အပိုင်း(နှစ်)unicode only

1.3K 29 2
                                    

ထမင်းစားပြီးသကာလအတွင်း ဗိုက်ထဲရှိ အသံဗလံများငြိမ်ကျသွားခဲ့ကြသည်၊၊
"ခုမှပဲ ဗိုက်ပြည့်သွားတော့တယ်၊၊......''
ထမင်းစားပြီးနောက် အပေါ်ထပ်သို့ ပြန်တက်နေစဥ်အတွင်းတွင်....ဖုန်းကောလ် လာလေသည်၊၊...
Ring...Ring.....
"ဟယ်လို....''
တစ်ဖက်က မသိသူမိန်းက​ လေးတစ်​ ယောက်၏ နူးနူးညံ့ညံ့​ ပျော့ပျော့ပျောင်းပျောင်းနှုတ်ဆက်သံ လေးကို ဖုန်းထဲက​ ဖြင့်ကြားလိုက်ရသည်၊၊
''ဟယ်လို...ဘယ်သူလဲမသိပါဘူးရှင်....၊၊''
"ဟို....အင်ဂျင်နီယာ နှင်းဖြိုးပွင့် လားမသိဘူးရှင့်?....၊၊''
"ဟုတ်ပါတယ် ​အင်ဂျင်နီယာ ဖြိုးပါ....ဘယ်သူလဲမသိဘူးရှင့်?........၊၊''
"ဟိုဟာ...... အခု...တိုက်တစ်တိုက်ကို အမဆီကို အပ်ချင်လို့ပါ...တာဝန်ယူပေးနိုင်မလားရှင့်?....အကြောင်းစုံကို ထပ်ပြီးသိချင်လို့ရှင်ရင် မြန်မာပလာဇာ နှစ်လွှာကို နောက်တစ်ပတ် လေး ရက်လောက်ကျရင် လာခဲ့လို့ရမလား?.....၊၊''
"သြော်......ဟုတ်ကဲ့ပါ.....လာခဲ့ပါ့မယ်.......အဲ့နေ့ ဘယ်အချိန်လဲရှင့်.....?...''
"နေ့ခင်း...သုံးနာရီလောက်ဆို...ရမလားရှင့်?....အားရဲ့လား ဆရာမ?.....''
"အားပါတယ် ..........ကျွန်မကို ဆရာမ လို့ခေါ်စရာမလိုပါဘူး၊ ဒီတိုင်း ဖြိုးလို့ ခေါ်လို့ရပါတယ်....၊၊''
တစ်ဖက်ကနေ ခဏတာမျှ တိတ်ဆိတ်ငြိမ်သက်သွားသည်၊၊
"........''
"ဟယ်လို.....ကိုင်ထားသေးရဲ့လား?....ကျွန်မဖုန်းချလိုက်လို့ရပြီလား?......''
"အို....ဆောရီးပါ....တို့ ​တောင်းပန်ပါတယ် ဖြိုး....ဒါဆို တို့ဘက်က ဖုန်းချလိုက်ပါတော့မယ်...တွေ့ဖို့ အဆင်သင့်ပြင်ထားပေးပါ.......ဖြိုး....၊၊''
"ဟုတ်ကဲ့ပါ.....ဒါပဲနော်.....၊၊''
သူမ ဖြိုး ဆိုပြီးခေါ်သည့်အချိန်တွင်.... နူးညံ့ပျော့ပျောင်းလှပြီး အသံလေးကို ပျော့ပျောင်းလှပေသည်၊၊အသံသည်သာ ဒီလောက်ဖြစ်နေရင်....ရုပ်လေးဆိုလဲ ပိုလှနေမှပဲ.....၊၊ကျွန်မ စိတ်ထဲတွင် ထိုသို့မျှ တွေးလိုက်မိသည်၊၊
သူမ ဘက်ကသာ ဖုန်းချသွားခဲ့ပေမယ့် သူမ၏အသံလေးများကို ကြားလိုက်ရသည့် ကျွန်မ...တစ်သတ်မှတစ်ခါမခံစားဖူးသည့် ခံစားချက်မျိုး....ရင်ထဲတွင်လဲ မောဟိုက်နေသူတစ်ယောက်ပမာ မြင့်နေနိမ့်နေ ဖြစ်နေသည်၊၊
"ဖြိုးရာ......နင်ဘာဖြစ်နေတာလဲ?.....တော်ပြီ....စိတ်ထိန်း...ဘာလို့ငါက ဒီအသံလေးကြားလိုက်ရတာနဲ့ ဘာလို့....ငါဒါလောက်တောင် ရင်ခုန်နေရတာလဲ?.....''
