လူတွေက ယူတတ်သလိုပဲရကြတာ...

0 0 0
                                    

"လူတွေကယူတတ်သလိုပဲ ရကြတာအကို"

"ဘယ်လိုမျိုးလဲ လီလီ ပြောပါအုံး"

"အကို့အနေနဲ့ လူတစ်ယောက်ကို တစ်ခုခုပေးလိုက်ရင် ပစ္စည်းလေးတစ်ခုပဲဖြစ်နေစေပါအုံး အဲ့ပစ္စည်းလေးကိုရသွားမယ်ထင်လား"

" ရသွားမှာပဲလေဟုတ်တယ်မလား"

" အကိုမှားတယ်။ အကိုပေးတဲ့ပစ္စည်းကနှင်းဆီ
တပွင့် ဆိုပါအုံး ယူတဲ့လူက ချစ်ခြင်းမေတ္တာအနေနဲ့ ယူရင် အကိုပေးတဲ့အရာက နှင်းဆီတပွင့်ထက်ပိုတာပေါ့ အဲ့လိုမဟုတ်ပဲ နှင်းဆီကညိုးနေလို့ ဆူးတချောင်းလောက်ဖယ်မထားမိတာကို စူးသွားလို့စိတ်ပျက်သွားမယ် အဲ့အခါ နှင်းဆီအစားသူရလိုက်တာ အမုန်းတရားပေါ့ အကိုရာ"

"ဒါဆို လီလီအတွက် အကိုက နေကြာတပွင့်ပေးမယ်ဆိုရင်ကော"

"သေချာပေါက် ချစ်ခြင်းမေတ္တာပေါ့ ဘာလို့လဲဆို
လီလီနှင်းဆီအကြောင်းပြောနေတာတောင် အကိုက လီလီကြိုက်တဲ့ နေကြာကိုပေးမယ်ဆိုတာကြောင့်ပဲ''

"လီလီကလည်း အကို့ကိုပျော်ရွင်ခြင်းတွေပဲပေးတယ်ထင်ပါတယ်"

"လီလီပြောသလိုပေါ့အကို လီလီဘာပေးတယ်ဆိုတာထက် အကိုဘယ်လိုယူသလဲက ပိုအရေးပါတယ်။ ကံကြမ္မာက ကျွန်တော့်ဆီ အကို့ကိုပို့ခဲ့တယ်
ဘာသဘောနဲ့ပေးခဲ့လဲဆိုတာတော့ ကျွန်တော်မသိဘူး စိတ်လည်းမဝင်စားဘူး ဒါပေမယ့် အကို့ကြောင့်ပျော်ခဲ့တယ် ပျော်တယ် ဆက်ပြီးလဲပျော်ရမယ်လို့ထင်တယ်။ လီလီ အကို့ဆီက ချစ်ခြင်းမေတ္တာတွေပဲယူနေအုံးမှာပါ အကို..."
#Laufeysam
#Cloud_9

You've reached the end of published parts.

⏰ Last updated: Oct 03, 2021 ⏰

Add this story to your Library to get notified about new parts!

LilyWhere stories live. Discover now