အပိုင်း ၁

9.8K 210 18
                                    

Uni

လိမ္မာရေးခြားတို့ကမျက်နှာသေနဲ့သာနေ နေတာအမှန်ကသူ့ရှေ့မှာလာသမျှမိတ်ဆွေတွေနဲ့ဟီးလားထနေတဲ့သူကိုရိုက်သတ်ပြီးတစ်ခန်းမလုံးကိုမီးလောက်တိုက်သွင်းချင်နေတာဖြစ်သည်။

ဒီနေ့ကဒုတိယအကြိမ်မြောက်‌ နောက်အိမ်ထောင်အနေနဲ့
မေမေရှင်‌နှောင်းအလိမ္မာကသူနဲ့သွေးမတော်သားမစပ်ဘဲဖေဖေ့နေရာကိုလုယူမဲ့သူဦးမင်းနေခနှင့်တစ်နိုင်ငံလုံးမှာခမ်းခမ်းနားနားလက်ထပ်တဲ့နေ့

စကားတွေအများကြီးသိပ်မပြောတတ်တဲ့လိမ္မာရေးခြားကဖေဖေဆက်နိုင်ထူးခြားဆုံးတာ၁နှစ်တောင်မပြည့်သေးသည့်အတွက်သူ့မေမေရဲ့လက်ထပ်ပွဲကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပေမယ့်သူရရှိတာကမေမေ့ရဲ့လျစ်လျူရှုခြင်း

ကောင်းတယ်သိပ်ကိုကောင်းတယ်။
သူ့မေမေနဲ့ဖေဖေကတစ်‌ယောက်ကိုတစ်‌ယောက်သိပ်ချစ်ကြလို့ယူကြတာမဟုတ်ပေမဲ့တစ်ယောက်ကတစ်ယောက်ကိုသိပ်ချစ်လို့ဆေးခတ်ပြီးကိုယူခဲ့တာအစကဖေဖေဆက်နိုင်ထူးခြားကနောက်ပိုင်း‌ရေးကိုရလာတဲ့အချိန်မှာအဆင်ပြေလာမယ်လို့ထင်ပေမယ့်အလ်ဖာဆန်တဲ့သူ့မေမေရှင်နှောင်းအလိမ္မာကထင်သလိုမဟုတ်ခဲ့ပါဘူး။

အဲ့အစားအရင်လိုရန်တွေမဖြစ်တော့ဘဲစတင်လျစ်လျူရှုခဲ့ပါတော့သည်။ပိုဆိုးတာကညတွေဆိုကလပ်တက်သည်၊ လောင်းကစားလုပ်သည်၊အရက်‌သောက်သည်၊ဘီယာ‌သောက်သည်၊4ချသည်၊ပြီးရင်မိုးလင်းခါနီးမှပြန်ရောက်တယ်။အလုပ်အကြောင်းပြပြီးမိန်မငယ်လေးတွေနဲ့ပျော်ပါးတယ်။

ကြာတော့နှလုံးရောဂါအခံရှိတဲ့ဖေဖေကထိုသတင်းတွေကိုစုံစမ်းသိရှိပြီး
အဲ့ဒီစိတ်တွေနဲ့ပဲဆုံးသွားခဲ့သည်။အတင်းလုပ်ယူထားတဲ့အိမ်တောင်ရေးမို့သူ့မေမေကိုအပြစ်မမြင်ရက်ဒါပေမယ့်လွန့်တော့လွန်သည်မဟုတ်ပါလား။

မေမေ့ရဲ့အတွေးတွေကိုတော့သူလိုက်မမှီတော့ပါဘူး။မိန်မငယ်လေးတွေပဲကြိုက်ပါတယ်ဆိုပြီးတကယ်တမ်းထပ်ပြီးလက်ထပ်တော့ဦးမင်းနေခတဲ့ဘယ်လိုတွေလဲ။

အသက်၃၈ရှိပြီဖြစ်တဲ့သူ့မေမေဟာထင်ရာစိုင်းတတ်သည်။ဘာကိုမှဂရုမစိုက်ဘူးအ‌လေးမထားဘူးဆို‌ပေမယ့်သူ့ကိုတော့ချစ်ရှာသည်။သူ့ကလည်းသိပ်ကိုချစ်ပါသည်။မေမေ့ကိုလည်းချစ်သလိုဖေဖေ့ကိုလည်းချစ်သည်။

Mr.PoliteWhere stories live. Discover now