🔞Part - 11

13.7K 819 183
                                    

                        *ကျေးကျွန်*

🍑 Unicode

‌jiminတယောက်၂ရက်လောက်ကြာ‌တော့သတိပြန်လည်လာသည်........

"သား သားလေး သတိရပြီလား"

namjoonတယောက်စိုးရိမ်တကြီးနဲ့ပင်
မျက်ရည်များလည်းဝဲလို့ ကုတင်ပေါ်ကသားကိုစိုးရိမ်တဲ့အပြင် သွေးအရင်းမဟုတ်တဲ့သားကိုလည်းစိတ်ပူနေသည်
namjoonဘေးကjinလည်းမျက်ရည်တွေနဲ့တုန်လှုပ်နေဟန်......

"သား အဆင်ပြေလား ဒဏ်ရာကနာနေလား"

namjoonမေးတော့ လှဲနေတဲ့jiminကပြုံးပြလာပြီးသက်သာတယ်ဆိုတဲ့အကြောင်းကိုပြောလာသည်

"ကျွန်တော် အဆင်ပြေပါတယ် ဦးလေး....."

"အေးပါကွယ် သားတို့ကိုပစ်ထားခဲ့မိလို့တောင်းပန်ပါတယ် သားရယ်"

"ရ ရပါတယ်ဦးလေး......ဒါနဲ့ဦးလေးတို့ဘယ်လိုရောက်လာကြတာလဲ"

"ဦးလေးတို့ကသားဓါးထိုးခံရတဲ့နေ့ကရောက်တာ.....အခုဆိုသားသတိပြန်မရတာ၂ရက်ရှိပြီ ဒီနေ့မှသားသတိပြန်ရလာတာလေ"

"ဒါဆို ကျွန်တော်သတိမေ့နေတာ၂ရက်ရှိနေပြီပေါ့ဟုတ်လား"

"ဟုတ်တယ်သား"

ထိုအချိန်စားပွဲပေါ်တင်ထားတဲ့jinရဲ့ဖုန်းမြည်လာတာနဲ့jinတယောက်အပြေးအလွှားကောက်ကိုင်လိုက်တယ်.......

jinဖုန်းကိုင်တော့တဖက်လူပြောတဲ့စကားကြောင့်jinတယောက်ရင်ကွဲမတတ်မျက်ရည်ကျကာဖုန်းချလိုက်ပြီးnamjoon
ဆီ‌ပြေးသွားကာငိုချတော့သည်

"အကို ကျမတို့သားလေး.....ဟင့်......
သားလေးကိုဘယ်မှာမှရှာလို့မတွေ့ဖူးတဲ့ ကိုယ်ရယ်လုပ်ပါအုံး ကျမသားလေးကိုပြန်ရှာပေးပါ"

အသိစိတ်လွှတ်ပြီးငိုယိုနေတဲ့jinကိုလဲပြိုမသွားအောင်namjoonပွေ့ဖက်ကာထိန်းထားသည်

"taehyungလေးကိုရှာလို့မတွေ့ဖူး ဟုတ်လား ဦးလေး"

စကားဖြတ်ပြီး၀င်မေးလာတဲ့jiminကြောင့်namjoonဘာပြန်ပြောရမလဲမသိပေ

"ဟုတ်တယ် taehyungပျောက်နေတယ်"

"ဘာ! ဘယ်လိုဖြစ်တာလဲဦးလေး "

ေက်းကြ်န္🔞 (vmin) ကျေးကျွန်🔞Where stories live. Discover now