Ep-24 (Uni+Zawgyi)

200 15 10
                                    

Unicode

ပုဂံရဲ့ အညာဒေသပတ်ဝန်းကျင်အခြေအနေလေးဟာတော့ဖြင့် ဆရာကြီးမင်းသုဝဏ်၏ ကဗျာတစ်ပုဒ်ထဲက လိုပင်။

ရာသီကြာညောင်း ကြွေရွက်ဟောင်းကို
တစ်ပေါင်းသစ်ပင် ရွက်နုဆင်၍
မကြင်သဘော မေ့အံ့လော ..။
​ခေတ်ကုန်လွင့်မျော တေးဂုဏ်လျှောကို
ဥသြငှက်ပျို တေးသစ်ဆို၍
မချိုသဘော မေ့အံ့လော။

သန့်ရှိန်နှင့်ပူတင်း ဟိုတယ်တွင်သာ မနက်စာစားခဲ့ကြသည်။ ဟိုတယ်က စထွက်ထွက်ချင်း မိုးစင်စင်မလင်းသေး။ စေတီတွေပေါ် ရစ်ခြုံနေတဲ့မြူတွေရယ် နေ့ခင်းဘက်နှင့်မတူလှစွာ အေးစိမ့်စိမ့်ရာသီဥတုလေးဟာ စိတ်အကြည်ဓာတ်ကို လွန်စွာဖြစ်စေပါ၏။

ဟိုတယ်ကနေ ကိုမောက်ကန်ရှုခင်းကြည့်တောင်ကုန်းကို စက်ဘီးတစ်ယောက်တစ်စီးဖြင့် သွားခဲ့ကြသည်။ ဟိုရောက်တော့ နေတောင်ထွက်စပြုနေပြီ။ ပူနွေးနွေးရာသီဥတုဟာ ဥသြငှက်သံနဲ့အတူ ရောက်လို့လာပြန်ပါပြီ။ သန့်ရှိန်မှာ ချစ်ရသူအသည်းညှာက အေးအေးလောလောဝတ်ပါစေရယ်လို့ ဖျင်ကြမ်းထည်(ချည်ထည်) လက်တို​အသားရောင်လေးဆင်ပေးထားတာကြောင့် အသားဖြူသူမို့ မြင်သူတိုင်းမျက်စိအေးစရာဖြစ်နေတော့သည်။

အညာနွေဆိုတော့ သိသည့်အတိုင်း တိုက်သည့်လေ​သော်မှ ဖျင်းဖျင်းထအောင်ပူလေတော့ ဖျင်ကြမ်းထည်ကလေးဝတ်ကြတာ သဘာဝနှင့် လိုက်ဖက်အောင် နေခြင်းမဟုတ်လား။

သန့်ရှိန်ဘေးကချစ်ရသူကို ကြည့်မိတော့ ကောက်ညှင်းကျည်တောက်လေးအလား။ ယောက်ျားပေသိ ဖွေးဖွေးဥဥကိုယ်လုံးလေးက မြေဆွေးရောင်ဖျင်ကြမ်းထည်လေးရယ်၊ ဘောင်းဘီပွပွရွရွနဲ့အတူ ပါးဖောင်းဖောင်းလေးက နေကာမျက်မှန်အောက်တွင် ဖက်ထုပ်လေးပမာတိုးထွက်နေသေးသည်။

နဖူးတွင်တော့ ချွေးစကလေးများက ဖက်ထုပ်ကလေးပေါင်းထားတာ ကျက်ချိန်တန်တော့ ရေငွေ့ပြန်သည့်ပမာ ခိုသီးနေ၏။ ကိုယ့်လက်ကို ကျစ်နေအောင်တွဲထားပြီး သေချာပါသည်။ နေကာမျက်မှန်အောက်က မျက်လုံးဝိုင်းဝိုင်းလေးဟာလည်း သာမာန်ထက်တည်ငြိမ်နေမည်မဟုတ်ပါလေ။

ကလောမြေ သက်သေတည်၍ချစ်သည်Where stories live. Discover now