အိမ်ရှေ့ ခြံထဲ၌။တရုတ်စံကားပင်အောက်က ဒန်းပေါ်တွင် ဆိတ်ငြိမ်စွာထိုင်၍ စာဖတ်နေသူမှာ ရဲခေါင်ထွဋ်တင် ဖြစ်သည်။
"ကိုကို "
ပြောင်တီပြောင်စပ်မျက်နှာဖြင့် သူရှေ့မှာ ရပ်နေတာက ညီမလေး ခြူး။
" ခြူးကလေး ပါလား။ နုခေါင်ကအိမ်ထဲမှာ ကာတွန်းကားကြည့်နေတယ် ၀င်သွားလေ"
"ဟင့်အင်း ကြည့်ချင်ပါဘူး။ ကိုကိုက ဘာစာတွေဖတ်နေတာလဲဟင် "
"ခြူးလေးက ဖတ်ချင်လို့လား"
ကိုကိုက ချိုသာစွာ ပြုံး၍ မေးလေတော့ တက်ကြွစွာ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့"
"ဟားဟား ဟုတ်ပါပြီ ကိုကိုလို လူကြီးဖြစ်လာမှ ပေးဖတ်မယ်နော်"
ဟုတ်သည်လေ ။ သူ ဖတ်နေတာက
တက္ကသိုလ်ဘုန်းနိုင်၏ "ညီမလေးရယ် စိုးရိမ်မိတယ်"။ ၂တန်းအရွယ် ကောင်မလေးက မကျေနပ်ဟန်ဖြင့် သူ့ဘေးမှာ ထိုင်ချလိုက်သည်။"ကိုကိုကလည်းနော်
ကိုကိုလည်း ဖေဖေကြီးတို့လို လူကြီးမဖြစ်သေးပါဘူး"ရဲခေါင်သည် အနားက ညီမလေးကို
ပြုံးပြကာ အေးချမ်းစွာ ချော့ရလေသည်။"ကဲ ဒီလောက်တောင် ဖတ်ချင်နေရင် ပုံပြင်တွေဖတ် ကိုကို ၀ယ်ပေးမယ်"
"ဟေး။ ဒါမှ ဒို့ကိုကို"
ကိုကို့ရဲ့ ခါးလေးကို အတင်းဖတ်ပစ်လိုက်တယ်။ ကိုကိုဆိုတာ ခုလိုပဲ သူမကို အမြဲအလိုလိုက်ခဲ့တာပဲလေ။
စာဖတ်ချင်လွန်းလို့ရယ် ဟုတ်ပါဘူး။
ကိုကို့ဘေးနားကနေ စာထိုင်ဖတ်ချင်လို့လေ။ကျေနပ်သွားသော ခြူးမေခင်သည်
တရုတ်စံကားပွင့်ကြွေလေးများကို လိုက်ကောက်နေတော့သည်။****
ခြူးမေခင် တစ်ယောက် ပုံပြင်စာအုပ်ထိုင်ဖတ်နေပါသော်လည်း ဘေးမှာက
ရဲခေါင်မရှိပါ။ ရဲခေါင်ထွဋ်တင်သည်
၁၀တန်းရောက်ပြီ ဖြစ်၍ ဘော်ဒါဆောင် သို့ ရောက်သွားလေပြီ။ဒီနေ့ တနင်္ဂနွေနေ့။ ကိုကို အပြင်ထွက်ခွင့်ရတဲ့နေ့မို့ သွားကြိုရန် ဦးဇော်ထွက်သွားတာ ကြာပြီ။ ကိုကို လာတော့မည်လေ။