part 6

655 99 15
                                    

မျက်နှာကျက်အဖြူရောင်....
နှာခေါင်း တွင်းတိုးဝင်လာ တဲ့...
ပိုးသတ်ဆေးနံ့....အရက်ပြန်နံ့...
သေချာ ပေါက်ဆေးရုံ....တခုအတွင်းမှာ...

လေးလံနေတဲ့ မျက်ခွံတွေကို ကြိုးစားဖွင့်ရင်း
ဘေးဘီဝဲယာကို... ေစာင့်ငဲ့ကြည့်မိသည် ။
ကုတင်ဘေးမှာ သူ့ရဲ့လက်ကိုဆုပ်ကိုင်ရင်း
ခေါင်းငိုက်ချ...အိပ်ပျော်နေတဲ့...သူ့ရဲ့ မေမေ

'' မေမေ...''

နီခီခေါ်သံကြောင့်...ဖြတ်ခနဲ့ ကောက်ထလာပြီး...ကပြာကယာ.... နွေးထွေးတဲ့ လက်တွေနဲ့ မျက်နှာကိုပွတ်သက်ပေးလာတဲ့ မေမေ့ရဲ့
မျက်ဝန်းတွေက မျက်ရည် တွေ.....

'' နိုးလာပီလား...တော်သေးတာပေါ့ ''

'' ဒီကိုဘယ်လို ရောက်နေတာ လဲဟင်? ''

'' မေမေကမေးချင်နေတာသားငယ်ကို...
ညကဘယ်သွားတာလဲ...ဘာတွေဖြစ်လာတာလဲ...သားရယ်...မေမေတောင် ဆေးရုံ ကဖုန်းဆက်မှသိတာ...မေမေဘယ်လောက်လန့်သွားရသလဲ...''

ဒါဆို....သူဘယ်လိုဆေးရုံရောက်လာတာလဲ
ခေါင်းထဲဝင်လာတဲ့ အတွေးတချို့က....နှလုံးသား တခုလုံးဆုပ်ချေ ပလိုက်သလို....မျက်ရည်ဝဲ တက်လာသည် ။

'' မေမေ...ကိုကိုကလေ....ကိုကိုက...''

'' ဆောနူ လေးလား...ဘာဖစ်လို့လဲ
သားငယ် မငိုပါနဲ့ မေမေကိုပြော ''

ထွေးပွေ့လာတဲ့ မေမေရဲ့ရင်ခွင်ထဲမှာ...
ကလေးလေး တယောက် လို...ပြိုလဲ ကျမိသည် ။

အဆက်မပြတ်ကျလာတဲ့ မျက်ရည်စတွေ....
ဆုံးရူံးစရာမရှိတော့တဲ့ ကျွန်တော် လို့ကြွေးကျော်ခဲ့တာ...ကျွန်တော် မှားသွားတယ်
အချိန်တွေနေ​ာက် ဆုတ်ပါရစေ...

_______☘_______

1months later

မေ့ပြစ်ဖို့အတွက်သိပ်တိုတောင်းလွန်းတဲ့အချိန်တခု...
ရောက်မလာချင်တဲ့အချိန်...

တိုက်တိုက်ဆိုင်ဆိုင်... အထက်တန်းနောက်ဆုံးနှစ်ရဲ့...စာမေးပွဲ...ဖြေဆိုရမည့်
အချိန်...

သိပ်ကိုနာကျင်ရတယ်...တွေးမိတိုင်း
ခဏခဏ နာကျင်ရလွန်းလို့အရေထူနေခဲ့ပြီ
ပြိုလဲနေလို့လဲ...သူပြန်လာတော့မှာမှမဟုတ်တာ...

𝐃𝐨 𝐨𝐫 𝐃𝐚𝐫𝐞Tempat cerita menjadi hidup. Temukan sekarang