🤍ɪɴᴛᴇʀɢʀᴀᴛɪᴏɴ🤍

139 15 2
                                    

လူအမြားစုကပြောကြတယ် ၊လက်ထပ်တယ်
ဆိုတာ လူနှစ်ယောက်ရဲ့ဘဝတွေရယ် ၊
သူတို့ရဲ့စိတ်တွေကိုပါတစ်သားထဲဖြစ်စေခြင်းတဲ့...

ရှောင်းကျန့်နဲ့ဝမ်ရိပေါ်အတွက်တော့ထိုးစကားက သိပ်မှားခဲ့သည် ။

ကိုယ်မချစ်မနှစ်သက်တဲ့လူအတွက်ဘဝကြီးကိုပေးဆပ်လိုက်ရပြီဟု ဝမ်ရိပေါ်ယူဆသည်။

ရှောင်းကျန့်အတွက်တော့သူချစ်ရတဲ့လူသား
ဘေးမှာဘယ်လိုဖြစ်တည်မှုမျိုးနဲ့ပဲဖြစ်ဖြစ်ရှိချင်တာဟုသူပြောခဲ့သည်မဟုပ်လား ၊ဒါပေမယ့်တကယ်တမ်းကြတော့ ရှောင်းကျန့်သိပ်ပင်ပန်းတယ်။

မချစ်မနှစ်သပ်သူနှင့်နေ့စဉ်တွေ့မြင်နေရလို့ ၊
သူ့အတွက်ကိုယ့်စိတ်နဲ့ခန္ဓာကိုပါပေးဆပ်ထားရလို့လားဆိုရင်တော့...
မဟုပ်ဘူး ၊ချစ်ရသူရဲ့လျစ်လျူရှုခြင်းကိုခံရတာကဒီဒုက္ခတွေထက်ပိုခံရခက်တယ်ဆိုတာ မင်းချစ်ဖူးတဲ့တစ်နေ့သိလာမှာပါလို့သူပြောလိမ့်မယ်....

ရှောင်းကျန့်နောက်ဆုံးနှစ်မတက်ရသေးခင်မှာပဲလက်ထပ်လိုက်တယ် ။

သူတို့လက်ထပ်ပီးထဲက ဝမ်ရိပေါ်ကသူ့အ‌ပေါ်သိပ်နိုင်ပါသည် ။
ရှောင်းကျန့်ကတော့ပြောလိမ့်မည် သူချစ်ရတဲ့လူစိတ်ချမ်းသာဖို့အတွက်လို့ပေါ့ ၊ဒါပေမယ့်ဒါဟာ နှစ်ယောက်လုံးအတွက်အဆင်မပြေနေမှန်းသူတို့လျစ်လျူရှုခဲ့ကြတယ် ။
ဒါဟာအကြီးမားဆုံးအမှားတစ်ခုပဲ....

ရှောင်းကျန့်ရဲ့အိမ်ထောင်သည်တစ်နေ့တာဟာ
ရိုးရှင်းပါသည် ။

လက်ထပ်ပြီးထဲက " မင်းကအိမ်ထောင်သည်ဖြစ်နေပြီကျောင်းတက်စရာမလိုတော့ဘူး "ဆိုတဲ့ချစ်ရသူရဲ့တစ်ချက်လွှတ်အမိန့်ကိုသူနာခံခဲ့သည်လေ ။
မာမားတို့ကိုတော့ သားကျောင်းမတက်ချင်တော့ပါဘူးဆိုပီးဂျီကျရုံပေါ့ လွယ်တော့မလွယ်ခဲ့ပါဘူး ။

ခုဆိုသူတို့အိမ်ထောင်သက်တမ်းသုံးလပြည့်ပီးပီ
မနက်ဆိုရှောင်းကျန့်ကစောစောထတယ် ၊
အိမ်အကူအဒေါ်ကြီးကိုကူပေးတယ် ပီးရင်ရိပေါ်အလုပ်သွားဖို့ ရေချိုးဖို့ကအစ ဖိနပ်အဆုံးသူအကုန်လုပ်ပေးတယ် ။နေ့လည်စာစားချိန်ဆိုရင်အလုပ်ကိုထမင်းဗူးပို့ပေးတယ် အချိန်တွေအကြာကြီးဖြစ်တည်လာခဲ့တဲ့ green tea ဗူးလေးကိုလဲ
မမေ့မလျော့ ။

𝐓𝐡𝐞 𝐩𝐚𝐬𝐭 𝐨𝐟 𝐝𝐢𝐚𝐫yWhere stories live. Discover now