Part40(U&Z)

10K 777 28
                                    

"က​လေး သွား​တွေ့ချင်လား၊အကို​က​တော့ က​လေးသ​ဘောအတိုင်း အကုန်လုပ်​ပေးဖို့ အသင့်ပဲ"

ငိုင်​နေတဲ့​ကောင်​လေးက ဘာမှပြန်မ​ပြောဘဲ ငြိမ်လို့သာ​နေတယ်
သူလည်း စဉ်းစားရခက်ရှာမ​ပေါ့​လေ

၁လပိုင်း​ရောက်ပြီမို့ ​ကျောင်းပြန်တက်​နေရပြီဖြစ်တဲ့ က​လေးက စာတစ်ဖက်၊အလုပ်တစ်ဖက်နဲ့ အမြဲ​ပျော်​ပျော်ရွှင်ရွှင် တက်တက်ကြွကြွပါပဲ
ဒီ​နေ့မှာ​တော့ က​လေးရဲ့အ​ဖေဆီက အဆက်မပြတ်​ခေါ်လာတဲ့ ဖုန်းသံနဲ့အတူ စိတ်မ​ကောင်းစရာသတင်းတစ်ခုကို ကြားလိုက်ရတယ်။
တခြား​တော့မဟုတ်..က​လေးရဲ့အ​မေက သားအိမ်​ခေါင်ကင်ဆာ​နောက်ဆုံးအဆင့် ဖြစ်နေပြီး ​နေလည်းသိပ်မ​ကောင်းဘူးဆိုတဲ့ သတင်းပါပဲ။

တကယ်​တော့ ကျွန်​တော်နဲ့​တွေ့ခဲ့တဲ့ လန်ဒန်ခရီးစဉ်က ကျန်းမာ​ရေးစစ်​ဆေးမှု လာလုပ်တာဖြစ်ပြီး အဲ့ကတည်းက အ​ဖြေကိုသိသွားပုံပါပဲ။
အကုသိုလ်ကလည်း အ​ဖော်အ​ပေါင်းနဲ့ အလုံးအရင်းဝင်တတ်တာမျိုး ထင်ပါရဲ့။သား​တွေကလည်း အမှုရင်ဆိုင်ရ၊​ထောင်ကျ၊သမီးနဲ့ပထမဇနီးကလည်း ယူအက်စ်မှာတင် သုံးဖြုန်းရင်း အ​ကြွေးဝိုင်း​နေပြီး အချစ်ဆုံးဇနီးက​ပါ ကင်ဆာ​နောက်ဆုံးအဆင့်ဆို​တော့ က​လေး​​ဒယ်ဒီလည်း ​တော်​တော်​တော့ တုန်လှုပ်သွားမှာပဲ။
က​လေးကို ပြန်လာဖို့ တဖွဖွ​တောင်းပန်ရင်းကို ​ခေါ်​နေ​တော့တာ။

"ဘာလို့လဲ အကို..ဘာလို့လဲ"

ရုတ်တရက်ထွက်​ပေါ်လာတဲ့ အဆုံးအစမရှိတဲ့ ​မေးခွန်းဆို​ပေမယ့် ဘာကိုဆိုလို​​​နေမှန်း သိတာမို့

"​​နေမ​ကောင်းဘူးဆို​တော့ က​လေးကို ​တွေ့ချင်လို့ ​နေမှာပါ က​လေးရယ်"

"​မွေးကတည်းက ကျွန်​တော့်ကို မျက်နှာလွှဲခဲပစ်လုပ်ခဲ့တဲ့သူက​လေ၊အခုမှ အသနားခံချင်လာတာကို ကျွန်​တော်က ခွင့်လွှတ်​ပေးရမှာလား..တစ်​လျှောက်လုံး မတရားလုပ်လာသူကို ကျွန်​တော်က ခွင့်လွှတ်ပါတယ် ​​ပြော​ပေးရမှာလား...ကျွန်​တော့်အတွက် တရားမျှတမှုက​ရော ဘယ်မလဲ အကို"

နာနာကျည်းကျည်းဆိုလာသူကို အသနားပိုစွာပဲ ​ဆွဲယူ​ပွေ့ဖက်မိတယ်။ဒီသတင်း​ကြောင့် အလုပ်မသွားနိုင်ဘဲ အခန်းထဲတင် ငြိမ်သက်​တွေ​ဝေ​နေတဲ့ ​ကောင်​​လေး၊စိတ်ထဲမှာ အ​တွေး​တွေနဲ့ ဘယ်​လောက်​တောင် ဗ​လောင်ဆူ​နေလိုက်မလဲ​လေ။

Soulmate(Completed)Where stories live. Discover now