Chapter-32✨

1.1K 145 29
                                    

လေနှင်ရာ လွင့်ပါးနေတဲ့ ဝိညာဉ်တစ်ခုဟာ တစ်စုံတစ်
ယောက်၏ ခန္ဓာကိုယ်တွင်း ဝင်ရောက် ပူးကပ်လိုက်
တာနဲ့ ~~

ထိုသူ၏ အာရုံခြောက်ပါးဟာ တရေးရေးအသက်ဝင်
လာခဲ့ရင်း ~~

လေးလံလွန်းနေသော မျက်ခွံများအား ဖြေးညင်းစွာ
ဖွင့်လှစ်လိုက်ရုံဖြင့် စူးခနဲ နာကျင်နေရသော ဦးခေါင်း
အတွင်း နာကျင်မှုကပါ တပါတည်း တွဲပါလာတာကြောင့်

" ကျစ် " ဟူ၍ မျက်နှာလေး ရှုံ့မဲ့ကာ ညည်းငြူမိရသည်။

သို့ပေမယ့် ထိုနာကျင်မှုထက် တုန်လှုပ် ခြောက်ခြားစရာ
ကောင်းသည်က သူဟာ ခပ်မှိန်မှိန် မီးလုံးဝါဝါသာ ထွန်းထားသော မြေအောက်ခန်း တစ်ခုလို အခန်းကြီးထဲက ကုတင် တစ်လုံးပေါ်တွင် ရောက်ရှိနေရခြင်းသာ ..

" ဒါ .. ဒါ ဘယ်ကို ရောက်နေတာလဲ .. ဘယ်နေရာကြီး
လဲ .. ဘယ်လိုဖြစ်ပြီးတော့ ငါက .. အခု ဘယ်ကိုရောက်
နေတာလဲ ?!!!!!! "

ကုတင်ပေါ်မှ ဝုန်းခနဲ ထပြေးမိကာ ထွက်ပေါက်တစ်ခု
အား အရူးမီးဝိုင်း ရှာဖွေရင်း အော်ဟစ် သွေးပျက်နေ
သော သူဟာ စိုးရိမ်စိတ်ကြောင့် ချွေးစေးများပင် ပြန်
နေခဲ့ရပြီ ..

" မဟုတ် .. မဟုတ်သေးပါဘူး .. ဘယ်လိုဖြစ်လို့
ဒီနေရာကြီးကို ရောက်နေရတာလဲ ..!!! "

" Yarr-!! တစ်ယောက်ယောက် ကူညီကြပါအုံး !!!!
အထဲမှာ လူရှိပါတယ် .. ကူညီကြပါအုံး !!!!! "

တောင်စဉ်ရေမရ စကားတွေဆိုရင်း အာခေါင်ခြစ်အော်
ခေါ်ရင်း အကူအညီ ရှာဖွေနေသူမှာ ထွက်ပေါက်မဲ့နေ
သော အခန်းပိတ်ကြီး တစ်ခုထဲ ဟိုပြေး ဒီပြေးဖြင့် ရူး
မတတ် ခြောက်ခြားနေရပြီ ဖြစ်သည်။

" မဟုတ်မှ .. ပြန်ပေးဆွဲခံလိုက်ရတာလား ??!! အဖမ်း
ခံလာရတာလား..!!! ဘာတွေလဲ ?!!ဘယ်သူက ဒီလို လုပ်တာလဲ .. ဘယ်သူလဲ ??!! "

" ကယ်ပါအုံး အထဲမှာ ပိတ်မိနေလို့ပါ ..!! အပြင်မှာ ဘယ်သူမှ မရှိဘူးလား ??!! ကယ်ကြပါအုံးလို့ !! "

အရပ်မျက်နှာ မျိုးစုံဆီ လှည့်ပတ် အကူအညီတောင်း
ပြီးနောက် ခြေကုန်လက်ပန်းကျကာ ဒူးလေး ခွေညွတ်
ပြိုကျသွားပြီး အားနည်း ချိနဲ့လျက် ကြမ်းပြင်ထက်
သို့ ပုံလျက်သား လဲကျသွားတော့တယ် ..

Selfish Romance 🔥( Completed )Where stories live. Discover now