ကိုယ့်ကိုကိုယ်ပြန်တွေးရင်း အပြစ်ကို ပြန်၍ ကိုယ်ကိုတိုင် ပဲတင်လိုက်မိတော့သည်၊၊
"ဖူး........၊၊''
သက်ပြင်းသာ ချလိုက်မိပါ တော့သည်၊၊
..................
"နွေနွေ....ဆက်ပြီးသွားပြီလား?.....''
ဟိုဘက် အခန်းဘက်ကနေ....ဘော့စ် ၏ အသံကို ကြားလိုက်မိ၍ နွေနွေလန့်သွားမိသည်၊၊
"သြော်.......ဘော့စ်.....ပြီးသွားပါပြီ.....လာမယ့် လေးရက်နေ့ကျရင်.... ချိန်းထားပါတယ်.....၊၊''
"အေးအေးပြီးရော...ပြီးရော.....၊နက်ဖြန်ကျရင် ငါတို့ စင်ကာပူကနေ.. မြန်မာပြည်ကို ပြန်မယ်လေ.....ဟုတ်တယ်မလား?......''
"ဟုတ်ကဲ့ပါ ဘော့စ်.....၊၊''
နွေနွေတစ်ယောက် သူမ သူဋ္ဌေးကို ပြောပြီးနောက်.....သူမအိပ်ခန်းထဲသို့ ပြန်ဝင်သွားပြီး....ကုတင်မွေ့ယာပေါ်သို့ အားဖြင့် လှဲချလိုက်လေသည်၊၊
"ဖူး......ပင်ပန်းလိုက်တာ...သူများအတွင်းရေးမှူးလုပ်ရတာ....၊၊''
နွေနွေဆိုသည့်ကောင်မလေးသည်....မိဘမဲ့ဖြစ်၍ ငယ်စဥ်ကတည်းက အဘွားဖြစ်သူနဲ့သာ နေလာခဲ့သူတစ်ယောက်......တစ်ဦးတည်းသော သမီးလေးလဲ ဖြစ်ပေသည်၊၊သူမ၏ မိဘနှစ်ပါးသည် သူမ သုံးနှစ်အရွယ်တွင်....နယ်ပြန်သည့်ကားနှင့် တိုက်မိ၍ ကားပေါ်ရှိ...သူမမိဘနှစ်ပါးစလုံး ဆုံးရှုံးသွားခဲ့ရသည်၊၊ သူမ အထက်တန်းကို အောင်မြင်ခဲ့၍ ဟိုတယ် ပိုင်းဆိုင်ရာ...တက္ကသိုလ်သို့ တက်ရောက်အောင်မြင်ခဲ့သည်၊၊ တစ်နှစ်အကြာ..... ပန်းမြတ်လွင်လွင်ဆိုသည့် သူဋ္ဌေးမလေး နှင့်တွေ့ဆုံခဲ့၍ နွေနွေကို သူမကိုယ်တိုင် အလုပ်သွင်းပေးခဲ့သည်၊၊ အလုပ်လုပ်လာသည့် နှစ်ကြာလာသည့်အမျှ ရာထူးကိုလဲ အတွင်းရေးမှူးအဖြစ် နွေနွေ့ကို တိုးပေးလိုက်သည်၊၊ နွေနွေ့အဖို့.....ပန်းမြတ်လွင်လွင် သည်ရိုရိုးတန်းတန်း ခင်မင်နေသော အမအရင်းသဖွယ်သာ ရင်းနှီးသည်၊၊ သူမ သူ့မမိဘအကြောင်းများပြန်ပြန်တွေးလိုက်မိတိုင်း..... စိတ်ထဲလဲ မကောင်းလာသည့်အပြင် စိတ်ညစ်ပြေအောင်ဆိုပြီး....... ဘော့စ် ကိုကြည့်ရင်း.....တဖြေးဖြေး ဆေးလိပ်သောက်တတ်လာသည်၊၊ ဘော့စ် အလစ်တွင်...ဂျင်းဘောင်းဘီအရှည်ထဲရှိ အိတ်ကပ်ထဲမှ စီးကရတ်တစ်ချောင်းကို ထုတ်ကာသောက်ပလိုက်သည်၊၊သူမ အတွက်ဖို့ပင် ဤစီးကရတ်သည် စိတ်ညစ်ပြေရာ....အလုပ်များ စိတ်ဖိစီးမှုများ၏ ထွက်ပေါက်ဟု ပန်းမြတ်လွင်လွင်က နွေနွေ့ကို သင်ပေးထားသည်၊၊
