အချိန်အတော်ကြာနမ်းနေတော့ အသက်ရှုကြပ်လာလို့ထင်သည် လက်သွယ်သွယ်လေးတွေနဲ့ ရင်ဘတ်ကိုတွန်းကာ ရုန်းလာတယ် ကျနော်လဲမလွှတ်ပေးဘဲ ဆက်နမ်းနေတော့ အောက်နှုတ်ခမ်းကို ကိုက်လာတဲ့ အဆိုးလေး
"အားး ဟွန်းငယ်ရဲ့ နာတယ်လေ သွေးထွက်သွားပြီ"
"ခင်ဗျားကြီးကလွှတ်မှ မလွှတ်ပေးဘဲ"
"ဟွန်းငယ်နှုတ်ခမ်းလေးက လွှတ်ပေးချင်စရာမကောင်းအောင် ဆွဲဆောင်လွန်းနေတာကို ဒါနဲ့ ခင်ဗျားကြီးလို့မခေါ်ဘဲ ကိုကိုလို့ခေါ်ပါလား"
"ခေါ်ပါဘူး ခင်ဗျားကြီးပဲခေါ်မှာ"
"ခေါ်ပါနော် မခေါ်ရင် အကြာကြီးဆက်နမ်းပစ်မှာနော် ခေါ်မှလွှတ်ပေးမှာ" ဆိုပြီး တဖြည်းဖြည်းအနားကိုတဖန်တိုးကပ်လာတဲ့ သူ့ရဲ့မျက်နှာကြောင့် ထယ်ဟွန်းတစ်ယောက် လက်နဲ့ရင်ဘတ်ကိုတွန်းထားရင်း
"ပြီးရောဗျာ ခေါ်မယ် ကိုကို ရပြီလား"
"ချစ်လိုက်ရတာ မွ"
"ဟာ ခေါ်ရင် မနမ်းဘူးဆို လူလိမ်ကြီး"
"ကိုကိုလို့ခေါ်လိုက်တဲ့ နှုတ်ခမ်းလေးကို ထပ်နမ်းချင်လာတော့ နမ်းရုံမှလွဲ အခြားရွေးစရာမရှိလို့ပါ ဟွန်းငယ်ရဲ့"
"ရရင်ရသလိုအသားယူနေလိုက် နှာဘူးကြီး"
"ဟွန်းငယ်ကိုပဲ ဘူးမဲ့ သစ္စာရှိတဲ့ နှာဘူးလေးပါ"
"ဂန်ထယ်ဟွန်းးးးအဲ့တာဘာလုပ်နေတာလဲ "
အော်လိုက်သူကတော့ ယောန်ဂျွန် ပင်
အိမ်ရှေ့ခြံဝက အော်လိုက်သံလိုလိုကြားမိ၍ ဖုန်းကြည့်နေရာကထလာတာ ဝရံတာဘက်ထွက်ကြည့်လိုက်တော့ 'အလိုလေး ဘယ်ကအတွဲ ငါ့အိမ်ရှေ့လာပြီးးး
ဟင်နေပါဦး ငါမြင်ဘူးနေပါတယ် ချွဲဘောမ်ဂယူ ဒီကောင် ရည်းစားတွေဘာတွေရနေပြီပေါ့ ငါ့အိမ်ရှေ့လာပြီး သက်သက်လာရွဲ့နေတာများလား နောက်တစ်ယောက်က ဘယ်သူပါလိမ့်
ဗုဒ္ဓေါ ထယ်ဟွန်းပါလား' နှစ်ယောက်သားလူချင်းပူးကပ်နေရာမှ ခွဲအထွက် မြင်လိုက်ရသည့်မျက်နှာက ထယ်ဟွန်းမှ ထယ်ဟွန်းအစစ် ဒါတော့ မဖြစ်ဘူး အဲ့ကောင်နဲ့ဆိုရင်တော့ လုံးဝကို လက်မခံနိုင်ဘူး
YOU ARE READING
Ah! Love me //BeomTae{Complete}
FanfictionBeom - "ဟွန်းငယ် မော်ဒယ်မလုပ်ပါနဲ့လား" Tae - "ဒါဆိုကျနော်ကဘာလုပ်ရမှာလဲ" Beom - "ကိုယ့်ကောင်လေးလုပ်လေ...." One shot ဆိုပြီး ရှည်သွားလို့ နှစ်ပိုင်းခွဲရေးလိုက်တော့ TwoShot ပေါ့ .. Two shot ပေးမဲ့လဲ ထပ်ရှည်သွားလို့ သုံးပိုင်းဖြစ်သွားပါတယ် 🙈