Chapter ( 10 )

4.9K 154 0
                                    

🖤Vampire ခြွေတဲ့အနမ်းကြမ်း🖤
                    Part 10

🖤…^~🖤…^~🖤
စူးရှတဲ့နေရောင်ရဲ့အလင်းတန်းစူးစူးသည်
နုနယ်တဲ့မျက်နှာလေးပေါ်မညှာမတာထိုး
ကျနေခဲ့သည်။ထိုအလင်းစူးစူးကြောင့်
မျက်ခွံလေးလှုပ်လီလှုပ်လဲ့ပွင့်နဲ့လေဖျင်းစွာ
ပွင့်လာခဲ့၏။ကိုယ်လုံး​လေးကို ဟိုရွှေဒီရွှေ့
ရွှေ့ကြည့်ပေမဲ့ တစ်စုံတစ်ခုခုနဲ့ချုပ်နှောင်
ထားသလို လှုပ်မရ၍ ကျစ်တစ်ချက်သတ်ကာ
ထိုချုပ်နှောင်ထားတဲ့အရာကြီးဆီ စိတ်ရှုပ်ရှုပ်နဲ့
ငုံ့ကြည့်လိုက်ရာ လေးနေတဲ့မျက်လုံးလေး
ချက်ချင်းပြူးထွက်သွားသ​ည်။

"ဟင်...ဒယ်...ဒယ်ဒီ..''

ဆောင်ကိုဖယ်ပြစ်လိုက်တော့
နှစ်ယောက်လုံးဝစ်လစ်စလှစ်
ဖြစ်နေခဲ့ကာ မျက်တောင်လေးတောင်
မခတ်မျက်နှာကျက်ကို ပြူးပြီး
ကြည့်ရင်း...အင်း ခနဲ အသံနဲ့
လှုပ်လီလှုပ်လဲ့လာတဲ့ သူ့ကြောင့်
မျက်လုံးလေးထောင့်ကပ်ကာ
ကြည့်သည်။

ဘုရားရေ မနိုးလာပါစေနဲ့...
ငါတို့ညက ဘာမှမဖြစ်သွားဘူးမလား
ဟုတ်တယ်...ဟုတ်တယ်

ညက အဖြစ်လေးကိုပင် ချက်ချင်း
မေ့သွားခဲ့ကာ နှုတ်ခမ်းလေးဖိစေ့ရင်း
မျက်လုံးလေးအသကုန်ဖိမှိတ်ထား
လိုက်၏။

သူ့လက်ပေါ်က ခေါင်းလေးကို သူ့ဘက်ထပ်တိုး
ဆွဲလိုက်တော့ ရင်ခွင်ထဲပိုတိုးဝင်လာခဲ့သည်။
လက်နှစ်ဖက်လုံးနဲ့ အတင်းဖိဖက်လိုက်တော့
တစ်ကိုယ်လုံးသိမ်းကျုံးကာ ရင်ခွင်ထဲရောက်သွား၏။
သူ့ရင်ခွင်ထဲ နစ်မြုပ်သွားတဲ့ကိုယ်လုံးသေးသေး
လေး ဘယ်လိုမှရုန်းထွက်မရပါ။

လှုပ်ယမ်းပြီးတော့မှပြန်လည်ငြိမ်သက်သွားတဲ့
ဒယ်ဒီ ကို ရင်ခွင်ထဲကနေ မျက်လွှာလေး
ပင့်ကြည့်သည်။

သူ့ရင်ဘက် မို့မို့ကို လက်နဲ့ထောက်ပြီး
အသာကျုံးရုန်းထလိုက်စဥ် မထင်မှတ်စွာ
ဆွဲဖက်လိုက်တဲ့ သူ့ကြောင့် အင့်ခနဲ သူ့ရင်ဘက်
ပေါ် နှုတ်ခမ်းလေးနဲ့ဖိကပ်သလိုကျသွား၏။

"အ့...ကျစ်''

မျက်မှောင်လေးကျုံ့လိုက်ပြီး
မကျေမနပ်နဲ့မျက်စောင်းလေး
ထိုး၍ အတင်းပြန်ကျုံးထရာမှာတော့...

Vampire ခြွေတဲ့ အနမ်းကြမ်းWhere stories live. Discover now