အပိုင်း(တစ်)unicode only

2.8K 58 1
                                    

   အရှိန်အလွန်ပူပြင်းနေသောနေရောင်တစ်ချို့ကြောင့်...ဆောက်လုပ်ရေးအလုပ်ခွင်ထဲရှိအလုပ်လုပ်နေကြသူတစ်ချို့များနှင့်တကွ နှင်းဖြိုးပွင့်တို့ ခေါင်းဆောင်များသည်လဲ ပူအိုက်သွားကြလေသည်၊၊
"အားပါးပါး ဒီနေ့ နေ့ခင်းနေက တော်တော်ပြင်းလိုက်တာ(နေပူပြင်းတာကို သုံးတာပါ)''
"ဟုတ်တယ်နော် တူမကြီးဖြိုး....ဒီနေ့ တော်တော်ပူတယ်၊ တော်သေး ဒီနေ့က အလုပ်ခွင်ရဲ့နောက်ဆုံးနေ့လေးမို့လို့.... မကြာခင်ပြီးတော့မှာပါ တူမကြီးရယ်.....၊၊''
"သမီးသည်းခံပါတယ် ဦးလေး မိုး....သြော်ဒါနဲ့လေ...သမီးကို လာကြိုခိုင်းလိုက်တာလား မေမေက...၊၊''
"ဟုတ်တယ် သမီးရေ...နင့်မေမေက ကြိုခိုင်းလိုက်တာငါ့ကို...ကဲပါ ဒါဆို ဦးကားပေါ်မှာ စောင့်နေမယ် ငါ့တူမကြီး... အလုပ်ပြီးရင် လာခဲ့နော်....''
"ဟုတ်ကဲ့ပါ ဦးလေးမိုး''
       (နှင်းဖြိုးပွင့် ငယ်ဘဝသို့နောက်ကြောင်းပြန်ခြင်း)၊၊
ဖြိုးငယ်ငယ်လေးတုန်းက မိသားစုသုံးယောက်....ဖေဖေရယ် မေမေရယ် ကျွန်မရယ်...နောက် ကျွန်မက တစ်ဦးတည်းသောသမီးလေးမို့လို့ မိဘနှစ်ပါးလုံးက တအားချစ်ကြသည်၊၊ဖေဖေသည် အင်ဂျင်နီယာ ဖြစ်၍ မေမေသည် အေတီအမ် ဘဏ်ဝန်ထမ်း ဖြစ်သည်၊၊ဖေဖေသည် မန္တလေးသားဖြစ်၍ မေမေသည် ရန်ကုန်သူဖြစ်သည်၊၊ကျွန်မကိုလဲ ရန်ကုန်မှာပဲ မွေးခဲ့သည်၊၊ကျွန်မ မူကြိုတက်ရောက်အောင်မြင်ပြီးသွားခဲ့၍ အထက(2)ဗဟန်းတွင် ဆယ်တန်းကို
ကျွန်မ အသက် ငါးနှစ်အရောက်တွင် မထင်မှတ်ထားသည့် ကံကြမ္မာဆိုးကြီး မုန်တိုင်းသည် ကျွန်မတို့၏ မိသားစုလေးထဲသို့ ဝင်ရောက်လာသည်၊၊ဖေဖေ့ထဲတွင် အဆုတ်ကင်ဆာ ဖြစ်သွားခဲ့ပြီးဖြစ်၍ နောက်ဆုံး အဆင့်သို့ရောက်နေပြီဖြစ်သည်၊၊ဖေဖေသည် ဆေးလိပ်သောက်သူတစ်ယောက်ဖြစ်သောကြောင့် အဆုတ်သည်လဲ တစ်နေ့တစ်ခြားပိုပိုဆိုးလာခဲ့သည်၊နောက်ဆုံး အသက် ဆုံးရှုံးတယ့်ထိ ဖြစ်သွားခဲ့ရတော့သည်၊၊
       ဖေဖေဆုံးပြီးနောက် မေမေသည်နောက်အိမ်ထောင်ထပ်မပြုခဲ့ပါ၊ ကျွန်မကို သနားလွန်းအားကြီးကြောင့်နှင့် သူမယောကျာ်းအပေါ်သို့ သံယောဇဥ်မပြတ်သေးသည့်တစ်ကြောင်းနှင့် အိမ်က စီးပွားရေးကြီးပွားရေး အိမ်ကိစ္စ အစရှိသည့်အလုပ်များကို မေမေ မိန်းမသားထန်မဲ့ နှင့် အလုပ်လုပ်ခဲ့ရသည်၊၊တစ်ခါတစ်ရံ မေမေ့ကို သနားမိသည်၊တစ်ယောက်တည်းပင်ပင်ပန်းပန်းလုပ်ကိုင်လာသောကြောင့် မေမေဖြစ်စေလိုသည့်ပညာတတ်မ(အင်ဂျင်နီယာ မ)ဖြစ်အောင် ကြိုးစားခဲ့သည်၊၊ယခုလို ကြိုးစားမှုကြောင့်... မိသားစု ကျွန်မ၏မေမေ့ကို ပြန်၍ ကျေးဇူးပြန်ဆပ်နိုင်ခဲ့သည်၊၊
