Punishment

5.7K 250 2
                                    

unicode
.....

"TaeTaeရေ..."

မီးဖိုချောင်ထဲတွင်Kookieလေးစားဖို့အတွက်..မုန့်လုပ်နေတုန်းအခန်းထဲကခေါ်သံကြောင့် Apron တောင်မချွတ်ဘဲပေါ်ကိုအပြေးတက်လာရတယ်...

"Kookieဘာလိုချင်လို့လဲ"

"TaeTae..လာဒီမှာလာထိုင်.."

သူထိုင်နေတဲ့ဘေးကိုလက်ပုတ်ပြကာထိုင်ရန်ခေါ်သည်..

"ကဲပြော..ဘာလိုချင်လို့လဲ"

"Apronလေးချွတ်ပါဦး..ပြီးရင်ပြောမှာပေါ့"

Apronကိုချွတ်ကဘေးကခုံပေါ်တင်လိုက်ပြီးဒီဘက်လှည့်လိုက်တော့ရင်ခွင်ထဲအတင်းတိုးဝင်တဲ့Jungkookရယ်ပါ...

"TaeTae...Kookieလေတစ်ခုလောက်တောင်းဆိုချင်လို့"

ရင်ခွင်ထဲကနေနှုတ်ခမ်းဆူပြီးလက်တစ်ချောင်းထောင်ကာတစ်ခုတောင်းဆိုချင်လို့တဲ့...တစ်ကယ့်ကိုကလေးပေါက်စလေးပါ

"ဘာတွေတောင်းဆိုချင်စရာရှိလို့အဲ့လောက်တောင်ချွဲနေရတာလဲ.."

"ဟိုလေ..Kookieညကျရင်..အိမ်နောက်ကရေကူးကန်ထဲမှာရေကူးချင်လို့"

Taehyungရင်ဘက်ကအိင်္ကျီကျယ်သီးတွေကိုတို့ထိကစားရင်းမရဲတရဲဆိုလာသည်...

"အမ်းး..မရပါဘူး..Kookieကနေကောင်းသေးတာမှမဟုတ်တာ"

"TaeTaeကလည်း..ချောင်းလေးဘဲဆိုးတာကို"

"No...မရဘူး"

Taehyungရဲ့စကားကြောင့်Jungkookမှာနှုတ်ခမ်းဆူလာပြီးစိတ်ထဲတွင်ကြိမ်းဝါးလိုက်သည်...

*Taeအိပ်တဲ့အချိန်မှာKookieရေကူးမယ်..ဘာများခက်တာမှတ်လို့*

"ထ..အခုအောက်မှာမုန့်သွားစားမယ်..မုန့်စားပြီးရင်ဆေးသောက်ရမယ်.."

မုန့်သံကြားတာနဲ့ခုနကစူပုပ်နေတာသူမဟုတ်တဲ့အတိုင်းတက်တက်ကြွကြွနဲ့

"မုန့်..ဘာမုန့်လဲ"

"အောက်ရောက်ရင်သိမှာပေါ့..လာ.."

Jungkookလက်ကိုဆွဲပြီးဧည့်ခန်းထဲတွင်ထိုင်စေသည်..

"ခနလေးကိုယ်သွားယူလိုက်ဦးမယ်.."

"Omm...မြန်မြန်"

ခနနေတော့ပန်းကန်တစ်ခုကိုင်ပြီးပြန်ရောက်လာတဲ့Taehyung...

KOO & BOOWhere stories live. Discover now