Part5

11.5K 1K 57
                                    

(U&Z)

6 years later,

"ကျွန်​တော် အင်္ဂလန်ကိုပဲသွားပါ့မယ် ဒယ်ဒီ၊ကျွန်​တော် ပညာသင်ဆုကို လက်လွှတ်လိုက်ရ​ပေမယ့် ဒယ်ဒီ့ကတိတည်​ပေးဖို့ ​​မျှော်လင့်ပါတယ်"

အ​ဖေကို မျက်လုံးချင်းမဆုံ​စေဘဲ အသက်မဲ့​နေတဲ့ မျက်လုံး​တွေနဲ့ ​ပြော​နေတဲ့ သားငယ်ကိုကြည့်ပြီး စိတ်​တွေက ကုန်ဆုံးခဲ့တဲ့နှစ်​တွေကို ပြန်​ရောက်သွားရသည်၊ပြီး​တော့ နည်းနည်း​တော့ အားနာစိတ်ဖြစ်မိရသည်။ဒါ​ပေမယ့် မတတ်နိုင် အကျိုးစီးပွားနဲ့ယှဉ်လာရင် ဘယ်အရာကိုမှ ​ရှေ့တန်းမတင်နိုင်။

"သားက တကယ် အင်္ဂလန်ကိုပဲ သွားချင်တာလား၊သား အစ်ကို​တွေ၊အစ်မ​တွေရှိတဲ့ ယူအက်စ်ဆိုရင်​ရော..."

"ဟင့်အင်း ဒယ်ဒီ၊ ကျွန်​တော် အင်္ဂလန်ကိုပဲ သွားမှာပါ၊တခြားအ​ကြောင်း​တွေ ထပ်မ​ပြောချင်​တော့ပါဘူး ဒယ်ဒီ၊ဆုံးရှုံးလိုက်ရတဲ့ ကျွန်​တော့်အခွင့်အ​ရေးအတွက် ဒယ်ဒီ ​ပြန်​​လျော်​ပေးမယ်ဆိုတဲ့ စကားပဲ တည်​ပေးပါ၊ ကျွန်​တော် စိတ်အနာ​ဟောင်း​တွေ ပြန်မဆွချင်​တော့ဘူး"

"အို​ခေ သား၊အို​ခေ...ပြီးခဲ့တာ​တွေကို သား ပြန်မ​တွေး​တော့နဲ့၊သား ဟိုမှာ အားလုံးအဆင်​ပြေဖို့ ဒယ်ဒီလုပ်​ပေးမယ်၊ဒယ်ဒီနဲ့မင်းမာမီကို​တော့  အဆက်အသွယ်မဖြတ်သွားဘူး မဟုတ်လား"

ဘာအ​ဖြေမှမ​ပေးမိဘဲ ဒယ်ဒီ့မျက်လုံး​တွေကို အကြာကြီးစိုက်ကြည့်​မိ​တော့ မျက်နှာလွှဲသွားတဲ့ဒယ်ဒီ၊ အဟက် ဆင်ဖြူ့မျက်နှာ၊ဆင်မဲမကြည့်ဝံ့ဆိုတာ ဒါမျိုး​ပေါ့။အခုထိ အနယ်မကျ​သေးတဲ့ အတိတ်ဆိုးကို ပြန်မ​တွေးဖို့ ​ပြောရက်တယ်၊ပြီး​တော့ အဆက်အသွယ်မဖြတ်ဖို့ ​မျှော်လင့်​နေပြန်​သေးတယ်။ဒယ်ဒီနဲ့မာမီရဲ့ အတ္တ​တွေ၊​​​လောဘ​တွေက ဘယ်အချိန်မှများ အသိတရားဝင်မှာပါလိမ့်။သွားမယ့်အ​ကြောင်း ​ပြောပြ​နေရတာ​ကလည်း  မတရားမှုမှာ ကျွန်​တော်ဆုံးရှုံးသွားရတဲ့ အခွင့်အ​ရေးအတွက် ​​လျော်​ကြေးပြန်​တောင်းဖို့ပါပဲ။

"သားဘက်က အကုန်စီစဥ်ပြီးပြီလို့ ဒယ်ဒီထင်တယ်၊ဘယ်​နေ့သွားဖို့ လုပ်ထားလဲ"

Soulmate(Completed)Where stories live. Discover now