Episode~4(final)

2.8K 255 5
                                    

Zawgyi

ရှောင်းကျန့်ဘဝမှာ မထင်မှတ်ထားဆုံးအရာက ယောကျာ်းတစ်ယောက်ကို ချစ်မိပြီး ထိုလူနဲ့ သက်ဆုံးတိုင်နေဖို့ရည်ရွယ်မိတာပဲ။သူ့ရဲ့ စိတ်ကူးအိမ်မက်တွေထဲမှာ မိန်းမယူတာပါသလို ကလေးမွေးပြီး ပျော်ပျော်နေမယ်ဆိုတာလည်း ပါတယ်။ဘယ်တတ်နိင်မလည်း ဖြစ်လာခဲ့ဖို့တေွးထားတာမှမဟုတ်ပဲ ~

တစ်ခါတစ်လေကြတော့လည်းတွေးမိတယ် ကိုယ့်ထက်သုံးနှစ်လောက်ငယ်တဲ့ကလေးတစ်ယောက်က ခံစားချက်အစစ်မှန်ကို ခွဲနိုင်သေးပါ့မလားလို့လေ။အများသူငှာပြောကြတယ်မဟုတ်လား ဒီအရွယ်က သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်တတ်ကြတယ်ဆို။

အထိတွေ့ဆိုတာ သာယာရစ်မူးတတ်တဲ့အမျိုးလေ ! ထိုကလေးရဲ့ လူပျိုဘဝကို သူက လက်ဝါးကြီးအုပ်ခဲ့ပေမဲ့ တစ်ချိန်မှာ လက်လွှတ်ပေးရတော့မယ်ဆိုရင်လည်း သူကပြုံးပြုံးပါပဲ။အစထဲကိုယ်နဲ့မှမတန်ခဲ့ပဲ အတင်းဆွဲထားတော့လည်း အရောင်မှိန်သွားမှာပေါ့။တခြားလူလက်ထဲမှာကောင်းကောင်းတောက်ပပါစေ ......

ဒီနေ့ သောကြာနေ့ ~

မိုးအုံ့နေတယ်။အခုရက်ပိုင်း ရာသီဥတုမမှန်ဘူး။မိုးရွာလိုက်နေပူလိုက်နဲ့ တစ်ခါတစ်လေ အခုလိုမိုးအုံ့ပြီးတော့လည်း ပြီးသွားတတ်တယ်။လူတွေမှမဟုတ်ပါဘူး သဘာဝတရားကြီးကပါ ဖောက်ပြန်တတ်လာတာ။

စက်ဘီးလေးကို ခပ်ဖြေးဖြေးနင်းပြီး တိုက်လာတဲ့ လေညင်းရဲ့ပွတ်တိုက်မှုကိုခံစားလိုက်တယ်။မလွယ်ပါဘူး ဒီလိုအရသာလေးရဖို့ ဒီလို ခြေနင်းခုံလေးကို လှည့်တတ်ရသေးတယ်။

အခုဆို ညနေ လေးနာရီရှိပြီ။သူ့ရဲ့ကလေးပေါက်စက ကျောင်းရှေ့မှာစောင့်နေပေါ့။အလာမှာစက်ဘီးနင်းတဲ့လူက သူဆိုပေမဲ့ အပြန်ရောက်ရင် ခွေးပေါက်လေးက တရှိန်ထိုးနင်းလိမ့်မယ်။အထက်တန်းနောက်ဆုံးနှစ်ရောက်နေပြီဖြစ်တဲ့ သူရဲ့ ခွေးပေါက်လေးက လုံးတုံးတုံးနဲ့မဟုတ်တော့ဘူး။စတွေ့တုန်းကလိုဂျစ်တစ်တစ်ပုံစံကနေ လူကြီးပုံစံအရမ်းဖမ်းလာတယ်။တစ်ကယ်ဆို သူ့အရွယ်နဲ့ ကောင်မလေးတွေအများကြီးထားပြီး လူပျိုပေါက်စဘဝကို ပျော်ပျော်ကြီးဖြတ်သန်းရမှာပဲ။ဒါပေမဲ့ ဝမ်ရိပေါ်ကထူးဆန်းတယ် သူ့ရဲ့ပါးလွှဲပေးတဲ့ မုန့်ဖိုးတွေကိုလည်း စုတယ်။ဒေါ်လေးရင်ရဲ့ ပိုက်ဆံတွေကိုလည်းစုတယ်။ဘာကိုရည်မှန်းနေလည်းမသိပေမဲ့ ရှောင်ကျန့်ကတော့ ရိပေါ်ကို လွတ်လပ်ပြီး ပျော်ပါးမဲ့လူငယ်လေးအဖြစ်နဲ့ပဲရှိစေချင်တယ်။

Hello My Teacher! //completed //Where stories live. Discover now