Dancing Car

4.5K 191 9
                                    

unicode
.....

"မောင်ရေမပြီးသေးဘူးလား"

Taehyung ခဗျာသူရဲ့မောင်ပေါက်စလေးကိုစောင့်နေတာအတော်ပင်ကြာလှပြီ...အော်ခေါ်လိုက်တော့အသံဆာဆာလေးနဲ့ပြန်ပြောတဲ့သူ့ရဲ့အသက်မောင်ပေါက်စလေးပါလေ..

"ပြီးပါပြီကိုကိုရဲ့"

အပေါ်ထပ်ကနေအပြေးဆင်းလာတာချော်လဲမလိုဖြစ်ပြီးလှဲကျခါနီးTaehyungလှမ်းဖမ်းလိုက်လို့တော့ရင်ခွင်ထဲမှာလုံးလုံးလေးဖြစ်နေတဲ့Jungkook...

"ဖြေး​ဖြေးဆင်းလည်းရပါတယ်မောင်ရယ်...ဘယ်လိုဖြစ်တာလဲ"

"အဲ့တာကိုကိုကြောင့်ပေါ့...ကိုကိုအတင်းအော်ခေါ်နေတာကို...မောင်ကအလှပြင်လို့ပြီးသေးတာမဟုတ်ဘူး..."

"ကိုကို့ရဲ့မောင်ကတအားလှချင်နေတယ်ဆိုတော့ဘယ်သူ့အတွက်မို့လို့လဲ...ဟမ်.."

"မောင်ချစ်ရတဲ့ဒီကိုကိုအတွက်ပေါ့..တခြားဘယ်သူ့အတွက်မှမဟုတ်ပါဘူး.."

Taehyunhရင်ဖက်ကိုလက်ညှိုးထိုးပြီးနှုတ်ခမ်းတစ်ထော်ထော်နဲ့ပြောနေတဲ့Jungkookကိုကြည့်ကာမနေနိုင်တော့ဘဲနှုတ်ခမ်းလုံးလုံးလေးကိုဖိကပ်နမ်းလိုက်သည်..Jungkookကလည်းTaehyungရဲ့ရင်ဖက်ကိုလက်တင်ပြီးအလိုက်သင့်လေးတုံ့ပြန်နေသည်...

"ပြွတ်စ်...မောင်ကကိုကို့ကိုစိတ်မထိန်းနိုင်အောင်လုပ်နေတာဘဲ.."

Jungkookလည်ပင်းနားမျက်နှာအပ်ပြီးလေးသံတိုးတိုးနဲ့ပြောလိုက်တာကြောင့်ကြက်သီးတောင်ထသွားရသည်...

"အာ..ကိုကိုကလည်း..နောက်ကျတော့မယ်..လာ..."

"အင်းပါ...ဟိုရောက်မှမောင့်ကိုအဝစားပြမယ်..."

"အင်း...လာ..အခုသွားမယ်..."

Taehyungတို့နှစ်ယောက်ကလက်ထပ်ပြီးခါစ​ကြင်ဦးမောင်နှံတွေပါ...လက်ထပ်ပြီးလို့မိဘတွေစီစဥ်ပေးတဲ့JeJuကျွန်းကိုHoneymoonထွက်ဖို့အတွက်စတင်ထွက်ခွာရသည်..

လမ်းတစ်လမ်းလုံးJungkookကစားလိုက်ဆော့လိုက်သူ့ကိုကိုကိုကလိလိုက်နဲ့...လမ်းတဝက်ရောက်တော့ကားမှန်ကိုမှီပြီးအိပ်ပျော်သွားသည်...

Taehyungရဲ့လက်တစ်ဖက်ကJungkookလက်ကိုကိုင်ထားပြီးကျန်လက်တဖက်တည်းနဲ့ကားမောင်းနေသည်..
တစ်ချက်တစ်ချက်Jungkookရဲ့လက်ဖမိုးကိုမြတ်နိုးမှုအပြည့်နဲ့နမ်းပြန်သည်...

KOO & BOOWhere stories live. Discover now