(9)

3.1K 158 5
                                    

(Unicode)

ကျနော် ကိုယ်ဝန်7လရှိနေပြီ အာ့ကြောင့်လစဉ်ဆေးစစ်ရတာမို့ ဒီနေ့အကိုဇီရွှမ်းနဲ့ ဆေးရုံသွားတာ ပြန်လာတော့ အိမ်ရှေ့မှာ ကားအကောင်းစားတစ်စီတွေ့လိုက်ရတယ် ကျနော်စိတ်ထဲ ဦးများလားဆိုပြီး တွေးမိပင်မဲ့ ဦးကဘယ်လိုလုပ်ကျနော့်ကိုလိုက်ရှာမှာလဲ မမအသိတစ်ယောက်နေမှာပါလေဆိုပြီး ကျနော်အိမ်ထဲဝင်ခဲ့တယ် မမကိုအိမ်ရှေ့မှာတွေ့လို့ ဘယ်သူရောက်နေတာလဲလို့ လှမ်းမေးလိုက်ပင်မဲ့ မမရှေ့မှာ ဒူးထောက်နေသူကကျနော့်ဘက်လှည့်လာခဲ့တယ် ဟုတ်ပါတယ် ဦးပါ ဦးမှဦးအစစ်ပါ ဦးကဘယ်လိုလုပ်ရောက်လာတာလဲ ကျနော်ပဲအမြင်မှားနေတာလား ဦးကကျနော်ဆီလျှောက်လာနေတယ် ပြီးတော့ကျနော့်ကို ဝမ်ငယ်တဲ့ ဒါဆိုသေချာပါပြီ ကျနော်ထင်ယောင်ထင်မှားဖြစ်နေတာပါ ဦးကျနော့်ကို လာဖက်တယ် ဒါဆို ဒါဦးအစစ်လား ကျနော်ထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်ဘူးလား

ကျနော်ရင်းနှီးတဲ့အသံလေးကြောင့် လှည့်ကြည့်လိုက်တော့ တကယ်ပဲဝမ်ငယ်ဖြစ်နေတယ် အာ့ကြောင့်ကျနော် ဝမ်ငယ့်ဆီကို လျှောက်သွားနေပင်မဲ့ ဝမ်ငယ်ကကျနော့်ကို ကြောင်‌တောင်တောင်လေးကြည့်နေတယ် ကျနော်အရမ်းလွမ်းနေရတဲ့ ဝမ်ငယ်ကိုပြေးဖက်လိုက်တယ် ဒါမဲ့ဗိုက်ကလေးက ခံနေတော့ သိမ်းကျုံးပြီးဖက်လို့တော့ မရဘူးပေါ့ဗျာ ဝမ်ငယ်က ခုထိတောင့်တောင့်ကြီး ရပ်နေတုန်း

'ဒီမှာ ခင်ဗျားဘယ်သူလဲ ဘာလို့ ညီကိုဖက်တာလဲ ရန်းလီဒါဘယ်သူတုန်း'

'အဲ့ဒါ ရှောင်းကျန့်ပဲအကို'

'ဘာ.....!!!!!!!'

'ဟေ့ကောင် မင်းခုလွှတ် ညီကိုလွှတ် လွှတ်လို့ပြောနေတယ်လေ ဟာကွာ.....'

ခွပ် ခွပ် ခွပ်

ဇီရွှမ်းလွှတ်ခိုင်းနေတာကို မလွှတ်တော့ စိတ်မရှည်တော့တာမို့ ရှောင်းကျန့်ကို လက်မောင်းကနေဆွဲကာ သုံးချက်ဆင့်ထိုးလိုက်တယ်

'မင်း ဘာကိစ္စပေါ်လာပြန်တာလဲ ဟမ် ညီ့ကိုဒုက္ခပေးလို့ အားမရသေးတာလား ဒါမှမဟုတ် ညီက မင်းဝယ်ထားတာမို့ မင်းအပိုင်ဆိုပြီး လာခေါ်တာလား ဟမ် မင်းညီ့ကို ဘယ်လောက်နဲ့ဝယ်ထားတာလဲ ငါပြန်ဆပ်မယ် မင်းညီ့ကို အလွတ်ပေးပါတော့ကွာ ညီအရမ်းပင်ပန်းနေပြီ'

~အစေခံ~ ~အေစခံ~ Where stories live. Discover now