"ခုနက ငါသူ့ကို ပြောဖို့ တစ်ခွန်းကျန်သွားသေးတယ်၊ဒါပေမယ့် ငါမပြောဖြစ်လိုက်ဘူး......၊၊''
နွေနွေတစ်ယောက် ထိုကောင်မလေး ဖြိုးအကြောင်းစဥ်းစားလိုက်လျှင်.... ဆောက်တည်ရာမရ....လူလဲ ဖင်မငြိမ်တော့ပဲ.... တစ်ချိန်လုံး ထနေရသည်၊၊
"မိနွေ....နင်ဘာဖြစ်.....?တော်စမ်း....ငါက သူ့ကို တစ်ခါမှ မတွေ့ဖူးတာ....ဘာလို့ငါ...အသဲအသန် ခံနေရတာလဲ?.....ဟင်းးးး.......၊၊''
နွေနေဆိုသည့်ကောင်မလေးသည် တစ်ခါမှ အချစ်ဆိုသည်လဲ မသိခဲ့....ရင်ခုန်တတ်စ အရွယ်တုန်းကလဲ တစ်ယောက်မှ သူမ ယောင်လို့တောင် မချစ်ခဲ့...တစ်ဘဝလုံး အလုပ်ထဲမှာပဲ စိတ်နှစ် လာခဲ့သည်၊၊ သူမအတွက်ဖို့ပင် အချစ်ဆိုသည့်အရာကို မရင်းနှီးခဲ့...စိမ်းသက်သပ်သာဖြစ်ဖနခဲ့သည်၊၊ သို့ပေသော်ငြား ယခုအခါ အင်ဂျင်နီယာမလေး ဖြိုးကိုတောင် မမြင်ရသေး အသံပဲကြားနေရသည့်အချိန်.... ထိုအသံလေးကို သူမ ကြားလိုက်ရလျှင် ရင်ထဲ အေးခနဲဖြစ်သွားခဲ့၍ စိတ်အေးချမ်းသွားသည်၊၊ သူမအတွက်ဖို့တော့လာမည့် ​နောက်တစ်ပတ် လေးရက်နေ့ကို မျှော်နေမိသည်၊၊
................၊၊
ဖြိုးတစ်ယောက် စူပါဝမ်း ရှောပင်းမောလ်မှ အထွက်....ငယ်သူငယ်ချင်း ကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံကြသည်၊၊
"ဟယ်.....သူရ.....နင်... ပြန်တွေ့တာ ဝမ်းသာတယ်...ဒါနဲ့ နင့်ယောကျာ်းရော?သမီးလေးရော နေကောင်းရဲ့လား?........''
တစ်ဖက်မှ အသံအေးအေးလေးဖြင့် ပြန်ဖြေသည်၊၊
"ပြေပါတယ် ဟာ ဒီလိုပါပဲ.... အကိုက...သူက အမေရိကားကို ပြန်သွားလိုက် မြန်မာပြည်ကို ပြန်လာလိုက်နဲ့လေ...သဘော်က....ဟိုတစ်ခေါက်ကမှ ထွက်သွားတာလေ....ဒါနဲ့ နင်ရော... နင့်မေမေနေကောင်းရဲ့လား?...''
"ကောင်းပါတယ် သူရ ရယ်.... မေမေလဲ နေကောင်းတယ်၊ ငါ့ကျ နင်မမေးဘူးနော်.....''
"နင်နေကောင်းမယ်ဆိုတာ ငါသိပြီးသား နင်က ငါ့ရှေ့မှာ အတိုင်းသားကြီး ရပ်ပြီး စကားပြောနေတာလေ....အဲ့တော့ နင် ဒီလတွေထဲ နင်တော်တော်ဒေါင်ဒေါင်မြည်ပဲလို့ ငါသတ်မှတ်လိုက်တယ်လေ....''
