Episode 2( Unicode & Zawgyi)

2.2K 84 2
                                    

ဆူညံနေသော ကလပ်တစ်ခုရဲ့ မီးရောင်များအောက် မြူးကြွသော ဂီတသံများကြား

ကခုန်နေသော လူများနှင့် စားပွဲကိုယ်စီမှာ ထိုင်နေကြသောလူအုပ်စုများဖြင့်

ညရဲ့အချိန်ကာလနှင့်လိုက်ဖက်စွာ စည်းကားနေလေတော့တယ်။

ဒီကလပ်ဟာ တနည်းအားဖြင့် လူချမ်းသာအုပ်စု သို့ VIP အနည်းစုသာ တက်ရောက်နိုင်သော ကလပ်အမျိူးအစားတစ်ခုထဲပါဝင်လေတယ်။

သို့ကြောင့် ဒီကလပ်ကိုရောက်ရှိလာသော လူငယ်များဟာ နိုင်ငံရဲ့ ထိတ်ထိတ်ကြဲ လူချမ်းသာစာရင်းဝင်သားသမီးများသာဖြစ်ပါတယ်။

ခန့်ထည်တို့ သူငယ်ချင်းတစ်စုကတော့
ဝိုင်းတစ်ခုမှာ ကလပ်မှမိန်းမလှလေးတွေကိုယ်စီနှင့် ထိုင်သောက်ကာ မီးရောင်အောက်မှာလှချင်တိုင်းလှပနေသော ခေတ်ဆန်သောမိန်းမလှလေးများအားငေးကြည့်နေလေတော့တယ်။

''အဲ့တော့ မင်းရဲ့ targetက ဘယ်မှာလဲ တွေ့ပီလား ''
စွမ်းရင့်ရဲ့ အမေးစကားကြောင့် သူတို့ဝိုင်းရဲ့ညာဘက်ထောင့်ဝိုင်းမှ ဆံပင်ဝဲဝဲနှင့်မိန်းမလှလေးကို မေးဆက်ပြမိတော့

ဘော်ဒါတွေက ဝိုးခနဲ့ဝိုင်းအော်ကြတယ်။
ခန့်ထည်ရဲ့ စော်ကြည်နူန်းကိုသူတို့သိပီးသားမို့ ဒီနေ့ညအတွက် ခန့်ထည်ရဲ့မိန်းကလေးကထိုမိန်းမလှလေးဖြစ်နေတော့မှာမို့။

ဝီစကီခွက်ကို ယူပီး စမက်ကျစွာ ထိုဝိုင်းသို့လျောက်သွားတဲ့ ခန့်ထည်ဟာ

ရင်ဘတ်ထိကြယ်စေ့ဖြုတ်ထားတဲ့ ရှပ်အဖြူလက်ရှည်ကိုဝတ်ဆင်ထားပီး plantအဖြူလေးကိုပါ လိုက်ဖက်စွာဝတ်ဆင်ထားရုံမက
နားကပ်တွေကို နားနှစ်ဖက်လုံးတပ်ဆင်ထားတာမို့

လုံးဝကောင်မလေးတွေအကြိုက် ကိုရီးယားကမင်းသားတွေစတိုင်မို့ ဘယ်မိန်းကလေးက ငြင်းပယ်လေ့မတဲ့လဲ။

ထင်တဲ့အတိုင်းပဲ မိနစ်အနည်းငယ်အကြာမှာတော့ ထိုမိန်းမလှလေးရဲ့လှပသောခါးလေးကိုဖက်ပီးစွမ်းခန့်တို့ဝိုင်းဘက်ကို မျက်စိတစ်ဖက်မှိတ်ပြကာ VIP တွေအတွက် သီးသန့်roomများဘက်သို့ထွက်ခွာသွားလေ့တော့တယ်။

I adore U (Completed) Where stories live. Discover now