Daddy

11.2K 347 7
                                    

unicode
.....
"လိုက်ဖမ်းစမ်း!..သူ့ကိုမမိမချင်းပြန်မလာနဲ့!"

"Yes Boss!"

နန်းတော်တမျှကြီးမားတဲ့ခြံဝင်းအတွင်းပြေးထွက်သွားသောလူအများ
အိမ်အတွင်းကဧည့်ခန်းထဲမှာတော့sofaပေါ်တွင်ဟန်ပါပါခြေချိတ်ထိုင်
ပြီးဆေးလိပ်သောက်နေသောလူသား
မျက်နှာမှာတော့ခက်ထန်မှုအပြည့်...ချောမောလွန်းသောမျက်နှာ
အနက်ရောင်ဆံနွယ်ရှည်...အပေါ်ကိုသပ်တင်ထားတာကြောင့်မြင်နေရ
သောနှာဖူးပြင်ကျယ်ကျယ်...တွန့်ချိုးနေသောမျက်ခုံး...ကြည်လက်တောက်ပသောမျက်ဝန်းအစုံ...နီဆွေးဆွေးနှုတ်ခမ်းတစုံကြားကိုက်ခဲထားသောဆေးလိပ်တိုတစ်ချောင်း....မေးရိုးထင်းထင်းနှင့်အတူမေးကျောတင်းတင်းတွေကဒေါသကိုမြိုသိပ်ထားမှန်းသိသာသည်...ထိုသို့အရာရာပြည့်စုံလွန်းသူကUndergroundရဲ့အရှင်သခင်အမှောင်လောကသားလူတိုင်းကြောက်ရတဲ့Kim Taehyung

ရက်စက်တယ်....နှလုံးသားမရှိဘူးဟုအများကပြောကြသည်
အချစ်မရှိ၊မေတ္တာမရှိဘဲနဲ့မွေးဖွားလာခဲ့တဲ့သူ့အတွက်အသက်အရွယ်အားဖြင့်သူ့ထက်2 နှစ်ငယ်တဲ့ကောင်လေးတစ်ယောက်ကပြောင်းလဲပေးခဲ့သည်လေ....လွန်ခဲ့တဲ့သုံးလလောက်ကအယောင်ပြCompanyအတွက် share ရှင်တွေနဲ့တွေ့ဖို့cafeတစ်ခုမှာဆုံရင်းအမှတ်မထင်တွေ့လိုက်ရတာကcounterမှာထိုင်ကာအိပ်ငိုက်နေတဲ့ကောင်လေးတစ်ယောက်....
ချစ်ဖို့ကောင်းသည်...လှသည်...အပြာရောင်ဆံပင်...မှိတ်ထားသောမျက်ခွံပေါ်ရှိအစိတ်ရောင်သွေးကြောလေးတွေ...နှာခေါင်းလုံးလုံးလေး...ဟနေသောပန်းဆီရောင်နှုတ်ခမ်းသား...ထိုအရာတွေကဘဲသူ့ကိုအမျိုးမျိုးဆွဲဆောင်နေသယောင်
အကြောင်းတွေကိုစုံစမ်းကြည့်လိုက်တော့
အမေတစ်ခုသားတစ်ခု...ဆင်းရဲတယ်...ကျောင်းတက်ရင်းအလုပ်လုပ်နေတာတဲ့

သူနဲ့တော့အကျင့်စရိုက်အတော့ကိုကွာသည်...
ပထမကသူနဲ့ရင်းနှီးအောင်လုပ်ပြီးချစ်စကားဆိုမယ်လို့တွေးထားပေမယ့်..သူကPark Jiminနဲ့Min Yoongiဆိုတဲ့နှစ်ယောက်လွဲရင်ကျန်တဲ့သူတွေနဲ့သိပ်အရောမဝင်...စုံစမ်းရသလောက်ကျောင်းကယောကျ်ားလေးအများကအနိုင်ကျင့်သည်ဟုသိရသည်....သူ့သူငယ်ချင်းတွေရှိနေလို့ဘာမှသိပ်မလုပ်ကြတာတဲ့...
အဲ့တာကြောင့်အနုနည်းနှင့်မရနိုင်တာမို့အကြမ်းနည်းသုံးကာဖမ်းဆီးလာခဲ့ရသည်...ဒီကိုရောက်တည်းကခနခနထွက်ပြေးတယ်...ဒါပေမယ့်သူမှမလွတ်နိုင်တာ...

KOO & BOODonde viven las historias. Descúbrelo ahora