"သူရ နင်နော်....နင့်အပြောတွေကလေ....သိလားငယ်သူငယ်ချင်းဖြစ်တယ့် ငါ​တောင် ထိုင်အရှုံးပေးရမယ်သိလား?....''
"နင်ကလဲလေ....တော်ပါ...ဒါနဲ့ နင်..ခုထိ ပိုင်ရှင်မရသေးဘူးလား?.....''
သူမေးသည့် မေးခွန်းတစ်ခွန်းကို ကျွန်မ မဖြေနိုင်ပါ....ထိုသို့ မဖြေနိုင်သည်ကိုလဲ သူ ရိပ်မိသွားသည့်ဟန်ထင်ပါ၏၊၊
"ငါမေးလိုက်တယ့်စကားကြောင့် နင် စိတ်မကောင်းမဖြစ်ပါနဲ့ ဖြိုးရာ....နင်တစ်နေ့ကျရင်လေ....နင်မျှော်နေတာထက် ဆယ်ဆပိုတယ့်လူ နင်ချစ်တာထက်ကို ပိုမယ့်လူကို နင်တွေ့မှာပါ၊ အဓိက က အချိန်ပဲ နင်စောင့်နေလိုက်ပါ၊ ဖူးစာဆိုတာ ပါလာခဲ့ရင် ဘယ်လိုမှရှောင်လွှဲလို့မရဘူးဟ၊စောင့်ရတာနဲ့တန်အောင် နင့်ဆီရောက်လာမှာပါဟာ....နင်က စိတ်ရှည်တတ်ပါတယ်၊ ဒါပေမယ့် နင့်မှာက မကောင်းတယ့် အကျင့်လေးရှိတယ်၊ ခေါင်းမာတာပဲ၊ အဲ့တာက မကောင်းဘူးဟ၊ ဖြေလျှော့သင့်ရင် လျှော့၊ ထိုက်တန်တယ့်လူဆိုတာက ရောက်လာမှာ....လူတိုင်းမှာ ထိုက်တန်တယ့်လူဆိုတာရှိတယ်၊ ဟုတ်ပြီလား?နင်နဲ့ငါနဲ့က ခင်လာတာ ခုမှမဟုတ်တော့တာ ငယ်ငယ်ပုစိလေးကတည်းက ခင်လာတာ...ငါတောင် ယောကျာ်းရနေပြီ....နင်ပဲ ​ကျန်တော့တယ်၊၊''
"သူရ....ငါ.....ငါ့အလှည့်ကျရင်.....ငါယောကျာ်းပဲရမှာလားဟင်?......ငါယောကျ်ားတွေကို မုန်းတယ်ဆိုတာ နင်သိပါတယ်.....၊၊''
"ငါသိတယ်..... ဒါပေမယ့်.....ငါပြောမယ်နော်..... ညားထိုက်တယ့်လူက ဘယ်သူပဲဖြစ်ပါစေ ကျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် တစ်ကယ်တည်း ဖူးသာပါလာခဲ့ရင် နင်ကိုယ်ဍ်လဲ ငြင်းလို့မရဘူး....ကဲကဲ ငါဒါပဲပြောမယ်...ငါသွားတော့မယ်..သမီးက ကားထဲမှာစောင့်နေတယ်...သွားပြီနော် ဖြိုး......၊၊''
"သြော်.......အေးပါ..တာ့တာ....''
"အေးအေး''
       ငယ်သူငယ်ချင်း သူရ ထွက်သွားပြီးနောက် ဖြိုးစိတ်ထဲတွင် မေးခွန်း ပေါင်းစုံဝင်လာခဲ့သည်၊၊ လူလူချင်းချစ်ကြတယ် ထဲမှာ..ငါကရော?ငါ့မိဘနှစ်ပါးရဲ့ လမ်းကို လိုက်ရမှာလား?အချိန်တန် မိန်းကလေးက ယောကျာ်းယူမယ်ဆိုတယ့် စကားကို ဖြိုးသိပ်မုန်းသည်၊၊ လက်လဲမခံနိုင်ပါ၊ ထိုစကားကို....ကိုယ့်သဘောနဲ့ ဒီလောကမှာ လူလုပ်နေခဲ့တာ.... ဘယ်သူမှဂရုစိုက်စရာမလိုဘူး ဆိုသည့် အသိက ခေါင်းထဲသို့ ဝင်တိုးလာသည်၊၊
...............
