယ်။ " ငါ ရှောင်ကွမ်းအတွက် အင်္ကျီအသစ်တွေ ဝယ်လာတယ်"

ရှောင်ရော့ကွမ်းက သူ့အဖေကိုကြည့်ပြီး သနားလာတယ်။ ဒါကြောင့် သူက ပြောလိုက်တယ်: "ဟုတ်တယ်၊ ဖေဖေ မျက်လုံးဖြူဝံပုလွေ က သားအတွက် အင်္ကျီတွေအများကြီး ဝယ်ပေးတယ်"

ရှောင်ယွီက ရှောင်ရော့ကွမ်းကို မေးတယ်: "ဦးလေးစွင်းက သားအတွက် အင်္ကျီတွေကို တစ်အိမ်တက်တစ်အိမ်ဆင်းလုပ်ပြီး ရလာခဲ့တာ။ သူက သူတို့တွေကို သားအတွက် ကျေးဇူးတင်ခဲ့ရပြီး ​ကျေးဇူး​ကြွေးတင်နေတယ်။ သားဖေဖေက ဒီလို ကိစ္စမျိုး လုပ်ပေးခဲ့လို့လား?"

ရှောင်ရော့ကွမ်းက အေးခဲသွားတယ်။ သူ ခဏလောက် စဉ်းစားပြီးတော့ စိတ်လှုပ်ရှားစွာ ပြောတယ်: " ဖေဖေ မျက်လုံးဖြူဝံပုလွေ က ဒါမျိူး မလုပ်ပေးဘူး။ ဦးလေးစွင်းက မိုက်လိုက်တာ"
သူက စွင်းဟောင်ကို မျက်ရည်တွေဝဲနေတဲ့ မျက်လုံးနှင့် ကျေးဇူးတင်စွာ ကြည့်နေတယ်။

ကျီရန်: "......" သေစမ်း

ပန်ကျန်းယဲ့: "......." ဟမ်? ဘာလို့ သူမပြောတာက အဓိပ္ပါယ်ရှိသလို ခံစားနေရတာလဲ?

ဗီလိန်လေးများ၏ မေမေဖြစ်လာရခြင်းအတွက် ရုန်းကန်ရမှုများ(Myanmar Translation )Where stories live. Discover now