8

762 143 4
                                    

ကော်ဖီစေ့တွေကို လှော်နေရင်း သင်းပျံ့စွာ ထွက်ပေါ်လာတဲ့ ကော်ဖီရနံ့ကို အားပါးတရ ရှူရှိုက်လိုက်သည်။
မီးဖို​ပေါ်ရှိ ဗန်းထဲက ကော်ဖီစေ့တွေဟာ အစိမ်းရောင် ကနေ တဆင့် တဖြည်းဖြည်းနဲ့ အညိုရောင် အဖြစ်သို့ပြောင်းလဲလာသည်။
သူမ က Barista လက်မှတ် ရထားသူတစ်ယောက်ဆိုသော်လည်း ဒီ Breakup Sonata မှာတော့ တစ်ခါမှ ကော်ဖီမဖျော်။
သူမ ချစ်ရတဲ့ အမျိုးသမီး က ကော်ဖီကို စွဲလန်းနှစ်ခြိုက်တယ် အဲ့ဒါကြောင့်သာ သူမ သင်တန်းပါတက်ပြီး လက်မှတ်ရအောင်ယူခဲ့တာ တစ်ယောက်သောသူအတွက် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။
မမ အကြောင်း တွေးမိတော့ ဘယ်ဘက် ရင်အုံက
စူးကနဲ ဖြစ်သွားသည်။
မွန်တီ့ကိုသာ ပြောလိုက်ရင် သူမကို ချက်ချင်း ECG ဆွဲချင်ဆွဲခိုင်းနေမှာ
အရင်တုန်းက ဆရာဝန်တစ်ယောက်ဖြစ်ခဲ့တဲ့ မွန်တီ ဟာ ဆေးစာအုပ်တွေက လွဲရင် ဘယ်သူ့ကိုမှ ချစ်ဖို့ မစဥ်းစား လိုင်လာ က အစပေါ့။

အရသာရှိတဲ့ကော်ဖီတစ်ခွက် ရဖို့ မလွယ်ပေမဲ့လည်း ခက်တော့မခက်ခဲလှ။
ဒါပေမဲ့ ဘာကြောင့်များ မွန်တီ က ကော်ဖီဖျော်တဲ့နေရာမှာ လုံးဝကိုပြီးပြည့်စုံစွာနဲ့ အရသာ မရှိအောင် ဖျော်တတ်လဲ သူမ လည်း နားမလည်။

"လာရီယာ''

သူ့အကြောင်းတွေးနေတုန်းရှိသေး အနားကိုရောက်လာသည်။

"နင့်ကောင်မလေး ရောက်နေတယ်''

သူ့စကားကြောင့် သူမ ပင် ကြောင်နန ဖြစ်သွားသည်။

"ဘယ်သူလဲ''

"မနေ့က နင်အပြင်ထွက်ပြီးစကားသွားပြောတဲ့တစ်ယောက်လေ''

"အဲ့ဒါ ဘာလို့ငါ့ကောင်မလေး ဖြစ်ရမှာလဲ''

"အေး သူရောက်နေတယ် ဆိုင်ဖွင့်ချိန်လည်းမရောက်သေးပဲနဲ့ ဘာလို့လာတာလဲ မေးတော့ နင်နဲ့စကားပြောချင်လို့တဲ့''

"သြော်''

"သွားလိုက်ဦး''

"ရော့ ဒါကို ဆက်လှော်ထား ဟိုတစ်ခါကလို မည်းနက်မသွားနဲ့ဦး နောက် ၁၀ မိနစ်ဆို ချလို့ရပြီ''

"Ok''

ဆိုင်နဲ့ မလိုက်ဖက်စွာ ခမ်းနားလှတဲ့ ပီယာနို ကို စူးစိုက်ကြည့်နေတုန်း ကော်ဖီရနံ့ ကို ခံစားမိလိုက်သည်။

ᘜYᑭՏY ՏOᑎᗩTᗩWhere stories live. Discover now