Ep-21 (uni+zawgyi)

184 17 2
                                    

Unicode

ကလောမြို့မစျေးထိပ်ရောက်တော့ ဆိုင်ကယ်ကိုဘေးချရပ်လိုက်သည်။ ရပ်လိုက်ပြီးတော့ ကိုယ်လဲဆိုင်ကယ်ပေါ်က ခွဆင်းလို့ ဒေါက်ထောက်ပြီးတာတောင် မဆင်းဘဲဘာလုပ်နေလဲမသိတဲ့ ပူတင်းတစ်ယောက်ကို သန့်ရှိန်ဘာဖြစ်နေသလဲ သေချာပြန်​မေးယူရမည်ဟု မှတ်ထားလိုက်သည်။

"မဆင်းဘူးလား မင်းရယ် ရောက်နေပြီလေ အိပ်များပျော်နေသလား''

"ဆင်းမှာပါ ဘယ်လိုဖြစ်နေတာတုန်း''

နှုတ်ခမ်းတစ်လန်ပန်းတစ်လန်းနဲ့ စွာတေးလန်နေပါ့ရောလား ဒီကောင်လေး။

ပြောပြီးတော်တော်ကြာတဲ့အထိ အဲ့ဒီ့အတိုင်းခွရပ်ကြီး မဆင်းသေးတာကြောင့် သန့်ရှိန်မျက်မှောင်ကြီးကုတ်ပြီး မေးလိုက်သည်။

" ဟော ဆင်းမယ်ဆို ဘာလုပ်နေတာတုန်း ကိုယ့်ဆိုင်ကယ်မှာ ကော်တွေဘာတွေမကပ်ထားပါဘူး ဘာများဖြစ်လို့လဲ ကိုယ့်ကိုပြော''

"...''

သန့်ရှိန် မသင်္ကာတော့တာကြောင့် ကောင်လေးကို ဆိုင်ကယ်တစ်ပတ်ပတ်ကြည့်တော့ တွေ့ပါပြီ။ ဝတ်ထားတာဒူးလောက်ဂျင်းပင်အကားလေးကို ပေါ်နေတဲ့ခြေသလုံးလေးက ဆိုင်ကယ်အိတ်​ဇောပိုက်နဲ့ထိထားတယ်ထင်ပါတယ် အသားဖြူသူမို့ ရဲလို့။

" ဥာဏ်မင်းထက်!!!''

"ဗျာ...ဗျာ ဖြည်းဖြည်းအော်ပါ ခင်ဗျားကလည်း လူတွေနဲ့ကို''

ဘေးဘီဝဲယာတစ်ချက် ဝေ့ဝဲကြည့်မိတော့ စျေးရောင်းသူတွေ၊ ဖြတ်သွားဖြတ်လာအန်တီကြီးက ကွက်ကြည့် ကွက်ကြည့် တိုင်းရင်းသားအန်တီကြီးတွေကတော့ ပေါ်တင်ကြီးတွေကို လှမ်းရှိုးနေကြသည်။ အသံကို လျှော့နိုင်သမျှလျှော့ပြီးသာ ဆူဖို့ပြင်ရသည်။

"နာနေတာကို ပြောပါ့လား အခုကြည့်ဦးရဲလို့ အမာရွတ်ကျန်ခဲ့တာမျိုးဖြစ်ရင် ဘယ်လို​လုပ်မလဲ ဒီနေ့မင်းဘာဖြစ်နေတာလဲ ကိုယ့်ကိုပွင့်ပွင့်လင်းလင်းပြော အရမ်းနာနေမယ့်ဟာကို ကြိတ်မှိတ်သည်းခံနေတယ်တဲ့ အပြောနဲ့ဘယ်တော့မှာမလွတ်ဘူး''

" ဆူမှာသိလို့လေ အခုလိုခင်ဗျားဆူမှာသိလို့မပြောတာ''

"ဆူစရာလုပ်ရင်တော့ ဆူရမှာပဲ လုပ်သင့်လားဒါက ပြန်စဥ်းစား ပြီးတော့ သန့်ဦးရှိန်မင်းဆိုတဲ့ကိုယ်ပိုင်တဲ့​အရာတွေကို လက်လွတ်စပယ်မလုပ်နဲ့''

ကလောမြေ သက်သေတည်၍ချစ်သည်Where stories live. Discover now