🦋part-14🦋

3.3K 266 131
                                    

ပြာယာရဲ့ဒါဒါလေးတွေ လိုင်းတွေဖြတ်တဲ့နေရာဖြတ်နေကြပြီနော် သတိထားကြ လိုင်းဖြတ်လိုက်ရင်လည်းမေ့မသွားနဲ့အုန်း

မေးစရာရှိလို့တကယ်မနောက်ပဲဖြေပေးကြပါနော် လူတစ်ယောက်ကိုcrushမိရင်ဘယ်လိုခံစားရလဲ ပြာယာလည်းမသေချာမရေရာပဲနဲ့ crushလို့စိတ်ထဲမှတ်မိသွားမှာစိုးလို့

vote 40 feedback 30

_________________🦋_________________

ဟိုတစ်နေ့က ကိစ္စဖြစ်ပြီးကတည်းက ကလေးငယ်ကိုသူပိုအလိုလိုက်မိတယ် ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းကိုမဆိုလက်လွယ်စပယ်မကိုင်တွယ်တော့ နှုတ်ခမ်းပါးလေးကိုလည်းမနမ်းရှိုက်မိတော့ ပါးဖောင်းဖောင်းလေးကိုသာ တစ်ခါနှစ်ခါမွှေးကြူမိသည်

ကလေးငယ်ကလည်းအနေထိုင်ဆင်ခြင်သလို စကားပြောလည်းဆင်ခြင်နေတာကိုကြည့်ပြီး သူစိတ်တော့မကောင်း တကယ်ဆိုကိုယ်က အမှားလုပ်သူမလား ကိုယ်ကပဲ့ဆင်ခြင်သင့်တာကို ကလေးငယ်ကပါအလိုက်တသိနေပေးတော့ ရင်ထဲနင့်ခနဲ

ကိုယ့်ကိုချစ်ရတာပင်ပန်းနေပြီထင်တယ် ကလေးငယ် လိပ်ပြာလှလှလေးကိုလွှတ်ပေးလိုက်သင့်ပြီလား

ထိုစဥ် အတွေးတို့လွင့်စင်သွားအောင် ကြားလိုက်ရတဲ့ချစ်ရသူရဲ့ခေါ်သံလေး

"Daddy...........ဘာတွေတွေးနေတာလဲ babyခေါ်နေတာဖြင့်ကြာလှပြီ"

"ဘာမှမတွေးပါဘူး ဒီလိုပါပဲ့"

"အော်...ommပါ...ဒါနဲ့daddy ဒါကမြို့ပြင်လားဟင် ဘေးမှာကလည်းသစ်ပင်တွေကလွဲရင်ဘာမှမရှိဘူး"

ကလေးငယ်ပြောလိုက်သောစကားကြောင့် မျက်ခုံးနှစ်ဖက်ကအလိုမကျစွာတွန့်ချိုးမိသွားသည် စိတ်ကိုပြန်ထိန်းရင်း

"babyကအိမ်ပြန်ချင်လို့လား"

လေသံကိုအတတ်နိုင်ဆုံးလျော့ကာ မေးလိုက်တော့ ကလေးငယ်၏မျက်လုံးများအရောင်တောက်သွားရသည်

"ဟင့်အင်း မပြန်ချင်ပါဘူး ဒီအတိုင်းမေးကြည့်တာ Daddyစိတ်ထဲမထားနဲ့ ဟီးး"

ကလေးငယ်ကအပြင်ပိုင်းသာရီပြနေပေမယ့် သူ့စိတ်ထဲခံစားနေရတာကို လိမ်ညာတတ်သူမဟုတ်တော့ မျက်လုံးမှာအထင်းသားပေါ်နေသည်

🦋BUTTERFLY🦋   (Z+U) [Compled]Where stories live. Discover now