Chapter-34✨

1.7K 166 34
                                    

seok jin က ကျနော့်ကို ချစ်တယ်တဲ့လေ ..

သူက ကျနော့်ကို ချစ်တယ်တဲ့ ...

ဒါ အိမ်မက် မက်နေတာတော့ မဟုတ်ဘူး မှလား ?!

သူရဲ့ အခက်ခဲဆုံး အချိန်မှာ ရှိသမျှ အင်အားတွေနဲ့
ပြောသွားခဲ့တဲ့ စကားလေး မဟုတ်လား ..

နားထဲမှာလည်း " မင်းကို ချစ်တယ် " ဆိုတဲ့ သူ့ရဲ့ အသံ
လေးဘဲ အကြိမ်ကြိမ် ပဲ့တင်ထပ်နေတော့တာပါ ..

ဘယ်အချိန်ထဲက ချစ်နေခဲ့တာလဲ seok jin ရယ် ..

လွန်ခဲ့တဲ့ နှစ်တွေထဲကလား ...

အဲ့လိုသာဆို ငါ့ကြောင့်နဲ့ မင်း ဘယ်လောက် ခံစားခဲ့ရ
ရှာမလဲ ..

မင်းကိုဘဲ ထာဝရ ချစ်ပါမယ်ဆိုပြီးတော့ တခြားလူကို လက်ထပ်ခဲ့တဲ့ အတ္တကြီးတဲ့ ငါ့ကို ခွင့်မလွတ်ပါနဲ့တော့
ကွာ ....

အခုလဲ ငါ့ရဲ့ အတ္တတွေကြောင့် မင်း နာကျင်ခဲ့ရပြန်ပြီ ..

ငါမင်းကို ဘယ်လို တောင်းပန်ရပါ့မလဲ seok jin ရယ်

မင်းကျေနပ်တဲ့ အထိ တောင်းပန်မှာမို့ အမြန်ဆုံး သတိရ
ပါတော့ကွာ ..

ငါမင်းကို ပြောစရာတွေရော မေးစရာတွေရော အများ
ကြီး ရှိတယ် .. jinnie အဲ့တာကြောင့် အမြန်ဆုံး သတိရ
ပါတော့နော် ..

ဆေးရုံ ကုတင်လေးဘေး မေ့မြောနေရှာသော ချစ်ရသူရဲ့
လက်ကလေးအား ဆုပ်ကိုင်ကာ ရူးနှမ်းစွာ ရေရွတ် ပြော
ရင်း ငိုကြွေးနေသော ကောင်လေးငယ်မှာ တစ်ယောက်
တည်း ကမ္ဘာပျက်နေသူလို ..

" ဟင်းးး.... "

သူ့ လက်လေးအား ယုယစွာ ဆုပ်ကိုင်ရင်း ငေးကြည့်နေ
တုန်းမှာဘဲ ညည်းသံ သေးသေးလေးဖြင့် လှုပ်ရှား သတိ
ရ လာတဲ့ ကျနော် ချစ်ရသူ ..

" seok .. seok jin သတိရလာပြီလား ?!! "

ညင်သာစွာ မေးမိတော့ ဖြူဖျော့ဖျော့ မျက်ဝန်းတွေနဲ့
ကျနော့်အား ဆွေးမြေ့စွာ ငေးစိုက်ကြည့်လာသည်။

" jung.. jungkook-ငါ့ .. ငါ့ကိုလေ ... "

မျက်ရည်လေးများ ဝေ့ဝဲပြီး ကြေကွဲစွာ ပြောတော့ ပါး
လေးအား နူးညံ့စွာ ထိကိုင်လိုက်ကာ စိုးရိမ်တကြီး တား
မိရင်း ..

Selfish Romance 🔥( Completed )Where stories live. Discover now