(1)

9K 288 15
                                    

(Unicode)

အားလုံးရဲ့အမြင်မှာ အားကျရလောက်တဲ့ Sugar Daddy ကျနော့်မှာရှိတယ် ကျနော်ပြောပြီးပြီ "အားလုံးရဲ့အမြင်မှာ"ပါလို့ တကယ်တော့ ဦးကကျနော့်ကို အစေခံထက်မပိုဘူး ရှင်းရှင်းပြောရရင် sex servantပေါ့ဗျာ ဦးကကျနော့်ကို ကျနော့်ပါးပါးဆီကနေ ဝယ်ခဲ့တာ သိန်း15000နဲ့ပေါ့ ပါးကအစကတည်းကငွေမက်တယ်လေ ဒါမဲ့ဒါပါးအပြစ်မှမဟုတ်တာ ကျနော်5နှစ်သားကတည်းက မားကပါးကိုပစ်ပြီးထွက်သွားခဲ့ပြီ မားအပြစ်လို့လည်းမဆိုချင်ပြန်ဘူး ဘယ်သူကဆင်းရဲတာကို ခံစားချင်ပါ့မလဲ အထူးသ‌ဖြင့် မားကိုသူဌေးသမီးတစ်ယောက်လိုပေါ့ ပါးနဲ့ချစ်ကြိုက်ပြီး မခွဲနိုင်လို့ ခိုးရာလိုက်ပြေးခဲ့တယ် အစကတော့ မားကရောင့်ရဲတင်းတိမ်နိုင်ခဲ့တယ် ဒါမဲ့ကြာတော့မခံနိုင်တော့ဘူးထင်ပါရဲ့ဗျာ မားက သူ့မိဘတွေလာခေါ်တော့ တစ်ခါတည်းပြန်လိုက်သွားပါလေရော ကျနော်အသက်10နှစ်မှာသိခဲ့ရတာက မားကသူ့မိဘ‌တွေစိတ်တိုင်းကျ ‌သူဌေးသားတစ်ယောက်နဲ့အိမ်ထောင်ပြုသွားပြီတဲ့ အဲ့သူဌေးမှာလူပျိုပေါက်သားတစ်ယောက်ရှိတယ်ဆိုပဲ ရပါတယ် ကျနော်ကျေနပ်ပါတယ် မားသာပျော်ရွှင်ရင် ကျနော်ကျေနပ်ပါတယ် ပါးလား ပါးကတော့အရက်သမားလုံးလုံးဖြစ်ပြီး အလောင်းကစားတွေအရမ်းလုပ်ပြီး ပျက်စီးသွားပြီပေါ့ဗျာ ကျနော်ကတော့ကျောင်းပြီးအောင်တက်ဖို့အရေး ပါးမသိအောင် အလုပ်လုပ်ရင်း ကျောင်းတက်ရတာပေါ့ဗျာ ကျနော်တက္ကသိုလ်ရောက်တော့ ပါးကကျနော့်ကိုဦးဆီရောင်းပစ်ခဲ့တယ် ဒါမဲ့သိပ်မကြာပါ ပါးဆုံးသွားတယ် သက်ဆိုးမရှည်ဘူးပေါ့ဗျာ ဦးကပြောတယ် ကျောင်းဆက်ထားပေးမယ်တဲ့ အပေးအယူနဲ့ပေါ့ဗျာ ကျနော်ကျောင်းဆက်တက်ချင်တယ် ကျောင်းပြီး ဘွဲ့ယူပြီး မားကိုလိုက်ရှာချင်တယ် ပြီးတော့မားသားကဒီလိုတော်တယ်လို့ အားရပါးရအော်ပြီး ပြေးဖက်ချင်သေးတယ် အာ့ကြောင့်ကျနော်ဦးပြောတဲ့ "ကျောင်းတက်ချင်ရင် ငါ့ရဲ့sex servantလုပ်ရမယ်" ဆိုတာကိုကျနော်လက်ခံခဲ့တယ် ကျနော့်ဦးက Xiao international jewel Companyရဲ့ CEO Xiao Zhanပေါ့ဗျာ ပြောရဦးမယ် ကံကြမ္မာက အရမ်းဆန်းကြယ်တယ် ဦးလွန်စွာမုန်းတီးနေတဲ့ ဦးရဲ့မိထွေးက ကျနော့်အရမ်း‌တွေ့ချင်‌နေတဲ့ကျ‌နော့်မားဗျ ကျနော်ထိတ်လန့်သွားခဲ့တယ် တစ်ချိန်တည်းမှာကျနော်သိလိုက်ရတာက ဦးကမားကိုအနိုင်လိုချင်လို့ ကျနော့်ကိုဝယ်ခဲ့တာတဲ့ ရက်စက်လိုက်တာဗျာ ဘာလို့ကျနော်မှလည်း ကျနော့်မှာဘာအပြစ်ရှိလို့လဲ ကျနော်မွေးဖွားလာတာကအပြစ်လားဗျာ

~အစေခံ~ ~အေစခံ~ Where stories live. Discover now