Part 18

591 36 4
                                        

" တီ........တီတီတီ......"

ကားဟွန်းကို သံရှည်ဆွဲတီးတတ်တဲ့အကျင့်က နှစ်ယောက်မရှိသော Min Suga ရဲ့ စရိုက်ပင်....ညသန်းခေါင်လဲ သူလာချင်လာသည်....လာတိုင်းပြန်တိုင်းလဲ လီဗာသံတဗျင်းဗျင်း သီချင်းသံခပ်ကျယ်ကျယ်....တိတ်ဆိတ်နေတဲ့အချိန်လဲ ပတ်ဝန်းကျင်အားနာမှုမရှိ....ဆူဆူညံညံလေးဖြစ်လိုက်ရမှ....ခြံစောင့်ကတံခါးဖွင့်ပေးတာနဲ့ အိမ်ထဲတရှိန်ထိုးဝင်လာတဲ့ ကားလေးက ပေါ်တီကိုအောက်မှာ ရပ်သွားမှ လီဗာသံတဗျင်းဗျင်းကလဲ တိတ်သွားသည်....

ဧည့်ခန်းမှာထိုင်နေတဲ့ ကိုကို့ပေါင်ပေါ်မှာ Jimin အိပ်နေရင်း ကိုကိုခွံ့ကျွေးနေသော စတော်ဘယ်ရီသီးလေးတွေကို အရိုတစ်သိန်းနဲ့ စားနေတုန်း မြင်ပြင်းကတ်စရာကောင်းလှတဲ့မျက်နှာကြီးက အိမ်ထဲဝင်လာပြန်ပီ....ဒီတစ်ခေါက်တော့ ထူးထူးဆန်းဆန်း သူတို့အတွဲအပြင် နောက်မှာ မိန်းမတစ်ယောက်ပါ အတူပါလာသည်....

နဂိုခပ်တင်းတင်းမျက်နှာထားက သုန်မှုန်နေပီး ဆိုဖာပေါ်မထိုင်သေးခင် အထက်စီးဆန်ဆန် လေသံက အရင်ထွက်လာပြန်ပီ....

" JK....ကွန်ပြူတာ ပေး....ငါပြစရာရှိလို့...."

တပည့်တစ်ယောက်ယူလာသော ကွန်ပြူတာကို ဖွင့်ပီး Video တစ်ခုကိုပြလာသည်....ပီးနောက် Jimin ကို ခပ်ထေ့ထေ့ကြည့်လာပီး....

" ဒါဘယ်လိုဖြစ်ရတာလဲ JK....ငါနဲ့ Hope Club မှာ Chill နေတုန်း ဒီမိန်းမ $ပြဿနာလာရှာနေတာနဲ့ မင်းအရှုပ်ထုပ်ဆိုပီး ခေါ်လာခဲ့ရတာ...."

ပြလာသော CCTV record ကို မြင်လိုက်တာတောင် ကိုကို့လက်မောင်းပေါ်က ခေါင်းမှီတင်ထားတာ ဖယ်မပစ်သေးလို့ အံ့ဩတကြီးကြည့်ခံလိုက်ရပြန်သည်...ဘယ်ရမလဲ တစ်ကမ္ဘာလုံးမှာ သူတွဲထားတဲ့ လက်မောင်းပိုင်ရှင်က သူ့တစ်ယောက်ထဲ အချစ်ဆုံးဆိုတာ သိစေဖို့ ပိုပိုသာသာလေး ဖက်တွယ်ပြလိုက်သည်....Park Jungkook ရဲ့ တစ်ဦးတည်းသော အမျိုးသားလေးက သူပဲမဟုတ်လား....ကဲသဲပြလိုက်တော့ မေးကြောကြီးပါ ထင်းနေအောင် ဖြစ်သွားသော Min Suga မျက်နှာကြီးကိုလဲ အားရပါးရထိုင်ကြည့်ပစ်လိုက်ရတာ အရသာတော်တော်ရှိလှ၏....

Video ထဲမှာတော့ သူတို့နဲ့အတူပါလာသော မိန်းမက Club ရဲ့ Dancing floor ပေါ်မှာ တက်ပီး Jungkook နာမည်အော်ခေါ်ပီး ပြဿနာရှာနေသည်...ပိုဆိုးတာက ထိုမိန်းမကို ကိုကိုက စားပီးနားမလည်ပုံစံလုပ်သွားသလိုလိုနှင့် အများကတောင် ဝိုင်းသနားခံနေရသေးသည်....

✨ Butterfly Fly Away ✨Où les histoires vivent. Découvrez maintenant