မန္တလေးမြို့။
သီတင်းကျွတ် လပြည့်ည။ စနေနေ့။
ည ၁၁ ခွဲ ။
နန်းခေါင်တင် စံအိမ်။
စံအိမ်အတွင်း၌ စံအိမ်သခင်
ဦးမင်းခေါင်တင်၏ ဇနီး
ဒေါ်တင့်တင့်ဝေသည် မီးဖွားခါနီး၍ ဗိုက်နာလှသဖြင့် ချွေးဆီးများပြန်ကာ အော်ဟစ်နေရလေသည်။"အမလေး နာလိုက်တာ ကိုမင်း ရယ် "
"ဆေးရုံသွားကြရအောင်နော် မိန်းမ"
"ဟင့်အင်း မသွားနိုင်တော့ဘူး။ ကျွန်မ
ကျွန်မသိတယ် ဆရာမကိုသာ မြန်မြန်ခေါ်လိုက်ပါရှင်"OGနှင့် ချိန်းထားသော ရက်
မရောက်သေးသည့် ကိုယ်၀န်ဆောင် ဇနီးသည်အတွက် စိတ်ပူလှလေပြီ။ဦးမင်းခေါင်တင်က သူငယ်ချင်း ဒေါက်တာမ ဒေါ်ဆွေဇင်ကို ဖုန်းအမြန်ဆက်ခေါ်လိုက်သည်။ပြီးနောက် ဇနီးသည်အနီးသို့ လျှင်မြန်စွာပြန်ရောက်လာသည်။
"သမီးလေးဖြစ်မှာပါနော် .. ကိုမင်း"
"ဖြစ်မှာပါကွာ ultrasound ရိုက်ထားတာပဲ"
ဦးမင်းခေါင်တင်က ဇနီးကို အားပေးကာ ပြောဆိုနေရသည်။ သားကြီးမွေးကတည်းက သမီးလိုချင်ခဲ့သော
ဇနီးသည်က ဤကိုယ်၀န်ကို သမီးလေး ဖြစ်စေချင်နေ၍ နာမည်ပင် ကြိုစဉ်းစားထားလေပြီ။"နုခေါင်ထွဋ်တင်" ဟူသတည်း။
***
ည ၁၂ နာရီ။
"အူငဲ အူငဲ အူငဲ"
ဟော ကလေးသံကြားရပြီ။ သမီးလေးများလား။
ဒေါက်တာ ဆွေဇင် ကလေးကိုပွေ့၍ အခန်းအပြင်သို့ထွက်လာသည်။သူမရမျက်နှာမှာ စိတ်မကောင်းခြင်းများစွာဖြင့် ငိုတော့မည်ပုံဖြစ်နေသည်။
"သူငယ်ချင်း
သမီးလေးလားဟင်"ဒေါက်တာသည် ခေါင်းကိုဖြည်းညင်းစွာ ခါလျှက် မျက်ရည်များကျလာသည်။
"မင်းခေါင်တင် သူငယ်ချင်း ..
တင့်တင့်ရယ်လေ "သူမ ဆက်မပြောနိုင်ပါ။
ဦးမင်းခေါင်တင် အခန်းအတွင်းသို့ အမြန် ပြေး၀င်ခဲ့လိုက်သည်။