ပျော့ညံ့တယ်ဆိုတာ...

4 1 0
                                    

''ပျော့ညံ့တယ်ဆိုတာ ဘာကိုပြောတယ်လို့ထင်လဲ လီလီ ''

''ကိုယ့်စိတ်ကိုယ် အကျဥ်းချထားတတ်တာပေါ့
အကိုရာ ဥပမာ ပြောသင့်တဲ့စကားကိုတောင်မပြောနိုင်ကြတာတွေ၊ ရင်ထဲကခံစားချက်တွေကိုအမှန်အတိုင်းမပြောရဲကြတာ ၊ ကိုယ့်ကိုယ်ကိုယ်တောင်လိမ်ညာနေကြတာ ဒါတွေကပျော့ညံ့တာပဲမဟုတ်လား''

''ဒီလိုဆိုရင်အကိုတို့က အတွေးတူသလိုပဲ လီလီ''

'' တကယ်တော့အဲ့အရာက တကယ်ရိုးရှင်းတယ်အကိုရဲ့ စိတ်တိုချင်တို၊ပျော်ချင်ရင်ပျော်၊ဝမ်းနည်းချင်ရင်ဝမ်းနည်းပေါ့ ဘာလို့ ကိုယ့်အပေါ်ကိုယ်တောင်လိမ်ညာနေကြမှန်းမသိပါဘူး။ ကိုယ့်အပေါ်ကိုယ်တောင်မရိုးသားရင် ဘယ်လိုလုပ် သန်မာလာကြမလဲ''

''ဟုတ်တာပေါ့ လီလီ ငိုချင်ရင်ငိုချလိုက်လို့ရနေတာပဲဟာ ဘာလို့အတင်းမငိုတတ်ကြတဲ့လူလိုလုပ်နေကြတာလဲ မသိပါဘူးလီလီရယ်''

''ဘာပဲဖြစ်ဖြစ်လေ အကို အဲ့အထဲကျွန်တော်တို့နှစ်ယောက်မပါခဲ့တာ ကံကောင်းမှုပဲမဟုတ်လား ''

''ဟုတ်တာပေါ့ ကောင်မလေးရဲ့''

''စဥ်းစားမိတယ် တကယ်လို့ ကျွန်တော်တို့နှစ်ယောက်က တစ်​ယောက်အပေါ်တစ်ယောက်ခံစားချက်တွေကို မပြောနိုင်ခဲ့ရင် ခင်ဗျားပုခုံးပေါ်ကျွန်တော်မှီနေနိုင်မယ်မထင်ဘူး အကို၊
အကိုပျော့ညံ့မနေခဲ့တာ ကျေးဇူးတင်မိတယ်''

'' ဆက်ပြီးလည်းမှီထားပေးပါ ပြီးရင်ဘာမှမပြောပဲ အကိုနဲ့နေဝင်ချိန်ကိုအတူတူကြည့်ကြတာပေါ့''

#Laufeysam
#Cloud_9

LilyWhere stories live. Discover now