Episode 14 (Unicode & Zawgyi)

1.4K 72 2
                                    

အေးချမ်းလှတဲ့ ပင်လယ်ပြင်ကြီးက လိူင်းတွေနဲ့ရိုက်ခတ်ဆူညံနေပေမဲ့ တချက်တချက်လိူင်းပုတ်တဲ့အရှိန်ကြောင့်ကမ်းစပ်သို့ရောက်ရှိလာသောရေလိူင်းငယ်များဟာ ကမ်းစပ်မှာရပ်နေတဲ့လွှာ့ခြေဖဝါးတွေအောက်ကလူကျီစယ်လာတာမို့အေး
မြတဲ့ပင်လယ်ရေလေးတွေအားကြည့်ရင်းပျော်ရွှင်စွာရယ်မောမိတော့၏။

''ထိုက်...ဒီကိုလာလေ''

လွှာလုပ်သမျှကိုကားရှေ့ခန်းရဲ့အမိုးပေါ်မှာထိုင်ရင်းခပ်တည်တည်စိုက်ကြည့်နေတဲ့ထိုက်ကိုအတူတူဆော့ဖို့ခေါ်မိတော့

Tshirtအနက်အပွကိုဂျင်းplantအကျပ်အနက်နဲ့တွဲဖက်ဝတ်ဆင်ထားတဲ့ ထိုက်ဟာ မြင့်မားတဲ့အရပ်ကြီးနဲ့လိုက်ဖက်စွာလျောက်လှမ်းလာတာမို့ ပင်လယ်ပြင်ကြီးရဲ့ဝန်းကျင်နဲ့လိုက်ဖက်လွန်းလှတယ်။

''ခြေဖျားတွေအေးမယ်''

ပင်လယ်ရေတွေကိုခြေဖျားတွေနဲ့မထိတထိဆော့နေတဲ့ကောင်မလေးကိုစိတ်ပူစွာပြောမိတော့

ဆံပင်ရှည်တွေကိုချထားကာ လက်ရှည်အဖြူလေးကိုဘောင်းဘီအဖြူလေးနဲ့တွဲဖက်ဝတ်ဆင်ထားတဲ့ကောင်မလေးက ကြည်သာစွာပြုံးပြပီးခေါင်းငြိမ့်ပြလာတယ်။

All blackဖြစ်နေတဲ့ကိုယ်နဲ့ဆန့်ကျင်ဘက်။
ဒါပေမဲ့ဒီကောင်မလေးက ကိုယ့်ထက်ဖြူစင်တယ်။

ချွတ်ထားတဲ့ဖိနပ်လေးကိုကောက်စီးပီး ပင်လယ်ကမ်းစပ်ဘက်ကိုထပ်၍လက်ညိုးထိုးပြကာ
အဲ့ဘက်ကိုလမ်းလျောက်ဖို့ပြောလာတယ်။

ညနေထဲကပင်လယ်ဘက်ကိုထွက်လာခဲ့တာမို့ပင်လယ်ထဲနေလုံးကြီးဝင်တဲ့အချိန်က အလှဆုံးမို့
လမ်းလျောက်ရင်းကြည့်ဖို့ဆုံးဖြတ်မိတယ်။

ကိုယ့်ရင်ညွန့်သာသာရှိတဲ့အရပ်ကလေးနဲ့ ပြုံးရွင်စွာလျောက်နေသောဘေးကကောင်မလေးဟာတကယ့်ကို ချစ်စရာလေးမို့။

ချစ်မိမသွားစေဖို့ ကြိုးစားနေရတာပိုခက်ခဲလာသလိုပါ။

''ထိုက်...ဟိုမှာ..ဟိုမှာ..''

လက်မောင်းကိုဖွဖွလေးလာကိုင်ကာ လက်ညိုးထိုးပြနေတဲ့ဘက်ကိုကြည့်မိတော့ ပင်လယ်ဘက်ကိုတရွေ့ရွေ့ဝင်ရောက်နေတဲ့နေလုံးကြီး။

I adore U (Completed) Tempat cerita menjadi hidup. Temukan sekarang