Part(5)

1.9K 79 2
                                    

Unicode+ Zawgyi

🌺ရင်၌ချည်နှောင်သော အတ္တ🌺

🌸အပိုင်း(၅)🌸

~❤~❤~❤~❤~❤~❤~❤~

"မမ ဆုံးဖြတ်ချက်ကိုမပြင်တော့ဘူးလားဟင်"

"ဟင့်အင်း မဟုတ်ရင် မိုးမှာကိုယ်ဝန်ရှိတာ သူသိသွားမှာ...ပိုင်သိရင် ပန်းအိမ်အတွက် ဟင့်အင်းမဖြစ်ဘူး "

"မမ တစ်ခါတစ်လေလေးတော့ ကိုယ့်အတွက်ကိုတွေးပါအုံးလား အကို့အတွက်ကြီးပဲ တွေးမနေနဲ့ ပြီးတော့ မွေးလာမဲ့ မမရဲ့ကလေးအတွက် ဖခင်ဆိုတာလိုအပ်တယ်လေ"

"ဒါဆို ပန်းအိမ်ကရော ပန်းအိမ်အတွက်ကပိုလိုတယ်စုစု မမမှာ စုစုတို့ကိုတိမ်တိုက်တို့ရှိတယ် ပန်းအိမ်မှာက ပိုင်တစ်ယောက်တည်းရှိမှာ ပြီးတော့ လက်မထပ်ရသေးတဲ့မိန်းကလေးတစ်ယောက် သူပတ်ဝန်းကျင်ကိုဘယ်လိုရင်ဆိုင်မှာလဲ"

"စုစုလေ အမှန်တိုင်း‌ပြောရရင် အဲ့အမမှာ ကိုယ်ဝန်ရှိတာ မယုံဘူး အစကတည်းက အကိုနဲ့မမကိုခွဲနေတာ ဒါကလည်း လုပ်ကြံတာပဲ ဖြစ်..."

"တော်တော့စုစု ဘယ်လိုဘဲဖြစ်ဖြစ် သူတို့နှစ်ယောက်က အစကတည်းကပေါင်းသင့်တာပဲလေ မမကဝင်ရှုပ်ခဲ့တာ...မမအသိတရားရသင့်ပါပြီ"

"မမရယ် ဒါဆို...စုစုရောလိုက်ခဲ့မယ်လေမမအဖော်ရအောင်"

"စုစုကဒီမှာလုပ်စရာတွေရှိတယ် ပြီးတော့ ကိုတိမ်တိုက်ကိုလည်း မခွဲနိုင်ဘဲနဲ့"

"ဟာ မမကလည်း "

"အဟင်း စုစုဘာမှစိတ်မပူနဲ့ အဝေးမှာလည်း အဆင်‌ပြေမှာပါ..."

"ဟုတ် မှန်မှန်ဖုန်းဆက်နော်....."

"အင်းပါ"

ဘာမှ‌ပြောမရတဲ့အဆုံး....စုစုလက်လျော့လိုက်သည်။

စုစုဘေးကနေကြည့်ပြီး စဉ်းစားမိသည်။ ဘာလို့ ချစ်ရဲ့သားနဲ့ ဒီလိုဝေးကွာနေရတာလဲ။ အကိုက မမကိုချစ်ပေမဲ့ မာနကထိခိုက်မခံ။

မမကလည်း အကို‌‌ဘက်ကတွေးပေးလွန်းတော့ ...
ဘယ်လိုလုပ်ရမလဲ စုစု ကြားထဲကဘာလုပ်ပေးရမလဲဆိုတာ မစဉ်းစားတတ်တော့ဘူး။

ရင်၌ချည်နှောင်သောအတ္တ/ရင်၌ချည်နှောင်သောအတ္တ[Completed]Where stories live. Discover now