Chapter ( 1 )

18.4K 515 3
                                    

🖤Vampire ခြွေတဲ့အနမ်းကြမ်း🖤

                    Part 1

🖤…^~🖤…^~🖤
ခြောက်သွေ့သွေ့ သစ်ရွက်များကိုကြည့်ကာ
မျက်ရည်တွေနဲ့ လက်က ကြိုးကို ပါးစပ်နဲ့
ကိုက်ဖြုတ်နေသည်။

"အီး...ဟီး...ဟင့်''

ကျယ်လျားတဲ့အခန်းထဲ ငိုသံစူးစူးလေးတစ်ကြောင်း
ဆာထွက်နေသည်။
တစ်ရွက်ချင်းကြွေသွားတဲ့ သစ်ရွက်တွေတောင်
မြေပြင်ပေါ်လွတ်လပ်စွာကြွေကျခွင့်ရှိတယ်
သူကတော့ အချုပ်အနှောင်အောက်ပြားပြားဝပ်
ငိုယိုနေရသည်အတိ...

သေးသွယ်တဲ့ခြေထောက်လေးတွေလှုပ်လိုက်တော့
လွတ်လွတ်လပ်လပ် ရုန်းခွင့်မရှိအောင်
သားရေ ကြိုးတွေနဲ့ပိတ်တုတ်ခံထားရပြန်၏။

"တောက်!!''

ဘယ်ကောင့်လက်ချက်လည်း မသိပေ
လူကို တရိစ္ဆာန်သဖွယ် တုတ်နှောင်ထားလိုက်ပုံများ
မစာမနာလှ...

၁၇နှစ်သာရှိသေးတဲ့ သူ မြန်မာပြည် ပြန်ရောက်တာ
တစ်လတောင်မပြည့်သေးပါဘူး...
ဘယ်လိုရန်သူမျိုးက အခုလိုရက်စက်လိုက်ပါလိမ့်...
တစ်ယောက်ထဲ အေးဆေးနေတက်တဲ့ သူ့ကိုသူ
သေချာ ပြောနိုင်တာက ရန်သူမရှိမိတ်ဆွေသာရှိသည်။

မွေးထဲက အားနည်းတက်တဲ့ လူငယ်လေး
မျက်ရည်များနဲ့ကလေးတစ်ယောက်လို
အော်ဟစ်ငိုယိုအကူအညီ​တောင်းပေမဲ့
အခန်းစောင့်နတ်များတောင် မကူ...

သိပ်မကြာခင် ကျွီး ခနဲ တံခါးဖွင့်သံနဲ့အတူ
အနက်ရောင်ဝတ်စုံ နဲ့ မတိုမရှည်ဆံပင်တွေ
မျက်နှာပေါ်ရှုပ်ရှ​က်ခက်အာင် ကျနေကာ
အဝေးက မြင်နေရတာ သူ့လက်ထဲ စီးကရတ်
တစ်လိပ် လက်ကြားညှပ်ထားသည်။

မျက်ရည်တွေနဲ့မို့ မြင်ကွင်းကမရှင်းလင်းချေ။
မျက်တောင်တစ်ပုတ်ပုတ် ခတ်နေတုန်း
ဘယ်လိုအနားရောက်လာလဲမသိတဲ့ လူက
သူ့ ဒူးခေါင်းပေါ် လက်ဝါးတစ်ဖက်တင်၍
သူ့ကိုယ်ပေါ်လွှာတော့မတက် နီးနီးကပ်ကပ်
စိုက်ကြည့်လေသည်။

ချက်ချင်းကြီးဆိုတော့ ကြောင်သွားပေမဲ့
သတိဝင်ဝင်ချင်း ဆက်ခနဲလှဲချမိသွားရာ
သူနဲ့ဝေးသွားသည်ဆိုသော်လည်း ပက်လက်လေး
ဖြစ်သွား၏။

Vampire ခြွေတဲ့ အနမ်းကြမ်းWhere stories live. Discover now