(12)

2.7K 124 6
                                    

(Unicode)

ဒီနေ့ ရှောင်းရိလေးရဲ့မွေးနေ့ ရှောင်းရိလေးတောင်4နှစ်ပြည့်ခဲ့ပြီ ဒီနှစ်မွေးနေ့ကိုလည်း ခါတိုင်းလိုပဲ အိမ်မှာတင်ချက်ပြုတ်ပြီး ရင်းနှီးတဲ့မိတ်ဆွေတွေကိုဖိတ်ပြီး ပါတီအသေးစားလေးလုပ်မယ်လေ ချူမန့်ကတော့ သူမရဲ့မြေးလေးမွေးနေ့မို့ ပြုံးပျော်စွာ ချက်ပြုတ်နေတာပေါ့ ရှောင်းကျန့်ကတော့ ညနေပွဲအမှီ အလုပ်တွေကြိလက်စသက်ရမှာမို့ ဒီနေ့မနက်အစောကြီးကတည်းက ရုံးသွားပြီ ဒီနေ့အကုန်လုံး ပျော်ရွှင်နေသလောက် ရိပေါ်မှာတော့ ရိရိ(ရှောင်းရိကိုရိရိလို့သုံးပါတော့မယ်နော်)အခန်းထဲတင်တိုင်ပတ်နေတယ်

'သား ရိရိ လာပါအကျီလဲရအောင်ပါ'

'ဟင့်အင့် ဟင့်အင့် ယွီယွီကြွေသွားမဲ့ ဟိုအကျီပဲဝတ်မှာ'

ကဲ ကြည့် သားကယွီယွီကို သံယောဇဉ်အရမ်းရှိတာ ယွီယွီကသားထက်တစ်နှစ်ငယ်တယ် သူ့မိဘတွေက ဟီးးးး ပြောလိုက်ရင်အံ့ဩသွားမလားပဲ အကိုယွီပင်းနဲ့စစ်ကျွေးတို့ရဲ့သားလေးလေ အကိုယွီပင်းတို့က ကျနော် သားလေးမွေးပြီးမကြာပါ လက်ထပ်လိုက်ကြတယ်လေ ကျနော်ကတော့ သားလေးကြောင့် သူတို့ကိုသွားပြီး ဂုဏ်ပြုမပေးလိုက်ရဘူး ဦးကတော့ သွားတယ်လေ အကိုစစ်ကျွေးက ဆရာဝန်လေ ဆရာဝန်တောင်မှ သားဖွားမီးယပ်အထူးကုနော် အာ့ကြောင့် သူတို့ဆေးပညာနဲ့ သားလေးတစ်ယောက်ရအောင်ယူခဲ့တယ် သူတို့မွေးတဲ့သားလေးနာမည်က ယွီအန်းတဲ့ အားလုံးကတော့ ချစ်စနိုးနဲ့ ယွီယွီပဲခေါ်ကြတယ် အဲ့တာကလည်း သားရိရိကစတာပါပဲ ယွီယွီလေး1နှစ်မှာ ပထမဦးဆုံး ကျနော်တို့အိမ်လာလည်တယ် 2နှစ်သားလေး ရိရိကို သား ဒါသားညီလေး ယွီအန်းလို့ မိတ်ဆက်ပေးလိုက်တာ မပီတပီနဲ့ ယွီယွီ ယွီယွီပဲ ခေါ်နေလို့ ကျနော်တို့အားလုံးလည်းယွီယွီလို့သာခေါ်ကြတော့တာ

'ပါပါး သားမဝတ်ဘူးနော် ယွီယွီကြွေစေတဲ့ အဲ့အကျီမှမဝတ်ရရင် ဘာမှမဝတ်ဘူး '

'ဟာ ရိရိ မင်းတော်တော်လက်ပေါက်ကပ်တာပဲ ခုမှ ရေချိုးပြီးတာလေ အဲကွန်းကဖွင့်ထားသေး အအေးပတ်လိမ့်မယ် လာ ဒါလေးခဏပဲဝတ် ညနေမှ Daddyဝယ်ပေးတဲ့ အဲ့အကျီ ဝတ်ပေးမယ်လေ နော် လာ '

~အစေခံ~ ~အေစခံ~ Where stories live. Discover now