           ယခုလက်ရှိသို့ပြန်သွားခြင်း......
      နှင်းဆီလမ်း၊သက်န်းကျွန်းမြို့နယ်၊အိမ်နံပါတ်×××၊၊
"တင်းတောင်....၊၊''
"ဝင်ခဲ့ပါ.....၊၊''
"ဟယ် သမီး.... အမယ်လေး သမီးရယ်... ဘာလို့ ကိုယ့်အိမ်ထဲဝင်တာများ ဘာလို့ ဘဲလ် တီးရတာတုန်း.....?၊၊''
"သြော်..မေမေရယ် သမီးက မေမေအပျင်း​ပြေ
အောင် စလိုက်တာပါ မေမေ...၊၊''
       မေမေ၏ အပြုံးသည် ​မြင်သမျှ လူတိုင်းကို နွေးထွေးသွားစေ၏၊၊
"ထိုင်ပါဦး ငါ့သမီးလေး... အလုပ်က ပြန်လာတာဆိုတော့....ကြည့်ပါဦး နဖူးလေးတွေမှာလဲ ချွေးလေးတွေ စို့ပြီး တစ်ကိုယ်လုံးလဲ ချွေးနဲ့ ရွှဲ..သမီးရယ်...သွား ဓာတ်ဆား သွားသောက်ချေ၊ ရေဓာတ်တော်တော်ကုန်တာပဲ သြော်ပြောရဦးမယ် ရေထပ်မချိုးနဲ့တော့နော် မနက်ကချိုးသွားပြီးပြီမလား?''၊၊
"ဟုတ် မေမေ ဒါဆို သမီး သမီးအခန်း အပေါ်ထပ်တက်ပြီး အင်းကျီ သွားလဲလိုက်ဦးမယ်နော်...''
''ခဏနေဦး သမီး... ဟိုဟာ သမိီးထမင်းစားပြီးပြီလား?နေ့ခင်းစာလေ...၊၊''
''ဟင့်အင် မစားရသေးဘူး မေမေ သမီးအလုပ်ပြီးတာနဲ့ အိမ်ကို ဦးလေးမိုးက တစ်ဆင့် လိုက်လာတာ မေမေရဲ့...၊၊''
''ဟယ်တော် အဲ့တာသွားစာ​တော့လေ.... အခုပဲ နေ့ခင်း နှစ်နာရီ ရှိသွားပြီ... သွား အစာအိမ်ရောဂါ က ပြန်ထလာဦးမယ်...သွားသွား၊၊''
"ဟုတ် မေမေ...ဒါဆို ခွင့်ပြုပါဦးနော် မေမေ... မွစ်....၊၊''
"အမယ်လေး ကလေးလဲ မဟုတ် သူငယ်လဲ မဟုတ် အမေ့ကို....၊၊''
"ဟုတ်ဘူး မေမေ့ကို ချစ်လို့...ကဲကဲ သမီး တက်ပြီနော်....၊၊''
      အူမြူးစွာဖြင့် လှေကားကို မြောက်ကြွမြောက်ကြွ တက်သွား၍ ကျွန်မ၏ အခန်းထဲသို့ ဝင်လိုက်လေသည်၊၊ မြန်မြန်ဆန်ဆန် အင်းကျီကို လဲလိုက်၍ ကုတင်ပေါ်သို့ ခဏတာအမျှ ပြန်ထိုင်နေလိုက်သည်၊၊ကျွန်မမှာ မေမေရှိသေးသည်၊ထို မေမေ စိတ်ချမ်းသာရဖို့အရေးဆိုလျှင် ကျွန်မ ဘာမဆိုလုပ်ပေးမည်၊ယခုထိတိုင်လဲ ကျွန်မ့ မှာ ချစ်ရသူမရှိသေးပေ၊၊လောလောဆယ် မေမေသာ ကျွန်မဘဝ၏ အားကိုးအားထားရာ စိတ်ဓာတ်ကျနေသည့်အချိန်များနှင့် အလုပ်အရမ်းများသည့် အချိန်တွင် မေမေသည် ရှိနေပေးခဲ့သည်၊တစ်ခါတစ်ရံ ကျွန်မ့၏ ချစ်ရသူဘယ်သူဖြစ်မလဲ ဆိုတာကိုလဲ ကျွန်မ မျှော်နေသေးမိသည်၊၊ ထိုအတွေးများစွာဖြင့် ဗိုက်ထဲရှိ ဆန္ဒပြမှု အသံဗလံပေါင်းစုံမြည်လာသဖြင့် အောက်ထပ်သို့ ကျွန်မ ပြေးဆင်း၍ မီးဖိုချောင်သို့ သွားလိုက်သည်၊၊
..................၊၊

ရင်နှင့်အမျှချစ်ရပါသော မမ(Girl's Love)Where stories live. Discover now