part 9

790 93 20
                                    

အချစ် ဟာ...သိပ်ဆန်းကြယ်တယ်...။
အမှားတွေ အတ္တတွေ အတွက်
သည်းခံခြင်း.. ခွင့်လွှတ်ခြင်းဟာ...မင်းကိုချစ်တဲ့ အချစ်ကြောင့် ဖြစ်တည်လာ
တဲ့အထိ ဆန်းကြယ်တယ် ...။

ဆောနူ တို့ အသစ်ပြောင်းရွေ့လာတဲ့ နေရာဆီသို့...၃နှစ် ကြာမှပထမဆုံး...ရောက်လာတဲ့ နီခီ...

'' မေမေ...နီခီပါလာတယ်...''

အရင်တိုင်း နုပျိုဆဲ ဖြစ်တဲ့ ဆောနူ မေမေက
မပြောင်းလဲ...နွေးထွေးစွာပြုံးရယ်ရင်း  ကြိုဆိုလျက်

''ဟုတ်လား...! ကြည့်စမ်း ပါအုံး အရပ်ကြီး ရှည်ပြီး ချောလာလိုက်တာ.....အန်တီ ညစာ   ထမင်းပွဲ ပြင်နေတာ ပြီးဘီ...လာဝင်ထိုင်လိုက် ''

'' ဟုတ်.. ဟုတ်ကဲ့ ''

ထမင်းစားပွဲတွင် အသာဝင်ထိုင်ရင်း...
အနေရအထိုင်ရခက်စွာ....

ဆောနူ တို့က မောင်နှမသုံးယောက် ရှိသည် ။
အစ်ကိုကြီး က ဟာရုနဲ့ လက်ထပ်ပြီး အိမ်ခွဲ နေတာဖြစ်သောကြောင့်...ဆောနူမမ နဲ့ ဆောနူ ကသာ မေမေနဲ့ ဖေဖေနဲ့  အတူ နေရင်းပင်

လေးထောင့် ထမင်းစားပွဲ ထိပ်တည့်တည့် နေရာ တွင်...ဆောနူ ရဲ့ ဖေဖေ....
ညာဘက်ခြမ်းတွင် ဆောနူရဲ့ မေမေနဲ့...အစ်မ
ဖြစ်သူ အတူထိုင်ပြီး....
ဘယ်ဘက်ခြမ်းမှာ တော့...ဆောနူ နဲ့ နီခီ...

နွေးထွေး ပြီး စုံလင်တဲ့ မိသားစု ထမင်းဝိုင်းလေးကိုကြည့်ရင်း...နီခီ မေမေကို သတိရလာသည် ။

နှစ်ယောက် ဖဲ ရှိတဲ့ ထမင်း ဝိုင်းလေးက...
အမြဲတိတ်ဆိတ်စွာ....တခါတရံမှာ အတူတူတောင်မစား ဖြစ်ခဲ့တဲ့ နေ့ရက်တွေကရှိသေးသည် ။

'' နီခီထည့်စားလေ..သား အားမနာနဲ့  ''

'' ဟုတ်...''

'' ရှင့်ကို ရှိန်နေတာ ဖြစ်မှာ...ရှင်က ဒီကလေးငယ်ငယ်ထဲက တစိတ်ရှိ ဒေါသထွက်ပြီး အမြဲဆူနေခဲ့တာဆိုတော့...''

'' ဟား..ဟား...ဒီလိုဆိုရင် အန်ကယ်လ် တောင်းပန်တယ်ကွာ...မင်းက သိပ်ဆော့ တာကိုး...ငယ်ငယ်က...အခုကျလည်း လူကြီး ပေါက်စလေးကိုဖြစ်လို့..
တည်ငြိမ် လာသလိုဖဲ ''

'' အဲ့လိုမဟုတ်ပါဘူး အန်ကယ်လ် ''

'' ကောင်မလေးကော ရှိနေပြီလား? ''

𝐃𝐨 𝐨𝐫 𝐃𝐚𝐫𝐞Where stories live. Discover now