🌧️𝚃𝚠𝚒𝚌𝚎 𝙼𝚎𝚎𝚝🌧️

154 24 2
                                    

* ** ** ** ** ** ** ** ** ** ** ** ** ** ** *

☁️ တွေ့ဆုံခြင်းတိုင်းဟာမလှပတတ်သလို ၊
    
      ထိုမလှပခြင်းမြားဟာလဲ
     
      တစ်ခါတစ်ရံတော့ လှပနေနိုင်ပါသည်....☁️

     * ** ** ** ** ** ** ** ** ** ** ** ** ** ** *

✨15.4.2016✨

" အားကျန့်.... ”
" ........ ”
" အားကျန့်! ”

ရှောင်းလုယွဲ့ တစ်ယောက် သားဖြစ်သူအိပ်ပုတ်လေးကိုလာနှိုးနေရသည်.....
ဒါကမနက်တိုင်းလိုလို သူမကုမ္မဏီမသွားခင်လုပ်ရတဲ့တာဝန်တေထဲကတစ်ခုပင် ရှောင်းကျန့်
ဆိုသည်မှာ သူ့မာမားမှမနှိုးရင် လုံးဝမထပါဘူး
အကြောတင်းလေး ၊ငယ်ငယ်ထဲကအလိုလိုက်ထားတော့ သားလေးကဂျီကျတက်တာတော့ အကျင့်တစ်ခုပင် ဒါပေမယ့်တခြား အိမ်တော်ကသူဌေးလေးတေလိုတော့ မိဘအရှိန်နဲ့ပိုက်ဆံသုံးဖြုန်းပျော်ပါးနေတဲ့ထဲမာတော့ရှောင်းကျန့်မပါပါ
ကလေးလေးလိုဖြစ်နေတာကလွဲရင် ရှောင်းကျန့်ကသိပ်လိမ္မာပါသည် ။

ရှောင်းမာမားလဲ သုံးခါလောက်နှိုးတာတောင်တုတ်တုတ်မလှုပ်တဲ့သားဖြစ်သူရဲ့
တင်ပါးလေးကိုခတ်ဆတ်ဆတ်လေးရိုက်လိုက်သည် ။

" အ့မား! ”
" မားမနေနဲ့ ဘယ်ချိန်ရှိပီလဲ ”
ရှောင်းကျန့်အိပ်ချင်မူးတူးဖြင့်နံရံပေါ်က နာရီလေးကိုတချက်ကြည့်လိုက်ရင်း.....

" 10 နာရီ ”
ရှောင်းလုယွဲ့သူ့သားကိုမျက်မှောင်ကျုတ် ၊ခါးထောက်ပီးသာကြည့်နေလိုက်သည်

" အော်ဘာမြားလဲလို့ မာမားရယ်ဒီနေ့ကျောင်းပိတ်လို့လေ အားကျန့်လေးက ခနလောက်လေးအိပ်ချင်ယုံပါ နော်နော် ”

သူခနလောက်လေးအိပ်ချင်ကြောင်းကို လက်မလေးနဲ့လက်ညှိုးထိပ်လေးကို ပူးကပ်ပီး puppy eye လေးဖြင့်လုပ်ပြနေပုံကချစ်စရာအတိ ။

ရှောင်းမာမား တခြားရက်ဆိုပြန်အိပ်ဖို့ လက်ခံမာ မှန်ပေမယ့် ဒီနေ့ကုမ္မဏီမာပွဲရှိတယ်လေ
ရှယ်ယာရှင်တေအကုန်လုံးကလဲ သူတို့ရဲ့ သားသမီးတေကိုပွဲထုတ်မယ့်ပွဲ
Xiao Group ဆိုသည်မာစီးပွားရေးလောကမှာ
မသိသူမရှိပြိုင်စံရှားထိပ်တန်း group တခုပဲလေ
တချိန်မာ ဒီ group ရဲ့ပိုင်ရှင်ဖြစ်လာမယ့်
ဆက်ခံသူရှောင်းကျန့်ကို မာမားကပွဲထုတ်ချင်တယ် ၊
ဒီပွဲမှာ ရှောင်းအိမ်တော်ရဲ့ တစ်ဦးတည်းသောသားလေးကို ပွဲထုတ်မည်ဟုပါ ကြေငြာထားသည်လေ။

𝐓𝐡𝐞 𝐩𝐚𝐬𝐭 𝐨𝐟 𝐝𝐢𝐚𝐫yWhere stories live. Discover now