SOMETHING LIKE LOVE (10)

1.4K 168 11
                                    

Unicode



Something Like Love

သူမ ဒီနေ့ အိမ်တန်းမပြန်ပဲ
Joohyun ရဲ့ဆိုင်သို့ ဝင်လာရသည် ။
အကြောင်းအရင်းကတော့ ဒီနေ့ Joohyunရဲ့ဆိုင်ခွဲ
ဖွင့်ခြင်း အထိမ်းအမှတ်နဲ့ ဂုဏ်ပြုပွဲကျင်းပမည်
ဖြစ်သောကြောင့်...။

Jisooအပြင် တခြားJoohyun ရဲ့
သူငယ်ချင်းတွေလည်း လာမယ်တယ့် ။
စောနက အတန်းပြီးပြီးချင်း Jisoo ကို
ဖုန်းဆက်ကြည့်တော့ ဆိုင်ကိုတောင် ရောက်နေပြီ
ပြောသည် ။
ပြီးတော့ မြန်မြန်လာခဲ့ပါ..တွေ့ချင်နေပြီတယ့်  ။

ဟိုရောက်ရင်  Joohyun ရှေ့မှာ
မရိပ်မိအောင် ဟန်ဆောင်ပြီးနေကြရအုံးမည် ။
တကယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်
ဘေးချင်းကပ်ထိုင် ၊ အတူတူစားသောက်ပြီး
တီတီတာတာတွေ ပြောနေသင့်တာ...။

" အော်...Jennie ရောက်ပြီလား
ဒုတိယထပ်က သီးသန့်ခန်းထဲကို သွားလိုက်..
အဲ့မှာ wendy တို့ရှိတယ်...ပြီးမှ ငါလာခဲ့မယ် ။
အခုတော့ ဒီကမိတ်ဆွေတွေကို ဧည့်ခံလိုက်အုံးမယ် " 

သူမအား joohyun ကပြောသည်  ။
ပထမထပ်တွင် ဝန်ထမ်းတွေ ၊ သာမာန်အသိမိတ်ဆွေ
တွေချည်းသာ ရှိသည် ။
ကြည့်ရတာ သူ့ရဲ့သူငယ်ချင်းအုပ်စုတွေကို
ဒုတိယထပ်မှာ သီးသန့် ကျွေးတယ်ထင်ပါရဲ့...။

ဒုတိယထပ်ရောက်တော့ သူမကို
ထောင့်တစ်နေရာကနေလှမ်းပြီး လက်ယက်ခေါ်နေသော
Jisoo ကြောင့် သူမ ပြုံးလိုက်မိသည် ။
ပြီးတော့ အောက်ထပ်က Joohyun
တက်မလာခင် သူခေါ်တယ့်နေရာဆီ
အပြေးလေး သွားမိတယ် ။

စားသောက်ပွဲရှိတယ့် အခန်းထဲ
မသွားသေးဘဲ နှစ်ယောက်သား အရင်လာတာက
ထောင့်စွန်းက စတိုခန်းလေးဆီ...။

" ကလေးကို အရမ်းလွမ်းနေတာ..."

jisoo က သူမရဲ့ အနောက်ကနေ
သိုင်းကာဖက်ရင်း သူမ၏ ပုခုံးပေါ် မှေးလေးတင်ကာ
ပြောသည် ။

" အဲ့လိုဆိုပြီး လာကျတော့မတွေ့ဘဲနဲ့ ။ အမြဲတမ်း
အလုပ်..အလုပ်နဲ့ဆိုပြီး ဟိုသွားလိုက် ဒီသွားလိုက်နဲ့ "

သူမ ပြောတော့ jisooက ခပ်သဲ့သဲ့လေးရယ်ပြီး..

" အော် ကလေးရယ်..ကိုယ်က photographer
လေကွာ..အလုပ်အပ်တယ့်လူ လိုချင်တယ့်
နေရာကို သွားပြီး ဓာတ်ပုံရိုက်ပေးရတာ...
ကိုယ်သွားချင်လို့ သွားတာမှ မဟုတ်ဘူးလေ..."

Something Like Love Where stories live. Discover now