အပိုင်း ၁၀🔞🔞

2.2K 64 6
                                    

Uni

အဖြူရောင်ရှင်းသန့်နေတဲ့ဟော်ခန်းကြီးတစ်ခု၊ထိုအလယ်တွင်တုတ်ခိုင်‌နေသောသံကြိုးများနှင့်ခွေးများသကဲ့သို့လည်ပင်းနှင့်အဖြူရောင်နံရံတွင်တွဲချည်ထားသည့်လူတစ်စုလည်းရှိသည်။

"ဒါအကုန်ပဲလား"

"ဟုတ်ပါတယ်ခေါင်းဆောင်း"

ရေ၏အမေးကိုညာလက်ရုံးလှိုင်းကပြန်ဖြေလိုက်သည်။

"ရေနွေးပူနဲ့ပက်ပြီးနိုးလိုက်"

ရေးရဲ့အသံအဆုံးလှိုင်းကခေါင်းငြိမ့်ပြတော့ဘေးမှတပည့်များကချက်ချင်းအငွေ့တထောင်းထောင်းထနေသည့်အိုးများသယ်ကာထိုလူတွေပေါ်သို့လောင်းချလိုက်သည်။

"အားးးး အားးးး အားးးးး"

ရေးနွေးပူကြောင့်ထိုလူ၈ယောက်မှာမေ့ဆေးကြောင့်မေ့နေရာမှအသည်းအသန်ထကာကုန်းရုန်းအော်တော့သည်။

ရေးကထိုင်ခုံပေါ်ခြေချိတ်ပြီး‌နောက်မှီကာပျင်းတိပျင်းရွဲ့ထိုင်‌နေရာမှာရှည်လျားကာကြီးမားသွယ်လျသည့်လက်ညိုးကိုသူ့နီညိုရောင်သန်းသည့်နှုတ်ခမ်းနားကပ်လိုက်သည်။

"ရှူးးး"

ပြီးနောက်ဆက်ပြောသည်။

"နားညီးတယ်သူတို့လျာတွေကိုဖြတ်လိုက်မူးနိုးသွားမယ် အာ တစ်ယောက်တော့ချန်ထားလိုက်ငါနည်းနည်းမေးစရာရှိတယ်"

စကားအဆုံးတတိတိပြတ်ကျသွားသောရေးနွေးကြောင့်အသားနီရဲရဲလှန်နေကြသည့်လူ၈‌ယောက်ထဲမှ၇ယောက်၏လျှာများ၊သွေးများကလည်းကိုယ်ခန္ဓာပေါ်သို့တတောက်တောက်ကျနေသည်။

ထိုလူများကတဝူးဝူးတဝါးဝါးအော်ငိုကြသည်။

ကျန်တစ်ယောက်မှာတဆတ်ဆတ်တုန်ရီကာ‌ယောက်ျားတန်မဲ့မျက်ရည်များစီကျနေပြီကြောက်ကြောက်လန့်လန့်တုန်တုန်ရီရီဖြင့်စကားဆိုလာသည်။

"တောင်း...တောင်းပန်ပါတယ် မနှိပ်စက်ကြပါနဲ့တော့ ကျွန်တော်တို့ကိုချမ်းသာပေးပါ ခိုင်းလို့လုပ်ရတာပါ ကျွန်တော်တို့ခိုင်တဲ့သူကိုမသိပါဘူး သူ ...သူကအသံတုနဲ့လူလုံးထွက်မပြပဲ messageနဲ့မက်လောက်တဲ့ငွေတွေပေးပြီးခိုင်းလို့လုပ်မိတာပါ"

Mr.PoliteWhere stories live. Discover now