Part 2

427 58 3
                                    

Tae Hyungဒီနေ့ အလုပ်ကိစ္စနဲ့
အပြင်သွားစရာရှိသည် သူ့Companyက
အဆင့်မြင့်ပြီးပူပန်စရာမရှိပေမယ့်
တကယ်လို့အရေးရယ် အကြောင်းရယ်ဆို
ယုံကြည်အားထားရမယ့် Partnerတစ်ယောက်တော့
ရှိသင့်သည် မဟုတ်လား

စုံစမ်းကြည့်တော့ Jeon Companyဆိုတဲ့
တစ်ခုက Company အသေးစားလေးဆိုပေမယ့်
တွေ့ရတဲ့ကြိုးစားမှုတွေရော CEOရဲ့လုပ်ပုံကိုင်ပုံတွေကပါ
သူသဘောကျနေတာကြောင့် ရွေးလိုက်ခြင်းပင်

သူက အသက်ငယ်ပေမယ့်ရင့်ကျက်ပါသည်
ငယ်ငယ်ကတည်းက မိဘတွေဆုံးသွားတာကြောင့်
ဦးလေးတွေအိမ်မှာ ကပ်နေရပြီးအောက်ခြေကနေ
စတင်လာရတာ‌ကြောင့် ထင်တာထက်ပိုခဲယဉ်းပြီး
မယုံကြည်နိုင်လောက်အောင် အောင်မြင်ခဲ့ပါတယ်

ဒါကြောင့် မနာလိုသူတွေတိုက်ခိုက်သူတွေက
ခပ်များများရယ်

သူသွားတော့ CEOဖြစ်တဲ့တစ်ယောက်နဲ့
ဘေးကမိန်းမလို့ ထင်ရတဲ့သူက
ပျူပျူငှာငှာ ကြိုဆိုရှာပါတယ်
အခုမှတွေ့ဘူးပြီး နွေးထွေးစွာဆက်ဆံတော့
၀မ်းသာမိသား

အလုပ်ကိစ္စဆွေးနွေးပြီး‌ရုံရှိသေး
အိမ်ပေါ်ထပ်ကပြေး‌ဆင်းလာတဲ့ ကလေးတစ်ယောက်
ချစ်ဖို့ကောင်းတယ် မဟုတ်ဘူး
ချစ်ဖို့ကောင်းတာထက်ပိုတယ်

သူ့ကိုတွေ့တော့ကြောင်အနေပြီး ပြီးမှ
ပြာပြာသလဲနှုတ်ဆက်တဲ့ ကလေး

"အမ်...အာညော်ဟာဆယ်ယို"

"အာညော်ဟာဆယ်ယို"

TaeHyungလည်း ပြန်နှုတ်ဆက်လိုက်တော့
ပြုံးပြလေရဲ့ ယုန်သွားလေးနဲ့

"ဒါဦးလေးသားပါ Jeon Jung Kookတဲ့
ဒါနဲ့သားက စားတော့မလို့လား"

"ဟုတ် အဲ မဟုတ်..ရပါတယ်
သားနောက်မှစားတော့မယ် သွားလိုက်..."

ခုနက အာပြဲနဲ့အော်လာပြီး
အခုမှ သူ့ကိုအားနာပြီးနောက်မှစားတော့မယ်
လုပ်နေတဲ့ ကောင်လေး

"မဟုတ်တာ တစ်ခါထဲစားလို့ရပါတယ်
ကျွန်တော့်ကို အားနာစရာမလိုပါဘူး"

"ဟုတ်..ဟုတ်ကဲ့"

"ကဲလာကြ ဒါဆိုစားကြတာပေါ့"

BABY BOYWhere stories live. Discover now