Description

2.5K 161 7
                                    

Unicode


လျို့ချွမ်ဟူသည့် အမျိုးသားငယ်မှာ  နောက်ခံအင်အားကြီးမားတဲ့မိသားစုကနေ ဆင်းသက်လာတဲ့ သခင်လေးတစ်ယောက်ဖြစ်လေတယ် ။ ဖခင်ဖြစ်သူက လူသိများကျော်ကြားတဲ့ ပါမောက္ခတစ်ယောက်ဖြစ်ပြီး အမေဖြစ်သူကတော့ ချမ်းသာကြွယ်ဝတဲ့မိသားစုမှ ဆင်းသက်လာတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ။

လူအနည်းငယ်မှလွဲပြီး တစ်ကမ္ဘာလုံးမသိထားသည်ကတော့ လျို့ချွမ်သည် နိုင်ငံအတွင်းမှာရှိတဲ့ e- sport ပြိုင်ပွဲများတွင် အောင်မြင်ကျော်ကြားသည့် ပထမအဆင့်ရှိနတ်ဘုရားဖြစ်နေသည် ဆိုသည့်အချက်ကိုပဲ ။ သူက သူ့ရဲ့အသင်းကိုဦးဆောင်ကာ ပြိုင်ပွဲအမျိုးမျိုးကိုအနိုင်ယူခဲ့ပြီး နိုင်ငံထဲတွင် နှစ်ကုန်Grand Slam ကို အနိုင်ရတဲ့တစ်ခုတည်းသောအသင်းဖြစ်လာစေခဲ့တယ် ။ သို့သော်လည်း တစ်နေ့တွင်တော့ ထိုသူက မမျှော်လင့်စွာနှင့် ပျောက်ကွယ်သွားခဲ့ပြီး ကိုယ်ရေးကိုယ်တာကိစ္စတချို့ကြောင့် e-sport ပြိုင်ပွဲလောကထဲမှ အနားယူသွားခဲ့တယ်။

ပြီးနောက်မှာတော့ သူ၏ကျောင်းပိတ်ရက်တွေကုန်ဆုံးချိန်အထိ သူ့မိဘများရဲ့သဘောဆန္ဒအတိုင်း ဆောင်ရွက်ပေးခဲ့ရပြီး ကျောင်းပြန်တက်ရချိန်မှာတော့ အခန်းနံပါတ်(301)တွင် နေထိုင်ဖို့ဖြစ်လာခဲ့တယ်။

ထိုအခန်းထဲတွင်နေထိုင်သော အခန်းဖော်ကျောင်းသားများမှာ ဂိမ်းကိုစွဲလမ်းရူးသွပ်စွာဆော့ကစားနေသူများဖြစ်ပြီး အောင်မြင်ကျော်ကြားသည့် ကျွမ်းကျင်ကစားသမားများကို လေးစားအားကျနေသူများဖြစ်သော်လည်း သူတို့ထင်မထားမိခဲ့သည်ကတော့ သူတို့၏အသန်မာဆုံးသော ပထမအဆင့်ရှိနတ်ဘုရားကြီးက သူတို့၏အခန်းဖော်ဖြစ်နေလိမ့်မည်ဟူသောအချက်ကိုပင်။

***

Unicode





***

အင်အားအကြီးမားဆုံးနတ်ဘုရား [online Gaming] (Myanmar Translation) Where stories live. Discover now