အိမ်အောက်ထပ်၌ တစ်ယောက်တည်း
TV ကြည့်နေသော နုခေါင် သည် ပျင်းရိလာသောကြောင့် အိမ်အပေါ်ထပ်သို့ တက်လာခဲ့သည်။ကိုကို့အခန်းကို ချောင်းကြည့်လေတော့
စာအုပ်တစ်အုပ်နှင့် စာကြည့်စားပွဲမှာတွေ့ရသည်။ ကိုကို စာအုပ်ဖတ်နေပြီဆိုလျှင် သူနဲ့ ကစားပေးဖို့မှာ မသေချာပါလေ။
သူက အိမ်အောက်ထပ်သို့ပြန်ဆင်းလာခဲ့ပြီး မန်းကျည်ပင်ကြီးများအောက်ဆီသို့ ထွက်လာခဲ့တော့သည်။ဟင် အခြူးမ လည်းမရှိပါလား။
မန်းကျည်းပင်များ၏ မြောက်ဘက်ဆီနားက အိမ်လေးသို့ သူ ဆက်လျှောက်လိုက်သည်။
"မေချို ၊
မေချိုရေ""ဟေ သားလေး နုခေါင်ပါလား
ဘာစားချင်လို့တုန်း။ မေချို ဘာလုပ်ပေးရမတုန်း""ဟင့်အင်း ။ အခြူးမ ရှိလား မေချို"
"ရှိပတော် အထဲမှာ ။ မေချို သွားခေါ်လိုက်မယ်"
"ဟုတ်ကဲ့"
ဒေါ်ချိုချို အိမ်ထဲ ၀င်သွားပြီးနောက်
ခြူးမေခင် ဆိုသော ကောင်မလေး ထွက်လာသည်။ရဲနေသည့် နှုတ်ခမ်းသေးလေးများကို ထော်ထားသည့် ကောင်မလေးမှာ အသားဖြူသည့်အတွက် ပါးလေးများမှာလည်း နှင်းဆီရောင် ဖြန်းနေလေသည်။
"ပြော ဘာလဲ"
"အခြူးမ နင်ဆိုတာကလည်းနော်
ငါ့ကိုဆို ရန်တွေ့ဖို့ပဲ ""ဘယ်မှာရန်တွေ့လို့လဲ "
"ကဲ ထားပါ ကစားကြရအောင်ဟာ "
"အေး လာ။ ငါတို့ ဟိုနေ့က လုပ်ထားတဲ့ မုန့်တွေ ခြောက်နေပြီဟ"
မန်ကျည်းပင်အောက်မှာ ရွံ့ဖြင့်လုပ်ထားသော မုန့်ပုံစံလေးများမှာ အစီအရီ။
"အနု နင်ဟိုနေ့ကလို ငါ့ကို ရုပ်ဆိုးမလို့ ခေါ်ရင် နင်နဲ့မပေါင်းပဲ နေမှာနော်"
"ဒါဆို နင်လည်း ငါ့ကို အနုလို့ မခေါ်နဲ့"
"ဟဲ့ နင်တောင် အခြူးလို့ ခေါ်သေးတာပဲ"
"ဟာ ဘာနေနေဟာ မခေါ်နဲ့ မကြိုက်ဘူး"
"အေးဒါဆို ကိုကိုတို့ မေမေတို့ ခေါ်သလို နုခေါင်လို့ခေါ်မယ်"