🔞Part - 12

12.9K 772 165
                                    

*ကျေးကျွန်*

🍑 Unicode

နာရီလက်တံတွေတရွေ့ရွေ့လည်နေ‌ရင်း၁နှစ်ဆိုတဲ့အချိန်ကဘယ်လိုကုန်သွားမှန်းမသိပေ
ရာသီတွေလည်း‌အပြောင်းလဲမြန်ကာ ကြေကွဲနေတဲ့နှလုံးသားလေးကဘယ်လိုမှ
ကြံ့ကြံ့မခံနိုင်တော့ပေ

အချစ်ဆိုတဲ့အရာကသိပ်ကြောက်ဖို့ကောင်းလှတယ်.......တခါတလေ‌အချစ်ကိုထုတ်ဖော်ပြသတဲ့နည်းလမ်းမှားခဲ့ရင်နောင်တဆိုတာကတသက်စာဒဏ်ခတ်လို့
တစ်ဘ၀လုံးအပြစ်ရှိခဲ့ပါလားဆိုပြီးမျက်ရည်တွေနဲ့ကျန်ရစ်ခဲ့ရတဲ့အဆုံးသတ်ဖြစ်ပေလိမ့်မယ်..........

ချစ်ခြင်းတရားကနူးညံ့တဲ့အခါနှလုံးသားအစုံပေါင်းစည်းရပေမယ့်.....ချစ်ခြင်းတရားကရက်စက်တဲ့အခါ အပြစ်မရှိတဲ့သူတွေပါနာကျင်ရသည်မှာအမှန်ပင်.....

‌နူးညံသောချစ်ခြင်းတို့သည်ကား တခါတရံလောင်မြိုက်သောဝေဒနာတို့ကို
ပေး၍ဖျောက်ဖျက်မရ‌သောအမာရွတ်ချန်ခဲ့၏......ရက်စက်သောချစ်ခြင်းတို့သည်ကား နောင်တနဲ့မျက်ရည်ကိုသာကျန်ရစ်စေခဲ့သည်.........

အရင်က မတရားတွေနှိပ်စက်လွန်းလို့ မျက်စိအရှေ့မှာမြင်တိုင်းကျိန်ဆဲမိ၍နာကြည်းရပေမယ့် အခုတော့ထိုသို့နှိပ်စက်ခဲ့တဲ့သူကိုသာတောင်းတနေမိသည်.........သူထွက်သွားတုန်းကအမှတ်တရအဖြစ်ဆိုပြီးကျွန်တော်တို့ငယ်ငယ်ကဓါတ်ပုံလေးကိုယူသွားတယ်...
ကျွန်တော့်ကိုကျတော့လွမ်းရင်ဖွင့်ဖတ်လို့ရအောင်စာတစောင်တောင်ချန်မထားခဲဖူး

ဒါပေမဲ့လည်း သူပေးခဲ့တဲအမာရွတ်တွေကပဲကျွန်တော့်အတွက်တစ်သက်စာအမှတ်တရလိုပင် သူ့ကိုသတိရတိုင်းထိုအမာရွတ်ကိုသာကြည့်မိသည်........

အညိုပုတ်ရောင်ဖြစ်နေတဲ့ထိုအမာရွတ်က
မနာတော့ပေမယ့် ကျွန်တော့်မျက်လုံးအစုံနဲ့မြင်မိတိုင်းရင်ထဲကတဆစ်ဆစ်နဲ့နာကျင်ရပါသည်........

တစ်ခါတလေသူ့အကြောင်းစဉ်းစားမိရင်
မဆင်မခြင်လုပ်တတ်တဲ့သူ့ကိုစိတ်ရှိလက်ရှိရိုက်ပစ်လိုက်ချင်ပေမယ့် တကယ်တမ်းကျသူ့ကိုမြူမှုန်လောက်ထိခိုက်မှာကိုတောင်
မလိုလားတဲ့ကျွန်တော်က သူ့အပေါ်လက်တင်‌ဖို့ဆိုတာသံသရာမှာမဖြစ်နိုင်လောက်တဲ့အကြောင်းပြချက်တခုသာလျှင်...

ေက်းကြ်န္🔞 (vmin) ကျေးကျွန်🔞Where stories live. Discover now