13

765 140 3
                                    

အသိစိတ်ဝင်လာချိန်မှာ မျက်လုံးတွေကို ဖွင့်လိုက်သည်။
မြင်ကွင်းထဲ ဝင်လာတာ က ရင်းနှီးသော မျက်နှာကြက်တစ်ခု။
ပြီးတော့ သူမကို ငုံ့မိုး ကြည့်နေသော လူတစ်ယောက်။

"နိုးပြီလား''

မျက်လုံးကို တစ်ချက်နှစ်ချက် ပုတ်ခတ်ပုတ်ခတ် လုပ်ပြီးမှသာ မွန်တီ့ရဲ့ ရုပ်ကို ကြည်လင်စွာ မြင်ရတော့သည်။

"နင်က ဘာလို့ငါ့အခန်းထဲ ရောက်နေတာလဲ''

"နင်ကိုယ်နင် ဘာဖြစ်သွားလဲရော သိရဲ့လား''

မွန်တီ ပြောမှ ကိုယ့်ကိုကိုယ် သတိထားကာ ​ကြည့်လိုက်တော့ လက်မှာ cannula စိုက်ထားလျက်သား

"ငါ့ကို ဘာလို့ ဆေးသွင်းထားတာလဲ''

"ဘာဖြစ်ရမှာလဲ ညက နင် ဟိုတစ်ယောက်ပေါ် လဲကျသွားတာလေ''

"ဟင်''

ညက အဖြစ်အပျက်ကို ပြန်စဥ်းစားပေမဲ့ ဝိုးတိုးဝါးတား ဖြစ်နေတာမို့ သိပ်ပြီးတော့မမှတ်မိချင်။
ရိုဇန်ပါ့ခ် ကို စကားတွေပြောနေတာတော့သိသည်။
ဒါပေမဲ့ ဘာစကားတွေပြောခဲ့လဲ ရေရေရာရာ မသိ။

"ဝိုင်သောက်ပြီးမူးသွားတာကို ဆေးသွင်းဖို့လိုလို့လား''

"ဝိုင်နှစ်ခွက် လောက်သောက်ပြီး ဘယ်သူမှ အဲ့လောက်ထိ မမှောက်ဘူး ပြီးတော့ နင့်ကိုသွင်းထားတာ
Glucose နဲ့ Vitamin ပေါင်းထားတာ လာရီယာ နင်သွေးပေါင်ချိန်ကျပြီး အားနည်းလို့မူးသွားတာ
နင်လုပ်နေတဲ့အလုပ်တွေထဲက တစ်ခုခုကို ဖြတ်ပြီးအနားယူသင့်တယ် ''

"အင်း''

"အင်း တစ်လုံးနဲ့ မပြီးဘူး''

"အေးပါဟာ ငါစဥ်းစားပါဦးမယ် ငါ့ကို ဒါပြန်ဖြုတ်ပေးဦး ဟိုမှာ ဆေးကုန်နေပြီ ထပ်သွင်းဖို့ လိုသေးလား ငါတော့ အားဖြည့် သွားသလို ခံစားနေရပြီ''

"အေး''

မွန်တီက သူမ လက်မှ cannula ကို ပြန်ဖြုတ်ပေးနေသည်။

"ဒါနဲ့ ညက ဘယ်လိုဖြစ်သွားသေးလဲ''

"အကုန်လုံးကတော့ နင့်ကို မူးပြီးမှောက်သွားတယ်ပဲ ထင်နေကြတာ''

ᘜYᑭՏY ՏOᑎᗩTᗩWhere stories live. Discover now