Wedding Day

247 28 2
                                    

လက်စသတ်စရာ အလုပ်တွေကိုလက်စသတ်ပြီး

။မင်္ဂလာပွဲအတွက်စီစဉ်စရာရှိတာတွေကိုကြိုတင်စီစဉ်ရတော့သည်။ ဟန်းနီးမွန်းကို Jejuသွားချင်တဲ့ကလေးအတွက်လေယာဉ်လက်မှတ်ကြိုတင်bookရသည်။ပြီးတော့ ဟိုတယ်။ စီစဉ်သင့်သလောက်စီစဉ်ပြီး အနာဂတ်နေ့ရက်တွေကိုစိတ်ကူးနဲ့ပျော်နေမိတော့သည်။

Wedding day................

" အမေကလဲ ဒါကြီးမတပ်ချင်ပါဘူးဆို"

"တပ်လိုက်ပါ ပိုလှသွားမှာ"

"သားကမိန်းကလေးမှမဟုတ်တာ အဲ့ပန်းကုံးကြီး ခေါင်းမှာဆောင်းစရာလား"

"ဆောင်းလိုက်ပါလိမ္မာပါတယ်"

ဟွန်းငယ်ပြင်ဆင်နေတဲ့အခန်းနားဖြတ်သွားမိတော့ အမေနဲ့ အငြင်းအခုန်လုပ်နေတဲ့ပုံပဲ မနိုင်ပါဘူး တွေ့သွားရင် စစ်ကူတောင်းနေဦးမယ် မြန်မြန်သွားမှ

မင်္ဂလာအခမ်းအနားစတော့ ကလေးကသူ့ အဖေလက်ကိုကိုင်ပြီးဝင်လာခဲ့တယ်။အဖြူရောင်ဝတ်စုံလေး နဲ့ နတ်သားလေးလိုဖြူစင်တောက်ပနေတဲ့ကလေးလေး။ပိုင်ဆိုင်ခွင့်ရတယ်ဆိုတာ မယုံနိုင်လောက်အောင်ပါပဲ။
အခုမှ သေချာကြည့်မိတော့ စူပုတ်ပုတ်လေးဗျာ ကြည့်ရတာ ခေါင်းပေါ်မှာဆောင်းထားရတဲ့ ပန်းကုံးလေးကြောင့်ထင်ပါရဲ့။ လျှောက်လမ်းတစ်လျှောက် စူပုတ်ပုတ်နဲ့ မကျေနပ်တဲ့ မျက်နှာလေးက ကျတော်ကြည့်‌နေတာကိုလဲတွေ့ရော သွားတန်းညီညီ‌လေးတွေပေါ်လာတဲ့အထိ ပြုံးပြလာပြီး ဘေးကလူတွေကိုတော့ မကြည်ကြည့်ပြန်ကြည့်နေပြန်တယ် ဒီအဆိုးလေးကတော့ တကယ်ပါပဲ ဘယ်လိုပုံစံဖြစ်ဖြစ် ချစ်နေရတာပါပဲ။

မျက်ရည်တွေဝဲတဲ့အထိပျော်မိတယ် မယုံနိုင်စွာ မျက်စိရှေ့က အဖြူရောင်လူသားငယ်လေးကို အချိန်ကြာငေးကြည့်နေခဲ့မိတယ်။

"အဲ့လောက်ကြီး မကြည့်နဲ့လေ မနေတတ်တော့ဘူး "

"ပန်းကုံးလေးနဲ့လှနေတာကို"

"မစနဲ့နော် အဲ့တာကြီး မဆောင်းချင်ပါဘူးဆို‌တာကို"

"မစပါဘူး အတည်ပြောတာ" ကျနော့်ရဲ့လက်လှမ်းပေးတဲ့အခါ လက်ချိတ်လာတဲ့ကောင်လေးဟာ ကျနော့်အမျိုးသားဖြစ်မဲ့လူသားလေး။

Ah! Love me //BeomTae{Complete}Where stories live. Discover now