အခန်း ( ၁၃ )
အကျိုးမပေးတဲ့ဘလူးတုလေး
( Unicode )
newyear ညမှာတစ်မနက်လုံးတော့ ဘာမှသိပ်မထူးခြားပေမယ့် ညနေဘက်မှစလို့စထူးခြားသည်။တစ်ခြားမဟုတ် အဆောင်မှုးရဲ့ မီးပုံပွဲလုပ်မယ့်အစီအစဉ်လေးပင်ဖြစ်သည်။အဆောင်ကလူအနည်းငယ် နဲ့အလုပ်သမားအနည်းငယ်တို့ကိုသာဖိတ်ထားပုံရသည်။မီးဖိုနဲ့ အကင်တွေကအစုံအလင်။အသီးအရွက်အသားငါးတွေ နဲ့ဘာဘီကျု လုပ်စားဟန်တူသည်။အအေးဘူးများတောင်ပါသေး။
ခြံထဲကိုဝင်ဝင်လာခြင်း သူတို့ကိုတွေ့လိုက်ရတဲ့အခါ ကိုမင်းစိတ်ထဲမှာ တွေးလိုက်တာက အဆောင်မှုးဆိုတဲ့ကျီးမကြီးဒေါင်းယောင်ဆောင်နေပြီ ဟူ၍သာ။နောက်ကွယ်မှာလူသတ်သမားကရှေ့မှာတော့ ကြင်နာတတ်တဲ့ပျော်ပျော်နေတတ်တဲ့သူကြီးပေါ့ဟူ၍။
ထို့နောက်သူ့ကို လှမ်းခေါ်လေသည်။
"ထင်အောင်မင်း ရေ ဒီကိုခနလောက်လာပါဦး"
".."အပြင်ကမောမောနဲ့ပြန်လာတာကို ဘာခိုင်းဦးမလည်းမသိဟုတွေးကာ။သူမျက်နာကြောတင်းတင်းနဲ့သွားလိုက်သည်။အနားရောက်တော့
"ဒီမှာဘလူးတုကဖွင့်လို့မရဘူးဖြစ်နေတယ် လုပ်တတ်ရင် လုပ်ပေးပါဦး"
ဘလူးတုဆောင်းဘောက်နဲ့ သီချင်းဖွင့်ဖို့သူတို့ပြင်ဆင်နေကြခြင်းပင်။သို့ပေမယ့် စက်က ဖုန်းနဲ့ချိတ်လို့မရဖြစ်နေတာကြောင့် သူ့ကိုလှမ်းခေါ်လိုက်ခြင်းဖြစ်သည်။
ထို့ကြောင့်သူလည်း သူ့ဖုန်းနဲ့ချိတ်ကြည့်တဲ့အခါရသွားတဲ့အခါရပြီဆိုကြောင်းပြောလိုက်သည်။"ဒီမှာရပြီ ချိတ်လို့ရတယ်"
"ဪအေး ရတယ်ဆိုပြီးတာပဲ ပျက်ပြီထင်လို့"ထို့နောက်ပတ်ဝန်းကျင်အနေအထားကိုရှိုးလိုက်တဲ့အခါ...လူတစ်ချို့ကိုတွေ့လိုက်ရသည်။ထိုလူများမှာ
ဈေးဆိုင်ပိုင်ရှင်အန်တီ၊ အလုပ်သမားယောက်ကျာ်းနှစ်ယောက်၊ လူစိမ်းအန်တီကြီးနှစ်ယောက်၊ ထွန်းကိုရဲ့ကောင်မလေးနဲ့ မျက်နာစိမ်းကောင်မလေးတစ်ယောက်တို့ရှိလေသည်။
YOU ARE READING
နှင်းဆီဖြူ
Humorဘဝပေးအခြေအနေတွေမကောင်း အကြွေးတွေကတောင်လိုမို့လာတော့ မြို့ကိုအလုပ်လုပ်ဖို့ရောက်လာတဲ့ လူတစ်ယောက် ဈေးပေါတဲ့အဆောင်တစ်ခုမှာပဲတည်းရဖို့ဖြစ်လာပါတယ်။ထိုအဆောင်က ဈေးအရမ်းသက်သာသလို သရဲလည်းအရမ်းခြောက်ပါတယ်။ပိုက်ဆံကလည်းမရှိတော့ သရဲအေခြာက်ခံပေတေပြီးဆက်နေတဲ့အ...