"လာလေ ..ကလေးတက်.."
"ဟို..ရပါတယ် Appaကလာခေါ်မှာ
ပြီးတော့အားနာစရာကြီး..""ကိုယ့်ကိုအားနာစရာမလိုပါဘူး အိမ်ရောက်
ရင် ဖုန်းဆက်လိုက်လေ ဟုတ်ပြီလား
တစ် တစ်.."လက်အမူအရာတွေရော ပါးစပ်ကပါ
အသံတွေထွက်ကာ ပြောနေတဲ့လူကြီးကြောင့် JungKookရယ်ချင်လာသည်။"ခစ်.. ဟုတ်"
JungKookမသိတာက သူထွက်သွားတဲ့
ရယ်သံသေးသေးလေးကို
အသည်းယားနေတဲ့ လူရှိတယ်ဆိုတာကိုပင်...TaeHyungလည်း သူဘာတွေလုပ်မိမှန်းမသိ
ထိုကလေးနဲ့တွေ့ကာမှ လူလည်း
ငပေါကြီးလုံးလုံးကိုဖြစ်လို့
သူ့အပြုအမူကြောင့် ထွက်လာတဲ့
ရယ်သံလေးကြောင့်
TaeHyungရင်တောင်ခုန်သွားသည်။ကားပေါ်ရောက်တော့လည်း ငြိမ်ငြိမ်မနေ
ဟိုဟာသွားကိုင်လိုက် ဒီဟာသွားကိုင်လိုက်နဲ့
တဝိုးဝိုးတဝါးဝါး လုပ်နေသည်။"ဝါးး မိုက်တယ်နော်
ဦးလေးကြီးကားက မွေးပျံ့လန်းဆန်းနေရောဘဲ
ပြီးတော့ တောက်ပနေတာ အိမ်ကကားက
အဲ့လိုမဟုတ်ဘူး Appaရဲ့ နှစ်ချို့နေတဲ့
Airconနဲ့ ""လေကလည်း လေမှုတ်စက်လောက်တောင်
မထွက်ဘူး ဟွာလေဖြည်းဖြည်း
မောင်းသာ့ အိုဝေးး ကောင်းကောင်းလေး
ဇိမ်ခံလိုက်ဦးမယ်"ပြောပြီး ဆရာကြီးစတိုင်နဲ့မျက်လုံးမှိတ်ပြီး
တိမ်တွေပေါ်မှာလို လုပ်နေသည်။
တကယ်မနိုင်တဲ့ ကလေး"ဟ ဟားဟားဟားဟား"
TaeHyung အသံထွက်ပြီးရယ်မိသည်။
"အွန့် ဘာလဲဟ ရူးနာလား"
JungKook စိတ်ထဲမှတွေးသည်။
"ထားပါလေ သူကအလုပ်လုပ်ပါများလို့
နေမှာ ကျွတ်ကျွတ်ကျွတ်.."တစ်ယောက်ထဲတွေးရင်း ခေါင်းတခါခါ
လည်ခါခါလုပ်နေပြန်သည်။
အချိန်တစ်ခုကြာတဲ့အထိကားကမထွက်
သေးတာကြောင့် JungKook
မျက်လုံးဖွင့်ကြည့်တော့ ဟိုလူကြီးက
သူ့ကို ပြုံးပြုံးကြီးကြည့်နေသည်။"အားး "
"အားးး"
JungKookကလည်း မျက်လုံးအဖွင့်
TaeHyungကလည်း ပြုံးပြုံးကြီးဆိုတော့
နှစ်ယောက်သား ထအော်ကြသည်
YOU ARE READING
BABY BOY
Fanfictionကျွန်တော် ခင်ဗျားကိုမချစ်ပါဘူးဆိုဗျာ~ Jeon Jung Kook မင်းမချစ်လည်း ကိုယ်ချစ်တယ်~ Kim Tae Hyung