Part-4

74 9 1
                                    

Unicode

"Agust D ကဒီလိုကျတော့လည်း လူတွေနဲ့လိုက်လျောညီထွေရှိသားပဲ..."

"သူငယ်ချင်းတွေနဲ့တော့ ဆက်ဆံရေး အဆင်ပြေပုံပဲနော်..."

"CEO ကလည်း ငါတို့သာဆို အစားကို ကုန်သလောက်ပဲ မှာမို့ အမြဲဆုံးမနေပြီးတော့ အခုကျ မကုန်တာတွေတောင် သူကိုယ်တိုင်သိမ်းဆည်းပြီး လွှင့်ပစ်နေတယ် မြင်လား မြင်လား...သူဖြုန်းတီးနေတာ..."

Agust D ရဲ့ Mini Album အတွက် ရိုက်ကူးရေးခန်းမ အနောက်ပေါက်တွင်ဖြစ်သည်...Debut လုပ်ခါနီး Idol ပေါက်စလေးများရဲ့ ချောင်းကြည့်ဝေဖန်သံ...ခန်းမထဲတွင်တော့ Agust D ဆီ အားပေးဖို့လာတဲ့ Kim ညီအစ်ကိုနှစ်ယောက်၊ Park Jimin အပြင် CEO ပါရှိနေသည်...ကြည့်ရတာ နေ့လည်စာမှာပြီးအတူစားနေပုံရသည်...Agust D ပါးစပ်ထဲရောက်ခါနီး တူနဲ့ညှပ်ပြီးသား အသားအား လက်ကိုဆွဲကိုင်ကာ သူ့ပါးစပ်ထဲထည့်နေသော Kim Seokjin...Agust D အနေနဲ့ ငြိုငြင်ခြင်းအလျင်းရှိပုံမရပါ...စားနေရင်းတောင် အသားများ တစ်ခါတစ်ခါခွံ့ကျွေးနေတတ်သေးသည်...

"ကလေးတွေတော်လောက်ပြီ..."

"တီချယ်...တီချယ်...Agust D အသားခွံ့ကျွေးနေတဲ့ အစ်ကိုကြီးကိုသိလားဟင်..."

ကလေးတွေဟာ သူတို့ရဲ့ အသံပိုင်းဆိုင်ရာလေ့ကျင့်သင်ကြားပေးသူဆရာမ၏ သတိပေးစကားကိုမမှု...သူတို့သိလိုရာကိုသာမေးမြန်းကြသည်...ဆရာမသည် Agust D တို့နှင့် အလုပ်တွဲလုပ်ဖူးသူ လုပ်သက်ရင့် ဝန်ထမ်းဖြစ်ပြီး CEO တို့သူငယ်ချင်းတွေအကြောင်းကောင်းကောင်းသိသူမှန်း သူတို့သတင်းရထားလို့ဖြစ်သည်...

"Kim Group ကိုသိတယ်မို့လား..."

"သိတယ် သိတယ်..."

"အဲဒီ Group နဲ့မြေးအကြီးဆုံး...ဘေးကတစ်ယောက်က အငယ်ဆုံး..."

"ဝိုး...အဲဒါညီအစ်ကိုအရင်းတွေလား..."

"အရင်းမဟုတ်ဘူး...တစ်ဝမ်းကွဲတွေ..."

"အော် အော်...Park Jimin ကသူတို့နဲ့ Idol မဖြစ်ခင်ကတည်းက ရင်းနှီးနေပြီးသားလား..."

"အင်း...Kim Taehyung နဲ့ ကအသက် အတူတူပဲလေ...ငယ်ငယ်ကတည်းက သူငယ်ချင်းတွေ..."

"ဒါနဲ့ တီချယ်...Kim Group ကမြေးဘယ်နှယောက်ရှိတာလဲ...သတင်းတွေထဲမှာ ပါပါလာတဲ့ ဆက်ခံသူလို့ ခန့်မှန်းခံနေရတဲ့သူက ဒီနှစ်ယောက်ထဲကမဟုတ်ဘူးမို့လား..."

Next AugustWhere stories live. Discover now