အခန်း၄

103 19 5
                                    

သူမဘယ်လောက်ကြာကြာအိပ်ပျော်သွားသည်မသိ နိုးလာတော့ဆူးလ်ဂီမရှိတော့။ စားပွဲပေါ်သွားကြည့်သောအခါ အသင့်ပြင်ထားသောဟင်းပွဲများနှင့် စာလေးတစောင်ကိုသူမတွေ့လိုက်သည်။ စာထဲတွင်ရေးထားသည်က

"ဆေးရုံမှာဂျူဟျွန်းလုပ်ပေးခဲ့တာတွေနဲ့ယှဥ်ရင် ဒါကဘာမှမပြောပလောက်ပါဘူး၊ ထမင်းကောင်းကောင်းစားပြီးအားရှိအောင်နေနော်
စားပွဲပေါ်မှာလဲ ဟိုဆေးဘူးလေးထားခဲ့ပေးတယ် ဂျူဟျွန်းကသူနာပြုဆိုတော့ဘယ်လိုသုံးရလဲပိုသိမှာ အဲ့တာကြောင့်သုံးနည်းမရေးတော့ဘူးသိလား နေကောင်းအောင်နေနော် မနက်ဖြန်ဟာနာ့ကိုမနက်၁၀နာရီလောက်ပြပွဲကိုလာခေါ်မှာ ဂျူဟျွန်းသက်သာရင်လာချင်လာလို့ရတယ် သက်သာမှလာနော်" ဟူ၍။

ဟာနာ့ကိုပြပွဲခေါ်မည့်ကိစ္စတွင် ဆေးရုံက ဟာနာတစ်ယောက်ထဲကိုလွှတ်မည်မဟုတ်။ သူနာပြုများထဲတွင်လဲ ဟာနာကဂျူဟျွန်းတစ်ယောက်ကိုပဲ အရေးတယူဆက်ဆံသည်။ ထို့ကြောင့် တခြားသူနာပြုနှင့်ဆိုလျှင် ဟာနာစိတ်ကြည်မည်မဟုတ်။ ဒါ့အပြင် ဟာနာက သူမကိုပါလိုက်ခဲ့ဟုခေါ်ထားသေးသည်။ 

သူမနေကောင်းမှဖြစ်မည်။ စာဖတ်ဖတ်ပြီးချင်းပင်သူမခြေလက်ဆေးကြောကာ ဆူးလ်ဂီပြင်ပေးခဲ့သော ထမင်းဟင်းများကိုစားလိုက်သည်။ ဆူးလ်ဂီကဟင်းချက်တော်သားပဲဟု သူမကောက်ချက်ချမိပြန်သည်။

                                  •••

"မမဂျူဟျွန်းကောဟင်"

ဟာနာ့အသံကြားသောအခါ သူမနာရီကိုငုံ့ကြည့်လိုက်မိသည်။ ၉နာရီနှင့်မိနစ်၄၀

"ခနလောက်စောင့်ကြတာပေါ့ ပြပွဲကမှီပါတယ်
ညနေမှပြီးမှာ စိတ်မပူနဲ့နော်"

ဟာနာကအသင့်ပြင်ပြီး ကုတင်ပေါ်တွင်ထိုင်နေသည်။ ဆူးလ်ဂီလဲ ဆိုဖာပေါ်တွင်ထိုင်ကာ 
သူမနှင့်ဟာနာမတွေ့ရသည့်တပတ်အတွင်း ဟာနာ၏တိုးတက်မှုများကိုတရွက်ချင်းကြည့်နေသည်။ ထိုအချိန်တံခါးဖွင့်သံကြားလိုက်ရပြီး
သူနာပြုဆွန်ဝမ်ဝင်လာသည်။

"ဂျူဟျွန်းအောက်မှာရောက်နေပြီရှင့် 
ရှင်တို့သွားလို့ရပြီ"

The Story UntoldWhere stories live. Discover now