sweeter than ice-cream

22 5 0
                                    

မျက်စိအေးစေသေါ အပြာရင့်ရောင် Wallpaper နှင့်
ပင်လယ်အတွင်းသို့ ရောက်ရှိသွားသည့်အလား ခံစားရစေသည့် ရေခဲမုန့်ဆိုင်လေး ။ ဆိုင်ခန်းအနေအထားအရ မကျယ်လွန်းမကျဉ်းလွန်း
အနေအထားရှိနေသော်လည်း အခင်းအကျင်း ၊ ပစ္စည်း ၊
အပြင်အဆင် များသည် အခြားဆိုင်များထက် ပို၍
သပ်ရပ်သားနား သည် ။

ချိုမြ လတ်ဆတ်၍ လျှာအတွင်းမှ နှလုံးသားထဲအထိ
ပျော်ဝင်သွားစေသော အမျိုးစုံသော ရေခဲမုန့်များအားလုံးသည် အသက် ၂၀ကျော်အရွယ်ရှိ
ဆိုင်ရှင်ကောင်လေး တစ်ယောက်တည်း လုပ်ထားသော
ရေခဲမုန့် များသာ ဖြစ်သည် ။ အခြားသူများထက် ဖြူသော
အသားရည် နှင့် ရှည်သွယ်သော ခန္ဓာကိုယ်သည် လည်းကောင်း ၊ ကြည်လင်သော မျက်နှာထက်ရှိ ဘယ်ဘက်ပါးဧ။် ပါးချိုင့်လေးသည်လည်းကောင်း ၊
ဖော်ရွေလွန်းသော အမူအရာသည်လည်းကောင်း
ဖြတ်သွားဖြတ်လာ ဝယ်သူများအား ဆွဲဆောင်လျက်
ရှိသော အချက်ပင် ဖြစ်သည်။

"မင်္ဂလာပါခင်ဗျာ...ဘာရေခဲမုန့်ယူပါမလဲ.."

လူရှင်း၍ တိတ်ဆိတ်ပူလောင်သော နေ့လည်ခင်းတွင်
၁၆နှစ်အရွယ် လူငယ်လေးတစ်ဦးသည် ပင်ပန်းနွမ်းနယ်ဟန်ဖြင့် ဆိုင်အတွင်းသို့ တလှမ်းချင်းဝင်လာသည် ။ မှန်နံရံတစ်ခုသာ ခြားထားသော
ဆိုင်အပြင်ဘက်သည် ဆိုင်အတွင်းနှင့်ခြားနားစွာ
ပူလောင်လျက်ရှိသည် ။ ထို့ကြောင့် လူငယ်လေးဧ။်
မျက်နှာသည် အနည်းငယ်ဖြူလျော့ကာ အားနည်းနေဟန်
ရှိသည်။ သူဧ။် မျက်လုံးများသည် ငိုယိုထားသည့် အတိုင်း
နီရဲမို့အစ်နေသည် ။ ထိုကလေးအား သူယခင်ကတည်းက
သတိထားမိပါသည် ။ အမြဲတမ်းပြုံးနေသော ကောင်လေးတစ်ယောက် ဖြစ်သည် ။ သို့သော် ယခုပုံစံအား လုံးဝ မမြင်ဖူးချေ ။

သာမာန်အရပ် ၊ သာမာန်ခန္ဓာကိုယ်နှင့် လူငယ်ကောင်လေးသည် လူငယ်ဆန်ဆန် အနက်ရောင်ချည်ဘောင်ဘီရှည် နှင့် အဖြူရောင်ရှပ်အင်္ကျီအား ပေါ့ပါးစွာ ဝတ်ထားသည် ။
ကျောင်းဖွင့်ရက် မဟုတ်သော်လည်း အညိုရောင်အကြီးစား
လွယ်အိတ်ကြီးတစ်လုံးအား ပိုက်လာသည် ။သူဧ။်
အမေးစကားကိုပင် မကြားဟန်ပြုကာ ခုံတစ်လုံးတွင်
ဝင်ထိုင်နေသည် ။

Pieces of thought Where stories live. Discover now