"ညက မင်းဘယ်သွားနေလဲ..."
မနက်ခင်းဂါရဝပြုဖို့ အလယ်ဧည့်ခန်းမထဲ ဝင်လာတဲ့ သားငယ်ကို နန်းရင်းဝန် ဝမ် လှမ်းမေးလိုက်တယ်....
ဝမ်အငယ် ကတော့ ဘာမှပြန်လည်ဖြေကြားခြင်းမပြုပဲ ဝမ်နန်းရင်းဝန်ကို ဒူးထောက်ဂါရဝပြုတယ်.....
တညလုံး မအိပ်နိူင်ခဲ့တဲ့ နန်းရင်းဝန် ဝမ်က နီရဲနေတဲ့ သူ့မျက်လုံး တွေကို ပွတ်ရင်း....
" ငါ မင်းကို အကြိမ်ကြိမ်ပြောခဲ့...သတိပေးခဲ့ပြီနော်...ပြီးမှ..."
" ကျွန်တော့်ကိစ္စကို ကျွန်တော် ပဲ ဖြေရှင်းပါရစေ အဖေ..."
" ရပ်စမ်း..."
ဂါရဝပြုပြီး အပြင်ပြန်ထွက်ဖို့ပြင်နေတဲ့ သားငယ်ကို နန်းရင်ဝန် ငေါက်ငမ်းလိုက်တယ်..ပြီးမှ...
"အပျော်ရှာရုံသက်သက်ပဲဆိုရင်တော့ ငါဘာမှမပြောလိုဘူး...အေ..ငါတို့အသိုင်းအဝိုင်းထဲအထိ သူ့ကိုခေါ်သွင်းဖို့ကြံနေတယ်ဆိုရင်တော့ မင်အဖေ အလောင်းပေါ်က ကျော်ဖြတ် ပြီးမှ ရမယ်...."
"......"
" ငါတို့ အသိုင်းအဝိုင်း ထဲကို ဒီလိုလူမျိုးတွေ အဝင်မခံသလို ခွင့်လည်း မပြုနိူင်ဘူး.."
" ကျွန်တော် သိပြီ..."
ကျောခိုင်းပြီး အေးစက်စက်ပြောနေတဲ့ သားငယ်နောက်ကျောကို နန်းရင်းဝန် အားမရသလိုကြည့်ရင်း....
" အဖေပြောတာနားထောင်ပါ...ငါ့မှာ တရားဝင်သားနှစ်ယောက်ပဲရှိတယ်...ဝမ်မျိုးရိုး ခိုင်ခိုင်မာမာရပ်တည်နိူင်ဖို့... ဝမ် မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာအတွက်...."
" အဲ့ဒါကြောင့်ပဲ အဖေ အမေ့ကို လက်ထပ်ခဲ့တာလား..."
"....ဘာ! "
"မျိုးရိုး....ဂုဏ်သိက္ခာ..သြဇာအာဏာ....ဒါတွေကြောင့်ပဲ အဖေ အမေ့ကို လက်ထပ်ခဲ့တယ်.....ဒါတွေ့ကြောင့်ပဲ အစ်ကို အိမ်ထောင်ရေးကို အဖေ စိတ်ကြိုက် စီမံခဲ့တယ်.....ကျွန်တော် ခုထိ မမေ့သေဘူး..."
"......."
" အမေ ဘယ်လို ဆုံးပါးသွားခဲ့တာလဲ ဆိုတာနဲ့ အစ်ကို့ ရည်းစား ဘယ်လိုကိုယ့်ကိုကိုယ်သေကြောင်းကြံသွားလဲဆိုတာကို....."