"သမီး..... နေရောကောင်းရဲ့လား?........ ဘာဖြစ်နေတာလဲဟင်?....ညစာထမင်းလဲ သိပ်မစားပါလား?''
"........''
"သမီး....!''
"ရှင်....''
       မေမေအော်လိုက်သည့်မှ ကျွန်မ လန့်သွားကာ လက်ထဲရှိ ဇွန်းလေးပြုတ်ကျသွားလေသည်၊၊
"သမီး.....နင်ဘာဖြစ်နေတာလဲ သတိမကပ်ပါလား ဒီနေ့ပြန်လာကတည်းက......''
"သြော်........ဘာမှမဟုတ်ပါဘူး မေမေ.....လမ်းမှာ ငယ်သူငယ်ချင်းနဲ့ တွေ့လို့ပါ''
"သြော်.....အေးအေး....''
"ဒါနဲ့ သမီးပြောရဦးမယ် နောက်လမယ့် လေးရက်ကျရင် သမီးအလုပ်နောက်တစ်ခု လက်ခံထားရတယ်မေမေ....''
"သြော်....တိုက်လက်ခံရတာလား?....''
"ဟုတ်တယ် မေမေ...သူတို့က သမီးကို အဲ့နေ့ ထပ်ချိန်းထားတယ် မေမေ''
"သြော်.....အေးကောင်းတာပေါ့ သမီးရယ်''
"........''
"သမီး......သမီးမှာ မေမေ့ကို မေးချင်နေတာရှိလား?.....''
       ဖြိုးမေမေ့ကို ပြောချင်မိပါသည်၊မေးချင်မိပါ၏၊သို့ပေငြါး မေမေစိတ်ဆိုးသွားမည်ကို ဖြိုးမလိုလားပါ၊၊သို့သော်ငြား မဖြစ်မနေ မေးရပေလိမ့်မည်၊ဖြိုးစိတ်ထဲတွင် ကျပ်တည်းနေသည့် အခက်အခဲ ဖြစ်နေသည့် မေးခွန်းတစ်ခွန်းရှိလေသည်၊၊
"မေမေ.....မိန်းကလေးဆိုတာ အချိန်တန်ရင်လင်ရမယ်ဆိုတယ့်စကားက တစ်ကယ်လား?သမီးကရော...... အဲ့လမ်းစဥ်ပဲ လိုက်ရမှာလားဟင်?........''
".......''
        မေမေ ထမင်းစားနေသည့် အဝင်လုပ်ကို ပါးစပ်ထဲသို့ မထည့်သေးပဲ ခဏတာ ရပ်သွားမိသည်၊၊
"ဟုတ်လား မေမေ?''
"သမီး အဲ့လိုပဲ ထင်သလား?ဖြိုး.....''
"သမီး..........''
      ဖြိုး စိတ်ထဲ ပိုကြပ်လာခဲ့၍ မတတ်နိုင်ဆုံး မေမေ့ကို ပြန်၍ ပိုပွင့်လင်းစွာပြန်ပြောလိုက်သည်၊၊
"မေမေ..သမီးမေးတာကို ပြန်ဖြေလေ.....''
      ထိုချိန်.....မေမေသည် အပြုံးလေးတစ်ပွင့်ကို အေးချမ်းစွာဖြင့် ပြုံးလိုက်ပြီး ဖြိုးကို အသံအေးအေးလေးဖြင့် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်၊၊
"သမီးမှာ...လိင်တူ ချစ်သူရှိနေပြီလား?.....''တဲ့
       ဖြိုး မေမေ့ကို ဘာပြန်ပြောရမလဲ မသိတော့ပေ၊ မေမေမစွံ့အပဲ ဖြိုးသာ စွံ့အသွားသည်၊၊
".....မ..ဟုတ်..ပါဘူး... မရှိပါဘူး.....သမီးဒီတိုင်းမေးကြည့်တာပါ''
       အသံထစ်ဟ ဟဖြင့် မေမေ့ကို ပြန်ဖြေသည်၊၊
"သမီးတို့ ခေတ်က ပွင့်လင်းလာတယ့်ခေတ်....နောက်ပြီး...အဲ့ကိစ္စတွေကလဲ တစ်ရှိန်ဟုန်း ဖြစ်ပေါ်လာတယ်၊ မေမေအဲ့ကိစ္စတွေကို အားပေးပါတယ် သမီး....ဒါပေမယ့် မေမေတစ်ခုပြောပါရစေ....သမီး....''
