Part(3)

2K 75 4
                                    

Unicode+ Zawgyi

🌺ရင်၌ချည်နှောင်သော အတ္တ🌺

           🌸အပိုင်း(၃)🌸

~❤~❤~❤~❤~❤~❤~❤~

ပန်းကိုပွဲစျေးနေရာအစုံလိုက်ပို့ပေးပေမဲ့...စိတ်ထဲ တစ်ခုခုကိုမေ့နေသလိုနဲ့ နေရခက်သလိုရှိသည်။

မေ့တယ်ဆိုတာထက် မေ့ထားတယ်ဆိုတာက ပိုမှန်ပါ့လိမ့်မည်။

ပန်းဖုန်းခဏပြောနေချိန်တွင်...ရုတ်တရက်ကြီး မိုးပြောတဲ့စကားတွေကြားယောင်လာမိ၏။

*ပိုင် မနက်ဖြန်တစ်နေကုန် အားတယ်မလား*

*အင်း ကျွန်တော်သွားစရာရှိတယ် ညတော့မိုးမချုပ်ပါဘူး*

*အင်း ပိုင်ပြန်လာတာကိုမိုးစောင့်နေမယ်*

*စောင့်နေမယ်*

စောင့်နေမယ်...

ဟာ.....ဒီနေ့.... သခင်မလေးရဲ့မွေးနေ့...

ပိုင့်ခြေလှမ်းတွေကို အလန့်တကြားရပ်မိသွားရ၏။

နှစ်တိုင်း သခင်မလေးရဲ့မွေးနေ့ကိုရှောင်နေကြဖြစ်၍ မေ့ထားမိတာဖြစ်သည်။ သို့သော်...

သခင်မလေးရဲ့အသိုင်းအဝိုင်းကို...မျက်နှာချင်းမဆိုင်ချင်၍ မွေးနေ့ပွဲကိုရှောင်ခဲ့ပေမဲ့ အခုက မျက်နှာချင်းဆိုင်စရာမှမလိုတော့တာ။ သူနဲ့သူမကလက်ထပ်ပြီးပြီပဲ။

ပိုင်နဲ့ပတ်သတ်လာရင်ခေါင်းမာလွန်းတဲ့မိုးက ပိုင်ပြန်လာတဲ့အထိစောင့်ပြီး...ပိုင်နဲ့အတူတူမွေးနေ့လုပ်ချင်လို့ဆိုပြီး ပိုင့်အခန်းရှေ့မှာစောင့်နေကြ။

မိုးစောင့်နေပေမဲ့ အခုချိန်ထိ ပိုင်နဲ့အတူတူ မိုးမွေးနေပွဲမလုပ်ဖူးပါ။

ဒါဆို အခုရော သခင်မလေးကစောင့်နေမှာပဲ။

"ကျွန်တော်ပြန်တော့မယ်"

"ဟင် ပိုင် ခဏ ခဏလေးလေ..."

ပန်း အိမ်ကဖုန်းလာလို့ ခဏသွားပြောနေတုန် ပန်းပြန်လာတော့ ချက်ခြင်းကြီးပိုင်က ပြန်ဖို့ပြောနေတာ။
မဟုတ်မှ အလင်္ကာမိုးစောင့်နေတာကို ပိုင်သိသွားပြီလား...?

~~~~~~~~~~~~~🌺🌺🌺

တီ.....တီ.....

ကားဟွန်းတီးသံတို့ ရပ်တန့်သွားပြီးတဲ့နောက်...
သိမ်းဆည်းနေဆဲဖြစ်တဲ့ စားသောက်စရာ၊ ဝိုင်နဲ့ မွေးနေ့ကိတ်လှလှလေးက...ပိုင်ရှင်ကိုစောင့်မျှော်နေသယောင်....ဒါပေမဲ့ ရောက်မလာခဲ့ရှာပါဘူး သူတို့အကုန်အကောင်းတိုင်းရှိနေတုန်းလေ။

ရင်၌ချည်နှောင်သောအတ္တ/ရင်၌ချည်နှောင်သောအတ္တ[Completed]Where stories live. Discover now