"ဟုတ် ပြောပါ မေမေ''
"သမီးစတယ့်ဇာတ်လမ်းကိုတော့ အဆုံးသတ်ကျရင်လဲ သမီးပဲတာဝန်ယူရမှာ.... တစ်ခုတော့ရှိတယ် လိင်အမျိုးအစားမတူပေမယ့် သမီးစိတ်ကို သမီး သေချာအောင် လုပ်ပါ၊ စိတ်ကစားလို့တော့မရဘူးနော် သမီး.....''
"သမီးနားလည်ပါတယ် မေမေ....ခုထိလဲ ကြိုက်ရမယ့်လူလဲ မပေါ်လာသေးပါဘူး...''
"အင်းပါ သမီးရယ်..သမီးကို...ယုံပါတယ်''
"မေမေ..သမီး အပေါ်တက်တော့မယ်နော်....''
"အေးအေး....''
       ဖြိုး စားပြီးလက်စ ပန်းကန်များနှင့် မေမေ့ပန်းကန်များကို အတင်းယူပြီး ဘေစင်တွင် ဆေးခဲ့ပြီး အပေါ်သို့ ပြန်တက်လေသည်၊၊ ကုတင်ပေါ်တွင် အားကြီးနှင့် လှဲလိုက်ပြီး ဖုန်းထဲက သီချင်းလေးကို ဆောင်းဘောက်စ် အလတ်လေးနှင့် ဖွင့်လိုက်ကာ နားထောင်နေလိုက်သည်၊၊
       ဖြိုးငယ်စဥ်ကတည်းကပင် ကိုယ်နှင့်ထိုက်တန်မည့်လူကို စောင့်နေခဲ့သည်၊၊ တစ်စုံတစ်ရာကို လဲ အသေအချာစောင့်နေခဲ့သည်၊၊ ထို့ကြောင့် ဖုန်းထဲက အချစ် အလွမ်းသိီချင်းလေးတစ်ပုဒ်ကို ဖွင့်၍ နား​ထောင်လိုက်သည်၊၊
"ဖြူစင်သော ကိုယ့်အချစ်တို့ မင်းမြင်လား?....
   ဖြူစင်သော ကိုယ့်နှလုံးသားလေး မင်းမြင်လား?.....
စိတ်ထဲမှာ မင်းရှိသည်...အမြဲလို ချည်နှောင်ထားပြီးပြီ....
အချစ်များစွာ သက်သေထား မြတ်နိုးသည်၊
ဆုံချင်ပြီ ပြန်ပြီးအနီးလေးရောက်ချင်ပြီ....
မနေနိုင်အောင် ရင်ထဲ လွမ်းဆွတ်လို့နေပြီ......
​အပြန်လမ်းဆီ မှန်းဆလို့....
မင်းမျှော်နေမှာ တို့သိသည်၊
အချစ်လေးရေ...ဘယ်တော့မှမမေ့ ယုံကြည်သည်.......၊
.................''
          သီချင်းလေးပြီးဆုံးသွားသည် အထိ နားထောင်နေလိုက်သည်၊၊ သီချင်းပြီးဆုံးသွားချိန် ဖြိုးစိတ်ထဲ၌ မသေချာသည့် တစ်စုံတစ်ရာက လွမ်းစိတ်ကို ဖြစ်ပေါ်စေသည့် အရာ အသံ လေးကို ပြေး၍ သတ်ရလိုက်သည်၊၊
"ကျစ်..ငါဘာဖြစ်နေတာလဲ?..... ငါဘာလို့ အဲ့အသံလေးကိုပဲ ငါက လွမ်းနေရတာလဲ? ကြိုက်နှစ်သက်နေရတာလဲ အကြောင်းမဲ့သက်သက်....''
       အပိုင်း(သုံး)T.B.S
        Updateလေးထပ်တင်ပေးလိုက်ပါပြီ၊ ဖတ်ပေးကြပါလို့ တောင်းဆိုပါတယ်၊၊ ကျေးဇူးတင်ပါတယ်နော် နောင်နောင့်ရဲ့ စာဖတ်ပရိသတ် တစ်ယောက်ချင်းဆီတိုင်း.......
Love you all....

ရင်နှင့်အမျှချစ်ရပါသော မမ(Girl's Love)Where stories live. Discover now